သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်နက် တင် သင်္ဘော ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း KIA သတင်း ရပ်ကွက်မှ သိရသည်။

အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက် တင်ဆောင် လာသော သင်္ဘော ၂ စီးအား စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ဧရာဝတိီမြစ် တဘက်တချက် လုံခြုံရေး ယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ် အကွာတွင် ယခုလို KIA မှ ပစ်ခတ် ဖျက်ဆီးခဲ့သည်။

ထိုသင်္ဘော ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သား အားလုံးလည်း သေဆုံးပြီး သင်္ဘော ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။

အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကို အသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက ်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။

Credit by - kachinnews.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection