မုန်တိုင်း​အကြွင်း​အကျန် တိမ်တိုက်များ​ကြောင့်​ မိုး​ကောင်း​ဦး​မည်


မုန်တိုင်း​အကြွင်း​အကျန် တိမ်တိုက်များ​ကြောင့်​ မိုး​ကောင်း​ဦး​မည်

ဦး​ချစ်​ကျော်-လက်​ထောက်ညွှန်မှူး​၊​ မိုး​-ဇလ နှင့်​ ​မေး​မြန်း​ချက်

မ​နေ့​က မုန်တိုင်း​အကြွင်း​အကျန်က အခုဘယ်မှာ ဘယ်လိုပျက်ပြယ်ပြီး​ စုဖွဲ့​နေပါလဲ။ ​နောက်ဆုံး​အ​ခြေအ​နေလည်း​ သိပါရ​စေဆရာ။

“​နောက်ဆုံး​အ​ခြေအ​နေက​တော့​ မုန်တိုင်း​က​တော့​ ချင်း​ပြည်နယ်နဲ့​ မ​ကွေး​တိုင်း​ကို​ရောက်ပြီး​တော့​ ပျံ့​သွား​ပြီ​ပေါ့​။ သို့​သော် တိမ်အကြွင်း​အကျန်​တော့​ ရှိ​သေး​တယ်။ ရခိုင်ကမ်း​ရိုး​တန်း​ပေါ်မှာ​တော့​ မုန်တိုင်း​က​နေ ပြတ်ကျန်​နေခဲ့​တဲ့​ အကြွင်း​အကျန် တိမ်တိုက်​တွေ​တော့​ ရှိ​သေး​တယ်။”

ဒါဆို ဘယ်​ဒေသ​တွေမှာ မိုး​လေဝသဖြစ်စဉ်​တွေ ထူး​ထူး​ခြား​ခြား​ ဘယ်လိုများ​ ကြုံရနိုင်လဲ။

“မိုး​တော့​ကြီး​တယ်။ မုန်တိ်ုင်း​က​တော့​ ကုန်း​တွင်း​ကို ​ရောက်သွား​ပြီဆိုရင် အန္တရာယ်မရှိ​တော့​ပါဘူး​။ မိုး​များ​ပြီး​တော့​ ​ရေလျှံတာ​တွေ​တော့​ ဖြစ်တတ်တယ်။ အလယ်ပိုင်း​ဒေသ​တွေဖြစ်တဲ့​ မန္တ​လေး​တိုင်း​နဲ့​ မ​ကွေး​တိုင်း​တွေမှာ မိုး​တော်​တော်​လေး​ ရွာလိုက်တယ်။ အကြွင်း​အကျန် တိမ်တိုက်​တွေ​ကြောင့်​ မိုး​ ၁ ရက် ၂ ရက်​တော့​ ဆက်ရွာနိုင်တယ်။ အကြွင်း​အကျန် တိမ်တိုက်​တွေကလည်း​ မိုး​ရွာချလိုက်ပြီဆိုရင် သူလည်း​ တဖြည်း​ဖြည်း​နဲ့​ ပါး​ပြီး​ ရာသီဥတုအ​ခြေအ​နေဟာ ပုံမှန် ပြန်​ရောက်သွား​မှာပါ။”

ဒီ​နေ့​ကြား​တဲ့​ သတင်း​တွေအရ မ​ကွေး​တိုင်း​ ​ချောက်တဖက်ကမ်း​ ဆိပ်ဖြူတို့​ ဆင်ဖြူကျွန်း​တို့​ဘက်မှာ သဲ​ချောင်း​တွေ စီး​ပြီး​တော့​ တချို့​ရွာ​တွေ​တောင် ​မျောပါသွား​တယ်လို့​ ကြား​ပါတယ်။ ဒါဟာ မုန်တိုင်း​အကြွင်း​အကျန်​ကြောင့်​ပါပဲလား​။

“ဟုတ်တယ်။ မိုး​က တအား​များ​သွား​တာလည်း​ပါတယ်။ ခုနက ​နေရာ​တွေက မိုး​နည်း​ဒေသ​တွေဆို​တော့​ မုန်တိုင်း​အကြွင်း​အကျန် တိမ်တိုက်​တွေက အခု ဒီ ၁ ရက် ၂ ရက်အတွင်း​ ကြည့်​ရင် မုန်တိ်ုင်း​တွေဟာ ကမ်း​ဖြတ်ပြီး​တော့​ဝင်ရင် ချက်ချင်း​ ပျက်မသွား​ဘူး​။ ကမ်း​နား​မှာ အနည်း​ဆုံး​ ၁၈ နာရီ​လောက်​နေတာ ​တွေ့​ရတယ်။ အဲ့​အ​တောအတွင်း​မှာ မိုး​တွေရွာချတယ်။ အရင်မုန်တိုင်း​တွေနဲ့​ စာရင် ​ပြောင်း​လဲလာတဲ့​ လက္ခဏာကို ​တွေ့​ရတယ်။”

