မုံရွာ ခရိုင် ဆားလင်းကြီး လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း လယ်သိမ်း ခံရတဲ့ ပြည်သူ တွေကို ကူညီ နေသူတွေကို ဖမ်းဖို့ ဆည်တဲ ရွာကို လုံထိန်းတွေ ဝိုင်း ထားတယ် လို့ သိရပါတယ်။
လယ်သမား အရေး ကူနေတဲ့ ရန်ကုန်က ကိုဝေဠုကို သြဂုတ် ၃၁ ရက်က ဖမ်းပြီးနောက် ကျန်တဲ့သူတွေ ဖမ်းဖို့ ဝိုင်းတာ ဖြစ်ပါတယ်။
အဓမ္မ လယ်သိမ်းမှု ဆန္ဒပြ (ဓာတ်ပုံ- အထက် ဗမာပြည် ဗကသ) |
ရွာသားတွေ ကလဲ ရွာကို ရဲတွေ ဝင်လာရင် ခုခံဖို့ ပြင်ထားတယ် လို့ သိရပါတယ်။
လယ်သမား အရေး ကူညီဖို့ ရောက်နေတဲ့ ဗကသ ကျောင်းသား လူငယ်တွေ လာထဲက အရပ်ဝတ် ရဲက နောက်က ကပ်လိုက် နေတယ်လို့ အထက်ဗမာပြည် ဗကသ အမှုဆောင် ကိုမိုးထက်နေက ဆိုပါတယ်။
ရွာကလူတွေမှာ လုပ်ကိုင်စားစရာ မရှိတော့ဘဲ အများ စိတ်ဝင်စား ကူညီမှုလဲ မခံရလို့ ရေရှည်မှာ ပိုဒုက္ခ ရောက်လိမ့်မယ် လို့လဲ သိရပါတယ်။
၂ဝ၁ဝ ထဲက လယ်ဧက ခုနစ်ထောင် ကျော် တရုတ် ကုမ္ပဏီက သိမ်းထားတာမို့ ဇွန်လ ထဲက ဆန္ဒ ပြနေကြတာ ဖြစ်ပါတယ်။