ပဲခူးနှင့် ကရင်တွင် ရခိုင်ကဲ့သို့ ရေကြီးနေ
ဇူလိုင်လ တတိယပတ် က ရွာသွန်းခဲ့သည့် “မုတ်သုန်မိုး” ကြောင့် ရခိုင်ပြည်နယ်တွင် ရေကြီးခဲ့ပြီးနောက် ယခု အခါ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်း၌ ရေကြီးနေသည်။ ပဲခူးမြစ်ရေလျှံသဖြင့် ပဲခူးမြို့ပေါ်ရှိ ၁၈ ရပ်ကွက် အပါအဝင် ကဝမြို့နယ် အတွင်းရှိ ကျေးရွာ ၂ဝ ကျော် တွင် လှေများဖြင့် လှော်ခတ် သွားလာ နေရသလို၊ ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် လည်း သန်လျင် မြစ် ရေလျှံမှု ကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် ၅ ခု အတွင်း ရေကြီးနေ၍ စာသင်ကျောင်း နှင့် ဘုန်းကြီး ကျောင်းများ တွင် သွား ရောက် ခိုလှုံနေကြ ရသည် ဟု သိရသည်။

ရေလွှမ်းမိုးမှုကြောင့် သွားလာရေးအတွက် လှေများကို အသုံးပြုနေကြရသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္စျိမ)
ပဲခူးမြို့ရေကြီးမှုတွင် အနိမ့်ဆုံး ရေအနက် ၄ပေ ထက်မက ရေတက်နေသည့် နေရာများမှာ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက်တန်း၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ အိုးလေးစု၊ ကလျာဏီ၊ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း၊ ရွှေသာလျောင်းနှင့် ဥဿာမြို့သစ် ရပ်ကွက်ကြီး- ၇ တို့တွင် ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။
“ ရေက ရင်ဆို့လောက် ရှိတယ်။ ၄ ရက်ရှိပြီ မကျသေးဘူး။ အိမ်မှာဆို ထမင်းချက်လို့ကို မရဘူး။ အပြင်သွား လည်း လှေရှိမှ ရေချိုးဖို့က အခက်တွေ့နေတယ်။ ရေတက်နေတော့ မီးတွေလည်း ဖြတ်ထားတော့ အဆင် မပြေဘူး” ဟု ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်တွင်နေထိုင်သူ တဦးက မဇ္စျိမကိုပြောသည်။
လူမှုကူညီရေး အသင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်းမှု ထမင်းထုပ် များကို မြို့ခံအာဏာပိုင်များက လာရောက် ဝေငှပေးကြသည်ဟု သိရသည်။
တချိန်တည်းပင် ပဲခူးမြစ်ကြောင်းပေါ်ရှိ ကဝမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂ဝ ကျော်တွင် မြစ်ရေလျှံ သဖြင့် လယ်ဧကပေါင်း ထောင်ချီ ဆုံးရှုံး နေရသလို ကျေးရွာများ အတွင်း၌လည်း လှေများဖြင့်သာ လှော်ခတ် သွားလာနေရသည်ဟု ရွာခံတို့က ပြောသည်။
“ လယ်သမားမှန်သမျှ အကုန်မြုပ်တာပဲ..လယ်တွေက။ အခု ဈေးထွက်ဝယ်တာတို့ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့ ဆိုရင် လှေနဲ့ပဲ သွားနေရတာပေါ့။ အလုပ်ပျက်တာကတော့ ၄ ရက်ရှိပြီ။ ရေကလည်း အိမ်တိုင်ကို ၄-၅ ပေလောက် တက်နေတယ်” ဟု ကမာ ကလဲ ရွာမှ လယ်သမားတဦး က မဇ္စျိမကို ပြောသည်။

ပဲခူးမြို့ ရွေနံသာကုန်း ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေကြ ရသော ရေဘေးဒုက္ခသည်များအား တွေ့ရစဉ် (ဓါတ်ပုံ မဇ္စျိမ)
“ ပျိုးတွေက ပြန်စိုက်ထားတဲ့ဟာတွေ။ အရင်လက ရေကြီးတုန်းက တခါ မျိုးတွေ ပုတ်ကုန်တော့ အခုပြန်စိုက် ထားတာ။ ဒီဟာပါ ထပ်ပြီး ပျက်စီးမယ်ဆိုတော့ မျိုးပြုတ်တာပေါ့ဗျာ။ နောက်ထပ် မျိုးစပါးဖိုး တော့ မရှိတော့ဘူး”ဟု ပိုင်ကျုံ ရွာခံတဦး က မဇ္စျိမကိုပြောသည်။
ကျေးရွာများတွင် အခြားလိုအပ်ချက်များ အတွက် လာရောက် ကူညီပေးသူ မရှိဟုလည်း ၎င်းက ဆိုသည်။
ပဲခူးတိုင်း အတွင်း ရေကြီးနေချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှ သံလျင်မြစ်နှင့် အနီးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၁၊ ၂၊ ၃၊ ၅ နှင့် ၆ တို့တွင် ရေအမြင့် ၅ ပေခန့် မြင့်တက်နေသဖြင့် နေအိမ် အချို့ နစ်မြုပ်နေသည်။
ကျောင်းများလည်း ပိတ်ထားရပြီး ထိုရပ်ကွက်ခံများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ကျန်းမာရေး ဌာနက အထက်တန်းကျောင်းနှင့် ရွှေရင်မျှော်ဘုရားတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ကာ စောင့်ရှောက် ထားသည်ဟု ရေဘေး ခိုလှုံသူများက ပြောသည်။
“အိမ်ကြမ်းပြင်ပါ မြုပ်တော့ နေလို့မရတော့ဘူးပေါ့ဗျာ။ မြွေပါး၊ ကင်းပါးလည်း ကြောက်ရတယ်လေ။ တချို့ကတော့ ဆွေမျိုးတွေွ အိမ်မှာ သွားနေကြတာပေါ့။ အများစုကတော့ ဒီကယ်ဆယ်ရေးစခန်းတွေမှာ ရေမြန်မြန်ကျအောင်ပဲ ဆုတောင်းနေရတယ်” ဟု အမှတ် ၂ ရက်ကွက်မှ ရေဘေးခိုလှုံသူ တဦးက ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သည့် မုတ်သုန်မိုးကြောင့် ရေကြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ် ကျော်တွင်မူ ရေကျသွားပြီ ဖြစ်သဖြင့် သက်သာရာ ရသွားခဲ့ကြသော်လည်း ယင်းဒေသတွင်း ကျေးရွာများရှိ လယ်ဧကပေါင်းများစွာမှာ ရေကြီးမှုကြောင့် နွံများနစ်သွားသဖြင့် မျိုးစပါး အသစ်ကြဲရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းများတွင် စံချိန်တင်မိုးများ ရွာသွန်းမှုသည် “မုတ်သုန်လေ အားကောင်းခြင်း” ကြောင့်ဟု မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲများကို ထုတ်ပြန်နေသည့် Myanmar Climate Change Watch မှ မိုးဇလ ပညာရှင် ဦးထွန်းလွင်က မဇ္စျိမကို ပြောသည်။