ဧရာဝတီသင်္ဘောများ ဝင်ငွေ ၃ ဆကျော် ထိုးကျ

ကချင်စစ်ပွဲကြောင့် ဧရာဝတီသင်္ဘောများ ဝင်ငွေ ၃ ဆကျော် ထိုးကျ

ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာစစ်တပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ဗန်းမော်နှင့် မန္တလေး လှိုင်းဆွဲ နေသည့် သင်္ဘောကြီးများ ဝင်ငွေ ၃ ဆကျော်ထိုးကျ သွားကြောင်း သိရသည်။

 ယခင်က ဗန်းမော်မှ မန္တလေး ခရီးစဉ်တွင် သင်္ဘော တစ်စီး ကုန်တင်ခ ကျပ်သိန်း ၉၀ ၀န်းကျင် ရရှိသော်လည်း ယခု ကျပ် သိန်း ၂၀ မျှသာရတော့ ကြောင်း အဆိုပါ သင်္ဘောလှိုင်းဝန်ထမ်း အသိုင်း အဝိုင်းကသျှမ်းသံတော်ဆင့် သို့ ပြောသည်။ နှစ်ဘက် စစ်ပွဲ အတွင်း ဗန်းမော်မြို့နှင့် တရုတ်နယ်စပ် အကြား သွားလာရေးခက်ခဲနေပြီး ဗန်းမော်သို့ တရုတ်ကုန် အဝင် နည်းသွားကြောင်း ဗန်းမော်မှ မန္တလေး အစုန်ခရီးတွင်သင်္ဘောများ ကုန်မပါပဲအလွတ်ပြန်နေရ ကြောင်း သူက ဆိုသည်။“မန္တလေး - ဗန်းမော်ခရီး ကတော့ သိပ်မထူးခြားဘူး ၊ ဗန်းမော်ကနေ အပြန်ဆိုရင်တော့ ခါလီပဲ ၊ ဗန်းမော်ကုန်က တရုတ် ပစ္စည်း အဓိကပေါ့ တရုတ်ပစ္စည်းမတင်တော့ အရင် သင်္ဘောတစ်ပတ်ကို သိန်း ၉၀ လောက်ရတာ အခု သိန်း ၂၀ လောက်ပဲ ရတယ် ” ဟု  ဆိုသည်။ထိုသို့ ဖြစ်ရခြင်းမှာ ဗန်းမော်သို့ တရုတ်ကုန်အဝင်နည်းသွားသည့် အပြင် လမ်းကြောင်းတစ်လျှောက် တရုတ် ပစ္စည်း အဖမ်း အဆီးများ၍ ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည် တစ်ဦးက ဆိုသည်။“တရုတ်ပစ္စည်းအဝင်နည်းတယ် ဈေးလည်းနည်းနည်းစီတက်လာတယ် အခုသင်္ဘော တွေ ခါလီဖြစ်နေတာက အဝင်နည်း တာရယ် လမ်းမှာအဖမ်းအဆီးများတော့ မတင်တော့တာလည်း ပါတယ် ” ဟု ဆိုသည်။ယခုအခါ တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ် လမ်းတွင် ကားလမ်း ပြတ်တောက်နေသဖြင့် ဆိုင်ကယ်ဖြင့်သာ ကုန်သွယ်နေကြောင်း သိရသည်။လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း ၉ မိုင်ကျော်ခန့်သာ ကွာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့ အကြားကားအသွား အလာများ ကို အာဏာပိုင်များက ယာယီပိတ်ခဲ့သေးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection