ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်အစီအစဉ် ထုတ်ပြန်ချက်

ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ မြင့်မည့် အမေရိက ခရီးစဉ်အစီအစဉ် ထုတ်ပြန်ချက် ထွက်ပေါ်လာ သော်လည်းအမေရိကန်သမ္မတ ဘားရတ်အိုဘားမားနှင့်တွေ့ဆုံခြင်း ပြု၊ မပြုကို နှစ်ဖက်စလုံးမှ ထုတ်ပြန် ထားခြင်း မရှိပေ။
အိုဘားမားသည် ၂၀၁၂ အမေရိကန်သမ္မတ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်လျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ရန် အစီအစဉ် ရှိ၊ မရှိကို အမေရိကန် အစိုးရ ဘက်မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန် ထားခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက် တွင် အမေရိကန်နိုင်ငံသို့ စတင် ထွက်ခွာမည်ဖြစ်ပြီး Asia Society Global Award ဆုကို ဝါရှင်တန် ဒီစီ၌ လက်ခံမည်ဖြစ်ကာ အမေရိကန်ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲ၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာစင်သီယာမောင်၊ ဦးအောင်ဒင်တို့အား NED က ချီးမြှင့်သည့် ဆုပေးပွဲ၊ နယူးယောက်မြို့တွင် ကျင်းပမည့် Atlantic Council Global Citizen Award ဆုချီးမြှင့်ပွဲများသို့ တက်ရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် Atlantic Council Global Citizen Award ဆုကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်တစ်ဦးအဖြစ် ထင်ရှားခဲ့သည့် နိုဗယ်ဆုရှင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား၊ ဂျပန်နိုင်ငံ၏ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဟောင်း စဒကို အိုဂတ တို့နှင့်အတူ ချီးမြှင့်ခံရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် Lousiville တက္ကသိုလ်၊ ယေးလ်တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်တို့ကိုလည်း သွားရောက်မည်ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့ရှိ Freedom Forum သို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု ခရီးစဉ်တွင် နယူးယောက်၊ Fort Wayne၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန် ဂျလိ(စ်)မြို့တို့ရှိ မြန်မာမိသားစုများနှင့်လည်းတွေ့ဆုံမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection