ရေပို့ပိုက်မကြီး ပေါက်သွား၍ မြို့နယ် ၁၄ ခုအား

ရေပို့ပိုက်မကြီး ပေါက်သွား၍ မြို့နယ် ၁၄ ခုအား ရေပေးဝေမှု (၃) ရက်ကြာ ရေ ဖြတ်တောက်မည်


လှော်ကားကန်မှ ရန်ကုန်မြို့ တွင်းသို့ ရေပေးဝေလျက်ရှိသော အချင်း ၆၆ လက်မရှိသော ရေပို့ပိုက်မကြီး ပေါက်သွား သောကြောင့် ပိုက်လိုင်းပြုပြင်နေစဉ် ကာလအတွင်း အဓိကမြို့နယ် ၁၄ ခုအား ရေပေးဝေမှု သုံးရက်ကြာ ဖြတ် တောက် ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြို့နယ် ၁၄ ခုကို စက်တင် ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရေဖြတ်တောက် မည်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပုံမှန်အတိုင်း ရေပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

''လှော်ကားကန်က မြို့တွင်းကို ရေပေးဝေတဲ့ အချင်း ၆၆ လက်မရှိတဲ့ ရေပို့ပိုက်မကြီး လှော်ကားနားမှာ ပေါက်သွားတာနေရောညရော ပြုပြင်နေပါတယ်။

ဒါကြောင့် ပိုက်လိုင်းပြုပြင်နေစဉ် ကာအတွင်းမှာ အဓိက မြို့နယ် ၁၄ ခုကို ရေသုံးရက်ကြာ ဖြတ်တောက် ထားမယ်။ ကျန်ရှိတဲ့ မြို့နယ်တွေကိုတော့ ပုံမှန်အတိုင်းရေပေးနေမှာပါ။

ပိုက်လိုင်းပြင်တာကို ၁၆ ရက်နေ့ နောက်ဆုံး အပြီးသတ်မှတ်ပြီး ၁၇ ရက်နေ့မှာတော့ ပုံမှန်အတိုင်းရေ ပြန်လည်ပေးဝေသွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

ရေဖြတ်ထောက်ထားမည့် မြို့နယ် ၁၄ ခုမှာ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားနှင့် သာကေတမြို့နယ်တို့ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ရေပေးဝေနေသော အဆိုပါရေပို့ ပိုက်မကြီးသည် ရွှေပြည်သာအဝင် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားခဲ့သောကြောင့် ယင်းပိုက်လိုင်း နှင့်ဆက်စပ်မြို့နယ်

များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာစသော မြို့နယ်များတွင် ရေပေးဝေမှုသုံး ရက်ခန့် ဖြတ်တောက်ထားခဲ့ သည်ဟု သိရသည်။

Elevn Media Group

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection