ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
မေလကုန်နှင့် ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား
ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော ၁၆ ဦးပါ စံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက် နေ့က ဖွဲ့စည်းလိုက်သည်။
ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဥက္ကဋ္ဌ တာဝန်နှင့် ဒု-ဥက္ကဋ္ဌ အဖြစ် ဒု-ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းတို့ တာဝန် ယူထားကာ ကျန်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ ခရိုင်များမှ ဥပဒေ အရာရှိများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။
စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ သတင်းစာ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာတွင် “ရခိုင်ပြည်နယ်အတွင်း၌ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုး ရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုများ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုများ ……… ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး တို့အတွက်” ဟု ဖော်ပြပါရှိသည်။
ယင်းအဖွဲ့သည် မူခင်းဖြစ်ပွားရသည့် အကြောင်းအရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ရန် စည်းရုံး လှုံ့ဆော်မှုများ၊ အုပ်စုဖွဲ့ ကျူးလွန်သူများအား ဦးဆောင်သူများ၊ ပြစ်မှု ကျူးလွန်သူများ၊ အခင်းမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး နောက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်သွားမည်
ဖြစ်ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ဖြစ်ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့ပြင် စုံစမ်းစစ်ရေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် တင်ပြရမည် ဖြစ်ကြောင်း ပါရှိသည်။
၂၀၁၂ မေလနှင့် ဇွန်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိုဖြစ်ရပ်မှန် ဖော်ထုတ်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ဖွဲ့စည်းကြောင်း ဆိုထားသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာမှ ရခိုင်အမျိုးသမီး မသီတာထွေးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ ဒေသခံ ရခိုင်လူမျိုးများ လူမျိုးရေး အမျက်ဒေါသ ဖြစ်ပွားကာ ခရီးသွား အစ္စလာမ် ဘာသာဝင် ၁၀ ဦးအား တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့က သတ်ဖြတ်မှု ထပ်မံ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘဂါင်္လီစန္ဒီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့-
၁။ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် (ဒု-ဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန)
၂။ ဒု-ဥက္ကဋ္ဌ ရဲမှူးချုပ်ဇော်ဝင်း (ဒု-ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့)
၃။ အဖွဲ့ဝင် ဦးစံရွှေမောင် (ပြည်နယ်ဥပဒေအရာရှိ၊ ရခိုင်ပြည်နယ်)
၄။ အဖွဲ့ဝင် ရဲမှူးကြီးမျိုးဆွေဝင်း (ပြည်နယ်ရဲတပ်ဖွဲ့မှူး ရခိုင်ပြည်နယ်)
၅။ အဖွဲ့ဝင် ဦးကျော်ခင် (ညွန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး)
၆။ အဖွဲ့ဝင် ဦးအောင်မျိုးကျော် (ဒု-ညွန်ကြားရေးမှူး ရခိုင်ပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန)။
၇။ အဖွဲ့ဝင် ဦးလင်းကိုကို (ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင်)
၈။ အဖွဲ့ဝင် ဦးရန်လင်းအောင် (ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူခရိုင်)
၉။ အဖွဲ့ဝင် ဦးဦးထွန်းဝေ (ခရိုင်အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင်)
၁၀။ အဖွဲ့ဝင် ဒု-ရဲမှူးကြီးဆန်းလွင် (ခရိုင်ရဲတပ်ဖွဲ့မှူး ၊ စစ်တွေခရိုင်)
၁၁။ အဖွဲ့ဝင် ဒု-ရဲမှူးကြီး စံရွှေမောင် (ခရိုင်ရဲမှူး၊ ကျောက်ဖြူခရိုင်)
၁၂။ အဖွဲ့ဝင် ဒု- ရဲမှူးကြီးကျော်တင့် (ခရိုင်ရဲတပ်ဖွဲ့မှူး၊ သံတွဲခရိုင်)
၁၃။ အဖွဲ့ဝင် ဦးခင်မောင်လှ (ခရိုင်ဥပဒေအရာရှိ စစ်တွေခရိုင်)
၁၄။ အဖွဲ့ဝင် ဦးစောမြ (ခရိုင်ဥပဒေအရာရှိ၊ ကျောက်ဖြူခရိုင်)
၁၅။ အဖွဲ့ဝင် ဒေါ်လှကြည် (ခရိုင်ဥပဒေအရာရှိ၊ သံတွဲခရိုင်)
၁၆။ အဖွဲ့ဝင် ဦးဇော်သိန်း (ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်)