Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S3 စမာ့တ်ဖုန်း
Samsung ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ် လိုက်တဲ့၊ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမာ့တ်ဖုန်းလို့ ပြောနိုင်မယ့် Galaxy S3 ဖုန်း အမျိုးအစား မေလ ၃၀ ရက်နေ့မှာ ဗြိတိန်နိုင်ငံ ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Samsung လက်ကိုင်ဖုန်း ထုတ်လုပ်မှု အပိုင်း ဥက္ကဌက Galaxy S3 အကြောင်း ရှင်းလင်း
Samsung ကုမ္ပဏီဟာ စမာ့တ်ဖုန်း ထုတ်လုပ်တဲ့ Apple ကုမ္ပဏီကို စိန်ခေါ်နေတဲ့ နာမည်ကျော် တောင်ကိုးရီးယား ကုမ္ပဏီတခု ဖြစ်ပါတယ်။
တချို့ တွက်ဆချက်တွေ အရတော့ Samsung ဟာ ကမ္ဘာ့ပေါ်မှာ စမာ့တ်ဖုန်း ထုတ်လုပ်မှု အကြီးမားဆုံး ဖြစ်တယ်လို့ ပြောပေမယ့် ဒါဟာ အငြင်းပွားဖွယ် ဖြစ်နေပါသေးတယ်။
အခြေခံအားဖြစ်တော့ ဒါဟာ မှန်ကန်ပါတယ်။ တကယ်တန်းတော့ Apple ကုမ္ပဏီ ကနေ ထုတ်လုပ်တဲ့ လက်ကိုင်ဖုန်းနဲ့ လက်ကိုင်ကွန်ပြူတာ ပစ္စည်းအများစုရဲ့ အတွင်းပိုင်းမှာ Samsung ထုတ် ပစ္စည်းတွေကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
မကြာသေးခင် နှစ်များအတွင်းကတော့ ပြိုင်ဖက် ကုမ္ပဏီ အများအပြားကြောင့် Samsung နဲ့ Apple တို့ရဲ့ ရောင်းအားကို တုံ့ဆိုင်းသွားစေ ခဲ့ပါတယ်။ အဲဒီ ပြိုင်ဖက်တွေကတော့ Nokia, Sony နဲ့ HTC တို့ ဖြစ်ကြပါတယ်။
ဒါပေမယ့်လည်း သူတို့တတွေဟာ လျင်လျင်မြန်မြန် တီထွင် ကြံဆနိုင်မှု မရှိပဲ တခဏသာ အောင်မြင်တာကို တွေ့ရပါတယ်။
Samsung ကုမ္ပဏီကတော့ ဒီလိုမဟုတ်ပါ၊ ကုမ္ပဏီ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းသမားတွေဟာ သူတို့ကုမ္ပဏီ အရှိန်ကောင်းကောင်းနဲ့ အောင်မြင်နေ ပေမယ့်လည်း ဆက်လက် တီထွက်ကြံဆနေခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ Galaxy S3 ကို ထုတ်လုပ်နိုင်ခဲ့ပြီး အင်မတန် ရောင်းအား ကောင်းတဲ့ Apple ကိုကျော်တက်ပြီး စမာ့တ်ဖုန်း ဈေးကွက် ရှေ့ဆုံး မျက်နှာစာကို ရောက်ရှိစေ ခဲ့ပြီ ဖြစ်ပါတယ်။
ဖုန်းအနေအထား
လက်ကိုင်ဖုန်းတွေအတွက် အခုအချိန်အထိ အမြန်ဆုံးလို့ ပြောနိုင်တဲ့ quad core processor ကို အသုံးပြုထား
မျက်နှာပြင် screen အရွယ်အစား ၄ ဒဿမ ၈ ရှိပြီး၊ ပါးပါးလေးသာရှိတဲ့ ဒီ Galaxy S3 ဟာ လက်ထဲမှာ ကိုင်ထားရတာလဲ အဆင်ပြေမှု ရှိမှာ ဖြစ်ပါတယ်။ အလေးချိန်ကလည်း အံ့သြ လောက်ရ အောင်ကို ပေါ့ပါးပြီး ၁၃၃ ဂရမ်သာ ရှိမှာ ဖြစ်ပါတယ်။
လက်ကိုင်ဖုန်းတွေအတွက် အခုအချိန်အထိ အမြန်ဆုံးလို့ ပြောနိုင်တဲ့ quad core processor ကို အသုံးပြုထားပြီး processor နှုန်းကတော့ 1.4 GHz ရှိပါတယ်။
မျက်နှာပြင် screen အရွယ်အစား ၄ ဒဿမ ၈ ရှိပြီး၊ ပါးပါးလေးသာရှိတဲ့ ဒီ Galaxy S3 ဟာ လက်ထဲမှာ ကိုင်ထားရတာလဲ အဆင်ပြေမှု ရှိမှာ ဖြစ်ပါတယ်။ အလေးချိန်က လည်း အံ့သြလောက်ရအောင်ကို ပေါ့ပါးပြီး ၁၃၃ ဂရမ်သာ ရှိမှာ ဖြစ်ပါတယ်။
ဘာတွေထူးခြားလာမလဲ
ဒါ့အပြင် တခြား ထူးခြားလွယ်ကူတဲ့ နည်းပညာတွေကို application တွေနဲ့ အတူ တွဲဖက် ထည့်သွင်း အသုံးပြုထားပါတယ်။
ဥပမာအားဖြင့် ပြောရရင် ဖုန်းထဲကိုကြည့်ပြီး စာဖတ်နေတဲ့ အချိန်မှာ၊ ဖုန်းရဲ့အတွင်းဖက် ကင်မရာကနေ စာဖတ်နေသူရဲ့ မျက်စိကို အကဲခတ်နေပြီး၊ စာဖတ်နေတယ် ဆိုတာ ဟုတ်မဟုတ် ဖုန်းက သိရှိ နိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ စာဖတ်နေတယ်ဆိုရင်တော့ ဖုန်းနောက်ခံမီးကို စာဖတ်နေတဲ့ အချိန်အထိ ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။ စားဖတ်ပြီးသွားရင်တော့ ဖုန်းနောက်ခံမီးဟာ အလိုလျောက် sleep mode ကို ရောက်ရှိသွားပြီး မှိန်ကျသွားမှာ ဖြစ်ပါတယ်။
ဒါအပြင် အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်မှုတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တာ အပါအဝင် တခြားသော application တွေ အတွက် အင်္ဂလိပ်လို ပြောလိုက်ရုံနဲ့ အဲဒီ application တွေအတွက် အသုံးပြုဖို့ အသင့်အနေအထားရောက်ရှိနေမှာ ဖြစ်ပါတယ်။