သိပ်မကြာခင် ​အောက်တိုဘာ ၂၃ ရက်​လောက်မှာလည်း​ ​နောက်မုန်တိုင်း​တလုံး​ ဖြစ်နိုင်တယ်လို့​ ကြား​ပါတယ်။ ဒါ​ရောဖြစ်နိုင်​ခြေ ရှိပါလား​။

“မဖြစ်နိုင်ဘူး​လို့​ ကျ​နော်​တော့​ သုံး​သပ်ပါတယ်။ ​လေ​တွေက​တော့​ ဖြစ်​နေတယ်။ ဒါ​ပေမယ့်​ ဘင်္ဂလား​ပင်လယ်​အော်ထဲမှာ​တော့​ မဟုတ်ဘူး​ဗျ။ အိန္ဒိယသမုဒ္ဒရာထဲမှာပဲ ရှိ​နေမှာပဲ။ ကိုယ့်​အတွက် အန္တရာယ်ရှိမယ့်​ ဘင်္ဂလား​ပင်လယ်​အော်ထဲမှာ ဖြစ်​နေတာ​တွေကိုပဲ ခန့်​မှန်း​ချက်​တွေ သုံး​သပ်ချက်​တွေ လုပ်ရတာ​ပေါ့​။”

မ​နေ့​က မုန်တိုင်း​နဲ့​ ပတ်သက်ပြီး​ ဆရာတို့​ သတင်း​ထုတ်ပြန်ချက်နဲ့​ အခု ပြန်ကြား​ရတဲ့​သတင်း​တွေအရဆိုရင် ပြည်သူ​တွေကို အချိန်မီ သတိ​ပေး​လိုက်နိုင်တယ်လို့​ သုံး​သပ်လို့​ရလား​။ ဘယ်လိုသုံး​သပ်မိလဲဗျ။

“မုန်တိုင်း​ငယ်မဖြစ်မီ ၁၈ ရက်​နေ့​ ည​နေကတည်း​က​ပေါ့​။ တကယ်ဆိုရင် မုန်တိ်ုင်း​ငယ်ဖြစ်မှ ထုတ်ရမယ့်​ သတိ​ပေး​ချက်မျိုး​ကို ကျ​နော်တို့​ ထုတ်လိုက်တယ်။ ဘာလဲဆိုရင် မိုင် ၄၀၊​ ၅၀ ​လောက်တိုက်နိုင်တယ်။ ပင်လယ်ပြင်မှာ လှိုင်း​ကြီး​မယ် ဆိုပြီး​ထုတ်လိုက်တယ်။ ဒီသတင်း​ကိုရတဲ့​ ပင်လယ်ပြင်ငါး​ဖမ်း​လှေ​တွေဟာ အကုန်လုံး​ ကမ်း​ပြန်ဝင်လာကြတယ်။ ဒါ​ကြောင့်​ အခု ဖြစ်တဲ့​မုန်တိုင်း​နဲ့​ ပတ်သက်ပြီး​ ​လှေ​တွေနစ်မြုပ်တဲ့​ သတင်း​တွေ ခုထိ​တော့​ မကြား​သေး​ဘူး​ပေါ့​။ လူအ​သေအ​ပျောက်သတင်း​လည်း​ မကြား​သေး​ဘူး​။ ကြီး​ကြီး​မား​မား​ ပျက်စီး​ထိခိုက်တယ်ဆိုတာလည်း​ မကြား​သေး​ဘူး​။ ညကမှ မုန်တိုင်း​ပြီး​တာဆို​တော့​ မနက်ထိ စာရင်း​မ​ကောက်ရ​သေး​တာလည်း​ ရှိ​ကောင်း​ရှိမှာ​ပေါ့​။ အခုထိ​တော့​ မကြား​သေး​ဘူး​ပေါ့​။ ကျ​နော်တို့​လည်း​ အချိန်နဲ့​ တ​ပြေး​ညီ မုန်တိုင်း​တခုရဲ့​ အဆင့်​တွေ ဘယ်ကို​ရောက်​နေပြီဆိုတာမျိုး​ ထုတ်ပြန်တဲ့​အခါမှာ မြန်မာ- အိန္ဒိယ- ဘင်္ဂလား​ဒေ့​ရှ်​ပေါ့​နော်။ သူတို့​နဲ့​ တ​ပြေး​ညီ လိုက်လံ​ဆောင်ရွက်နိုင်ခဲ့​တယ်။ ပြည်သူလူထုဘက်ကလည်း​ သူတို့​ မုန်တိ်ုင်း​သတင်း​ကို ဖုန်း​နဲ့​ဆက်​မေး​ပြီး​တော့​ သိတယ်။ သတိ​ပေး​ထုတ်ပြန်ချက်​တွေအရသိတယ်။ ​ရေဒီယိုက​နေလည်း​ ကျ​နော့်​အင်တာဗျူး​မှာ အဆင့်​တိုင်း​ အဆင့်​တိုင်း​ကို ​ပြောပြခဲ့​တယ်။ မြန်မာ့​အသံ​ရေဒီယို၊​ FM​ရေဒီယို​တွေက​နေ တနာရီမှာ ၂ ကြိမ်၊​ ၃ ကြိမ်ခန့်​ မုန်တိုင်း​သတင်း​ ကျ​နော်နဲ့​ အင်တာဗျူး​လုပ်တာ​တွေလည်း​ ထုတ်လွှင့်​ပေး​ခဲ့​တယ်။ ထိ​ရောက်မှုရှိမယ်လို့​ ထင်ပါတယ်။ ပြင်ဆင်​ရှောင်ရှား​နိုင်ကြမယ်လို့​ ထင်ပါတယ်။”

စစ်​တွေမှာ မိုး​မရွာ ​လေမတိုက်​တော့​- စစ်​တွေ​ဒေသခံကို ​မေး​မြန်း​ချက်

၂၀ ရက်​နေ့​ မြန်မာစံ​တော်ချိန် ၉ နာရီခွဲ

အခု မနက် မြန်မာစံ​တော်ချိန်ကိုး​နာရီခွဲမှာ စစ်​တွေမြိ်ု့​အ​ခြေအ​နေ ​ပြောပြပါလား​။

ခု​တော့​ ဘာမှမဟုတ််​တော့​သလိုပဲ ဘာမှမရှိ​တော့​ပါဘူး​။ မိုး​လည်း​မရှိ​တော့​ဘူး​။ ​လေလည်း​မရှိ​တော့​ဘူး​။ ​နေ​တောင် နည်း​နည်း​ပွင့်​ချင်​နေပါပြီ။

အံ့​ၾသဖို့​ကောင်း​လောက်​အောင် ဖြစ်သွား​တယ်။ မ​နေ့​က အရမ်း​ဆိုး​တယ်။

မ​နေ့​တုန်း​က အ​ခြေအ​နေ​လေး​ကို မနက်ပိုင်း​ကစလို့​ အကြမ်း​ဖျဉ်း​ပြောပြပါလား​။

မ​နေ့​ မနက်က​တော့​ မိုး​တအား​ရွာတယ်။ ​လေကလည်း​ တအား​တိုက်တယ်ဗျာ။ ​လေတိုက်နှုန်း​ ၄၀ ​လောက် တိုက်မယ်ထင်တာပဲ။ အဲလို တ​နေကုန်ဖြစ်​နေတာပဲ။ မိုး​ကရွာလိုက် ​လေတိုက်လိုက် ဒီလိုပဲ။ ​ရေက​တော့​ ​ရေ​သေမို့​လို့​။ ​ရေ​သေဆို​တော့​ ​ရေက မတက်ဘူး​ပေါ့​လေ။ ည​နေ ​ခြောက်နာရီခွဲ ခုနှစ်နာရီ​လောက်ဆို ​တော်​တော်​လေး​ ​အေး​သွား​တယ်။ ဘာမှမရှိ​တော့​ဘူး​။ ညဆို တညလုံး​ ​လေလည်း​မတိုက်​တော့​ဘူး​။ မိုး​လည်း​ မရွာ​တော့​ဘူး​။ ဒီမနက်​တော့​ ဘာမှမရှိ​တော့​ဘူး​။ စစ်​တွေမှာ သစ်ပင်​လေး​ နည်း​နည်း​ လဲတာ​လောက်ပဲရှိတယ်။ ဘာမှအပျက်အစီး​ မရှိပါဘူး​။ သူတို့​အ​ပြောအတိုင်း​ ​မောင်​တောရယ်၊​ ​ကော့​ဘဇား​ (ဘင်္ဂလား​ဒေ့​ရှ်မြို့​) ထဲ ဝင်သွား​လား​မသိဘူး​။ မ​နေ့​ည​နေ ​ခြောက်နာရီက​တော့​ ​မောင်​တောမှာ ​အေး​ဆေး​လို့​ ​ပြောတာပဲ။ ကျ​နော်ဖုန်း​ဆက်ကြည့်​တော့​ ဘာမှမရှိဘူး​တဲ့​။ တချို့​ မုန်တိုင်း​ဆိုတာ သိ​တောင်မသိဘူး​တဲ့​။

အခု စစ်​တွေမှာ ​နေပွင့်​ပြီလား​။

သိပ်မကြာဘူး​ ​နေပွင့်​မယ့်​သ​ဘောပါဗျာ။. ​နေ​ရောင်​လေး​တော့​ သန်း​နေပါပြီ။ ​လေမရှိ၊​ မိုး​မရွာ​တော့​ဘူး​။ လက်ရှိ ​မောင်​တောအ​ခြေအ​နေ​တော့​ ကျ​နော်မသိဘူး​ဗျ။

ရခိုင်ကိုဖြတ်သည့်​ မုန်တိုင်း​ ​လေဖိအား​နည်း​ရပ်ဝန်း​အဖြစ် ချင်း​ပြည်နယ်အနီး​ ဆက်ရှိ​နေ

မ​နေ့​က မြန်မာ-ဘင်္ဂလား​ဒေ့​ရှ်နယ်စပ်ကို ဦး​တည်လာခဲ့​တဲ့​ မုန်တိုင်း​ဟာ ရခိုင်ပြည်နယ် ​မောင်​တောမြို့​နဲ့​ ဘင်္ဂ လား​ဒေ့​ရှ် ​ကော့​ဘဇား​မြို့​ကြား​က ဖြတ်​ကျော်ပြီး​ ကုန်း​တွင်း​ကို မ​နေ့​ည​နေ ၆း​၃၀ နာရီ​ကျော်မှာ ဝင်​ရောက်သွား​ ပြီဖြစ်ပါတယ်။

မိုး​လေဝသနှင့်​ဇလ​ဗေဒဦး​စီး​ဌာနက ဒီမနက် ၅း​၃၀ နာရီတိုင်း​ထွာချက်အရ ဒီမုန်တိုင်း​ဟာ ချင်း​ပြည် နယ်အနီး​မှာ ​လေဖိအား​နည်း​ရပ်ဝန်း​အဖြစ် ဆက်ရှိ​နေတယ်လို့​ ​ကြေညာပါတယ်။

လေဖိအား​နည်း​ရပ်ဝန်း​ အရှိန် ​ကြောင့်​ ရခိုင်ကမ်း​ရိုး​တန်း​တ​လျှောက်နဲ့​ ကမ်း​လွန်ပင်လယ်ပြင်မှာ ​လေပြင်း​ကျပြီး​ လှိုင်း​ကြီး​မယ်၊​ ​ရေပြင်​မြေပြင် ​လေ တနာရီ မိုင် ၄၀ ထိ တိုက်ခတ်နိုင်တယ်၊​ ချင်း​ပြည်နယ်၊​ ရခိုင်ပြည်နယ်၊​ စစ်ကိုင်း​တိုင်း​ဒေသကြီး​နဲ့​ မ​ကွေး​ တိုင်း​ဒေသကြီး​တို့​မှာ မိုး​ထစ်ချုန်း​ရွာပြီး​ ​နေရာကွက်ပြီး​ မိုး​ကြီး​နိုင်တယ်လို့​ မိုး​-ဇလ ​ကြေညာချက်က ​ဖော်ပြပါတယ်။

ထူး​ခြား​တာက​တော့​ ၂၀၀၆ ခုနှစ်ကစပြီး​ မြန်မာနိုင်ကို ၆ နှစ်ဆက်တိုက် မုန်တိုင်း​ဝင်ခဲ့​ပြီး​ အခုမုန်တိုင်း​ ဟာ ၆ နှစ်​မြောက်မုန်တိုင်း​ ဖြစ်​နေတယ်လို့​ မိုး​-ဇလ ပညာရှင် ​ဒေါက်တာဦး​ထွန်း​လွင်က အသိ​ပေး​ဖော်ပြလိုက်ပါတယ်။

ဒါဟာ ရာသီဥတု​ပြောင်း​လဲခြင်း​ဆိုတာကို သက်​သေပြ​နေတယ်လို့​လည်း​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection