Elite Tech အနေဖြင့် ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာအဖြစ် ၀င်ရောက်လျှောက်ထားမည်

Telecommunication နယ်ပယ်၌ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည့် Elite Tech IT Services ကုမ္ပဏီ သည် ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာအဖြစ် ၀င်ရောက်လျှေက်ထားရန် အစီအစဉ်ရှိသည်ဟု အဆိုပါ ကုမ္ပဏီမှ ဦးစိုင်းခင်မောင်အေးကပြောသည်။ ““လျှောက်လို့မှမရသေးတာ။ လျှောက်လို့ရတဲ့အခါ ၀င်လျှောက်မှာပေါ့””ဟု ဦးစိုင်းခင်မောင်အေးကဆိုသည်။
ဆက်သွယ်ရေး၊   စာတိုက်နှင့် ကြေးနန်း        ၀န်ကြီးဌာနသည် ၎င်းတို့ ၏ ဆက်သွယ်ရေး ကဏ္ဍ အတွက်  အော်ပရေတာ လေးခုထားရှိမည်ဟု သြဂုတ်လ အတွင်းက ကြေညာခဲ့သည့်နောက်ပိုင်း Elite Tech အနေဖြင့် အော်ပရေတာအဖြစ်၀င်ရောက်လျှောက်ထားရန် စီစဉ်လာ ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍအတွက် အော်ပရေတာများရွေးချယ်ရာတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အသွင်ပြောင်းလဲဖွဲ့စည်းထားသည့် ဆက်သွယ် ရေးကော်ပိုရေးရှင်းနှင့် ရတနာပုံတယ်လီပို့မှ အသစ်ထပ်မံ ဖွဲ့စည်းထား သည့်ရတနာပုံတယ်လီကွန်းကုမ္ပဏီတို့ အော်ပရေတာအ ဖြစ်ခန့်အပ်ပြီးဖြစ်ကြောင်းသိရသည်။ ကျန်ရှိနေ သေးသည့် အော်ပရေတာနှစ်ခုကိုမူ အကြံပေးအဖွဲ့များရွေးချယ်ပြီးစီးသည်နှင့် တင်ဒါခေါ် ယူမှု များပြု လုပ်သွားမည်ဟု စက်တင်ဘာလအတွင်းပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ၌ တာ၀န်ရှိသူတို့ကပြောကြားခဲ့သည်။ ““ရွေးချယ်တဲ့အခါ မျှတမှုရှိပါမယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ တင်ဒါ စနစ်တွေနဲ့ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ သူနဲ့သိလို့ သူ့ကိုပဲ ပေးတာမျိုးမဟုတ်ရပါဘူး။ တကယ် လုပ်နိုင် ကိုင်နိုင်တဲ့ သူကိုပဲရွေးချယ် ပေးသွားမှာပါ””ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာ၀န် ရှိသူ တစ်ဦးက ပြောသည်။ ဆက်သွယ်ရေးအော်ပရေတာ အဖြစ်လုပ်ကိုင်ဆောင်ရွက်ကြမည့် ကုမ္ပဏီလေးခု တို့သည် မိုဘိုင်း၀န်ဆောင်မှုလုပ်ငန်းများ၊ အင်တာနက်၀န်ဆောင်မှုလုပ်ငန်းများ၊ အိုင်တီ ၀န်ဆောင်မှု လုပ်ငန်း များနှင့် PSTN လုပ်ငန်းများကို အချင်းချင်းယှဉ် ပြိုင်လုပ်ကိုင်ရမည်ဟု ဆက်သွယ်ရေး Reform Plan အရသိရသည်။ ဆက်သွယ်ရေးလုပ်ငန်းသည် မည်သည့်အခါမှ အရှုံးမရှိခဲ့သည့် လုပ်ငန်း တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ၀င်ရောက် လုပ်ကိုင်ရန် စိတ်အားထက်သန် လှသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း၀န်ကြီးဌာနမှ အကြီး အကဲတစ်ဦး ကပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection