မြန်မာများ မျက်နှာပွင့် ဘ၀အခြေတင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ (၅) နိုင်ငံ ခရီးစဉ်ကို သံရေး တမန်ရေး၊ နိုင်ငံ တကာနှင့် ဆက်ဆံရေး ခရီးဟုပင် ဆိုရပါမည်။ သံတမန်ဆက်ဆံရေးဆိုသည်မှာ နိုင်ငံတနိုင်ငံ၏ ကာကွယ်ရေးတွင် ရှေ့ တန်းစစ်မျက်နှာ (First line of defence) ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်က စပြီး သံတမန် ဆက်ဆံရေး စစ်မျက်နှာ ပြိုလဲ၍ မြန်မာ နိုင်ငံသားများသည် အပါယ်ခံ ဘ၀၊ ဒါဏ်ခတ်ခံ ဘ၀၊ စီးပွားရေး နှင့် ပညာရေး ပိတ်ဆို့ခံဘ၀ ရောက်ခဲ့ကြရပါသည်။ စာရေးသူသည် ခေတ်ပြိုင်ဂျာနယ်တွင် “အပိတ်ဆို့ခံ မြန်မာနိုင်ငံ” ဆိုသည့် ဆောင်းပါးရှည်ကို ရေးသားခဲ့ပြီး ဖြစ်၍ အပိတ်အဆို့ခံ မြန်မာနိုင်ငံသားများ ဘ၀ကို အထူးမဖော် ပြလိုတော့ပါ။ ယခု လက်ရှိ သမ္မတ ဦးသိန်းစိန်က အစ လွှတ်တော်ကိုယ်စားလှယ်များကလည်း အာဏာရှင် တပါတီစနစ် အောက်တွင် မြန်မာနိုင်ငံသားများ အတိဒုက္ခ အကြီးအကျယ်ရောက်ခဲ့ ကြရပြီး၊ အတိဒုက္ခရောက်ရှိနေဆဲ ဖြစ်နေသည်ကို ၀န်ခံကြပြီး ဆင်းရဲမှု ပပျောက်အောင် ဆောင်ရွက်နေကြသည် ဖြစ်၍ ချေးခြောက်ကို ရေမနူးလိုတော့ပါ။
သံတမန်လုပ်ငန်း ဆိုသည်မှာလည်း သာမန် ဆင်ခြင်တုံတရားကို စေစား အသုံးချသည့် လုပ်ငန်းအတတ် ပညာပင် ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ရှေး အစဉ်အဆက်ကပင် သံတမန် ဆက်ဆံရေး အင်္ဂါရပ်များ ရှိပြီး ဖြစ်ပါသည်။
သံတမန်လုပ်ငန်း ဆိုသည်မှာလည်း သာမန် ဆင်ခြင်တုံတရားကို စေစား အသုံးချသည့် လုပ်ငန်းအတတ် ပညာပင် ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ရှေး အစဉ်အဆက်ကပင် သံတမန် ဆက်ဆံရေး အင်္ဂါရပ်များ ရှိပြီး ဖြစ်ပါသည်။
မြန်မာသံတမန် အင်္ဂါရပ် ရှစ်ပါးသည်
(၁) ကြားလွယ်သည်လည်း တပါး
(၂) သူတပါးကို ကြားလွယ်အောင် ဆိုတတ်သည်လည်း တပါး
(၃) အားထုတ်၍ မှတ်သည်လည်း တပါး
(၄) အမှတ်မြဲသည်လည်း တပါး
(၅) အရိတ်အခြည်ကို သိတတ်သည်လည်း တပါး
(၆) သူတပါးကို သိစေတတ်သည်လည်း တပါး
(၇) စီးပွား ရှိသည် မရှိသည်၌ လိမ္မာသည်လည်း တပါး
(၈) ငြင်းခုံ ခိုက်ရန် မပြုတတ်သည်လည်း တပါး၊ ဤ ရှစ်ပါး ဖြစ်ပါသည်။
(၁) ကြားလွယ်သည်လည်း တပါး
(၂) သူတပါးကို ကြားလွယ်အောင် ဆိုတတ်သည်လည်း တပါး
(၃) အားထုတ်၍ မှတ်သည်လည်း တပါး
(၄) အမှတ်မြဲသည်လည်း တပါး
(၅) အရိတ်အခြည်ကို သိတတ်သည်လည်း တပါး
(၆) သူတပါးကို သိစေတတ်သည်လည်း တပါး
(၇) စီးပွား ရှိသည် မရှိသည်၌ လိမ္မာသည်လည်း တပါး
(၈) ငြင်းခုံ ခိုက်ရန် မပြုတတ်သည်လည်း တပါး၊ ဤ ရှစ်ပါး ဖြစ်ပါသည်။
ကင်း၀န်မင်းကြီး၏ လန်ဒန်ခရီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လန်ဒန်ခရီး
မင်းတုန်းမင်း၏ မြန်မာနိုင်ငံခြားရေးဝါဒ လမ်းစဉ်တွင် အင်္ဂလိပ်တို့နှင့် ရန်စကို တိုစေ၊ ချစ်စကို ရှည်စေ လိုသော မူ၊ မြန်မာ့ အချုပ်အခြာအာဏာပိုင်မှုကို ထိန်းသိမ်းလိုသော မူဝါဒများ ပါ၀င်ပါသည်။ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်နှင့် ကိုယ့်လူမျိုးကို ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်နေသည်ကို အသိအမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းရာ၌ မင်းတုန်းမင်းကြီး အနေဖြင့် ဥရောပ၊ အ မေရိက စသည့်နိုင်ငံများနှင့် ဆက်သွယ်၍ ၎င်းတို့ ၏ ချစ်ကြည်စွာ ဆက်ဆံခြင်းဖြင့် ကမ္ဘာ့မိသားစုတွင် မြန်မာ၏ နေရာကို ခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းချက်များ ပါ၀င်ပါသည်။
ယင်း မူ၀ါဒ လမ်းစဉ်ကို အကောင်အထည် ဖော်ရန်အတွက် မင်းတုန်းမင်းကြီးက ၁၈၇၂ ခုနှစ်တွင် ကင်း၀န်မင်းကြီး ဦး ဆောင်သော မြန်မာ သံတမန် အဖွဲ့၀င် (၂၀) ခန့်ကို ဥရောပသို့ စေလွှတ်ခဲ့ပါသည်။
ယင်း မူ၀ါဒ လမ်းစဉ်ကို အကောင်အထည် ဖော်ရန်အတွက် မင်းတုန်းမင်းကြီးက ၁၈၇၂ ခုနှစ်တွင် ကင်း၀န်မင်းကြီး ဦး ဆောင်သော မြန်မာ သံတမန် အဖွဲ့၀င် (၂၀) ခန့်ကို ဥရောပသို့ စေလွှတ်ခဲ့ပါသည်။
ရန်ကုန် အရေးပိုင် ဒီဒင် အပါအ၀င် အင်္ဂလိပ် အရာရှိတို့က ကင်း၀န်မင်းကြီး၏ သံတမန် ခရီးစဉ်ကို ပျက်ရာပျက်ကြောင်း နည်းမျိုးစုံဖြင့် နှောင့်ယှက်ခဲ့ကြသည်။ ထိုသို့ အနှောင့်အယှက် မျိုးစုံ ကြားမှပင် ထွက်ခွာလာခဲ့ရာ အီတလီနိုင်ငံသို့ ပထမ ဆုံး ရောက်ရှိခဲ့ရာတွင် အီတလီ ဘုရင်မင်းမြတ်က ကင်း၀န် မင်းကြီးနှင့် အဖွဲ့အား အီတာလျံမင်းအဆင့် ၀တ်စုံနှင့် ဆင် ယင် ၀တ်စား၍ အရိုအသေဆုံး လက်ခံသည့် နည်းဖြင့် မတ်တပ်ရပ်လက်ခံပြီး မဟာမိတ် လက္ခဏာနှင့်အညီ ကောင်းစွာ နှုတ်ဆက် ကြိုဆိုခဲ့ပါသည်။
ဗြိတိန်နိုင်ငံ လန်ဒန် မြို့တွင်လည်း အမြောက် (၁၉) ချက်ပစ်ဖောက်ခြင်း စသည့် အဆောင်အယောင် အခမ်းအနား အ ပြည့်အစုံ ဖြင့် မင်းရော ပြည်သူကပါ သောင်းသောင်းဖြဖြ ကြိုဆို ဧည့်၀တ်ပြုခြင်းကို ခံယူခဲ့ကြပါသည်။ ဘုရင်မကြီး ရှေ့ သို့၀င်သောအခါတွင်မှသာ နိုင်ငံခြားရေး ၀န်ကြီး ကိုယ်တိုင် မလိုက်ပဲ အိန္ဒိယ ဆိုင်ရာ၀န်ကြီးသာ လိုက်ပါခြင်းဖြင့် မြန်မာ နိုင်ငံ တခုလုံးအား ဗြိတိသျှ အင်ပါယာထဲသို့ သွတ်သွင်းလိုသော အင်္ဂလိပ်အရာရှိတချို့၏ သဘောထားလုပ်ရပ်ကို တွေ့ရှိ ခဲ့ကြရပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဆွတ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်နှင့် အင်္ဂလန်နိုင်ငံ ခရီးတွင်လည်း နိုင်ငံအကြီးအကဲများနှင့် ပြည်သူ ပြည်သား အပေါင်းက ကြိုဆို ဧည့်ခံ စောင့်ရှောက်ခြင်းကို ခံခဲ့ရပါသည်။ ပြင်သစ်နိုင်ငံ ခရီးတွင်လည်း ထို အတူပင် နိုင်ငံ အကြီးအကဲများနှင့် ပြည်သူအပေါင်းက သောင်းသောင်းဖြဖြ ကြိုဆိုကြ မည်ပင် ဖြစ်ပါသည်။
စာရေးသူ လန်ဒန်မြို့ မြန်မာသံရုံးတွင် အမှုထမ်းစဉ်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်း လန်ဒန် လာသည့် ခရီးနှင့် ကြုံဖူးပါသည်။ ဗြိတိသျှ နန်းတော်မှ အငယ်တန်းအရာရှိတဦးသာ လာကြို မိတ်ဆက်သည်ကို ကြုံဖူး ပါသည်။ နှစ်စဉ် ဦးနေ၀င်းထံမှ ဘုရင်မကြီး အပါအ၀င် အိမ်ရှေ့ မင်းသားနှင့် ဆွေတော်မျိုးတော်များထံသို့ သရက်သီးများ ခြင်းကြီး ခြင်းငယ်ဖြင့် လက်ဆောင်ပေး သည်ကိုလည်း အလက်ဇန္ဒား မင်းသမီးမှတဆင့် စာရေးသူ ကိုယ်တိုင် သွား ရောက် ပေးဖူးပါသည်။ လူမလေး ခွေးမခန့်သည့် ပုံစံသာ ရှိပါသည်။ လူထုအစိုးရက အာဏာရှင် လူတစု အစိုးရအား သံခင်း တမန်ခင်း မျက်နှာစာတွင် လူကို ခင်သော်လည်း မူကို မကြိုက်၍ ချောင်ထိုးထားသည့် သဘောပင် ဖြစ်ပါသည်။
လှော်တက် မညီသော်လည်း ကျော်တက်ပါပြီ
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို သုံးသပ် ပြစရာပင် မလိုပါ၊ ကုလားသိ၊ တရုတ်သိ၊ အများသိပင် ဖြစ်ပါ သည်။ တိုင်းပြည်ကို စည်ပင် သာယာ ၀ဖြိုးရေး အတွက် တက်ညီလက်ညီ လှော်သည့် အချိန် မဟုတ်သေးပါ။ ခတ်ကွင်း ပြင်သည့် အချိန်ကာလများသာ ရှိသေးပါသည်။ အစိုးရ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင် များ တက်ညီလှော်ခတ်ရန် စိုင်းပြင်းကြဆဲ ကာလမျှသာ ရှိပါသေးသည်။ မြန်မာ ပါလီမန်သည်လည်း ဖားတပိုင်းငါးတပိုင်း မျှသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ အာဏာရှင်စနစ်ကို လက်မလွှတ်သူ တချို့၊ အာဏာရှင် စနစ်ကြောင့် တိုင်းသူပြည် သားများ ဆင်းရဲ ဒုက္ခရောက်သည်ကို သဘောပေါက်သူ စစ်ဗိုလ်ဟောင်း တချို့၊ နိုင်ငံရေးသမားများနှင့် တိုင်းရင်းသား များ တက်ညီလက်ညီ လှေကိုလှော်ခတ်ရန် ကြိုးစားနေဆဲ အချိန်ပင် ဖြစ်ပါသည်။
သို့သော်လည်း မြန်မာများ မညံ့ပါ၊ အစွမ်းအစ ရှိပါသည်။ ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီ တ၀က် တပျက် ခေတ်မှာပင် အာဆီယံနိုင်ငံများကို မြန်မာက ကျော်တက်သွားနေပါပြီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိသျှ ပါလီမန် နှစ်ရပ်တွင် ပထမဆုံး စကားပြော ခွင့်ရသော မြန်မာနိုင်ငံသား ကမ္ဘာ့အမျိုးသမီးတဦး ဖြစ်ပါသည်။ ဤ ဗြိတိသျှ ပါလီမန် နှစ်ရပ်တွင် နှစ်ပေါင်း (၃၀၀) ကျော်အတွင် ပြင်သစ် သမ္မတ မစ္စတာ ချားလ်ဒီဂေါလ်၊ တောင်အာဖရိ က သမ္မတ မစ္စတာ မန်ဒဲလ်လား၊ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနှင့် ပုပ်ရဟန်း မင်းကြီး ဘင်နဒစ် (၁၆) လေးဦးသာ မိန့်ခွန်း ပြောကြားခွင့် ရရှိခဲ့ဖူးပါသည်။ မြန်မာသမ္မတ ဦးသိန်းစိန် အားလည်း နိုင်ငံအကြီးအကဲတဦး အနေဖြင့် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ရန် ဖိတ်ကြားထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံပါ၀င်သော အာဆီ ယံနိုင်ငံ ဘယ်နိုင်ငံက နိုင်ငံအကြီးအကဲများကို ဖိတ်ကြား ဖူးပြီလဲ?။ ပုပ်သိုးနေသော မြန်မာ့ အရေးအခင်းအပေါ် မှီစားနေ သော ယင်ကောင်များကတော့ မကြိုက်ရိုး အမှန်ပါ။ ဗြိတိသျှ ၀န်ကြီးချုပ်၏ မြန်မာ သမ္မတအား ဖိတ်ကြားချက်ကိုပင် မျက်နှာပြောင်ပြောင်ဖြင့် လူပုံ အလည်တွင် မေးခွန်းထုတ် ကန့်ကွက်နေပြန်ပါသည်။
လှော်တက်မညီသော်လည်း ကျော်တက်နေပါပြီ။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသလို “ပန်းတိုင်းမရောက်ခင် အလှော်ရပ်ပြီး တက်မကို မမြှောက်လိုက်ကြပါရန်” ကိုသာ ပန်ကြားလိုပါသည်။ တက်ညီလက်ညီ သာ လှော်လိုက်ကြရမည် ဆိုပါက ကမ္ဘာ့အလည်တွင် မြန်မာ(ဗမာ) သည် ကုလသမဂ္ဂ အတွင်း၀န်ချုပ် ဦးသန့် ခေတ်က ကဲ့သို့ ထိပ်ဆုံးနေရာသို့ ပြန်လည် ရရှိလာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။
သံရေးတမန်ရေးတွင် မြန်မာများ ရှေ့တန်းသို့ ရောက်လုနီးပါပြီ
မြန်မာများသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကင်း၀န်မင်းကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မြန်မာနိုင်ငံ သားများ ကမ္ဘာ့ အလည်တွင် ထည်ထည်၀ါ၀ါ ရပ်တည် နိုင်ရေးအတွက် ရှေ့ဆောင်လမ်းပြ သံကြီး တမန်ကြီးများပင် ဖြစ် ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့ ကိုယ်စားလှယ်များ ပေါ်ပေါက် လာခြင်းသည်လည်း သံတမန် စစ်မျက်နှာတွင် စန်းပွင့် လာခြင်းနှင့် အောင်မြင်လာခြင်းလည်း ဖြစ်ပါသည်။
မြန်မာများသည် သံတမန်ရေးရာတွင် ထိပ်တန်းက ရှိခဲ့ပါသည်။ အတွေးအမြင် လုပ်နည်း လုပ်ထုံး သံတမန် ဥပါယ်များ ရှိခဲ့ပါသည်။ ယောမင်းကြီး ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း ဥပါယ် (၇)ပါးကို လက်ကိုင် ထားရာ ရှင်းလင်း ရေးသား ချက် များလည်း ရှိခဲ့ပါသည်။ ၀ါရင့် အိန္ဒိယ သံအမတ်ကြီး ကေအမ်ပန္ဒိကား ကလည်း သံတမန်ရေးရာ၌ ဥပါယ်လေးပါး ကို ဖော်ပြရေးသားထားပါသည်။
သံတမန်ရေးရာ၌
သံတမန်ရေးရာ၌
(၁) သာမ ဥပါယ် (ညီညွှတ်စည်းရုံးခြင်း)
(၂) ဒါန ဥပါယ် (ပေးကမ်းခြင်း၊ ကြွေးလျော်ခြင်း Dept Relief)
(၃) ဘေဒ ဥပါယ် (စည်းရုံးမှုကို ဖြိုခွဲခြင်း)
(၄) ဒဏ္ဍ ဥပါယ် (ပြစ်ဒဏ်ခတ်ခြင်း) တို့ဖြစ်ပါသည်။
(၂) ဒါန ဥပါယ် (ပေးကမ်းခြင်း၊ ကြွေးလျော်ခြင်း Dept Relief)
(၃) ဘေဒ ဥပါယ် (စည်းရုံးမှုကို ဖြိုခွဲခြင်း)
(၄) ဒဏ္ဍ ဥပါယ် (ပြစ်ဒဏ်ခတ်ခြင်း) တို့ဖြစ်ပါသည်။
ထို့အပြင် ယောမင်းကြီး ဦးဘိုးလှိုင်က
(၁) မာယာအသူရာမှ လာသော လှည့်ပတ်ခြင်း၊(မာယာ ဥပါယ်)
(၂) လျစ်လျူရှုခြင်း(ဥပေက္ခာ ဥပါယ်)
(၃) ရန်သူကို ထိတ်လန့်အောင် ပြုခြင်း(က္ကန္ဒဇလာ ဥပါယ်) ဟူ၍ ဥပါယ် သုံးပါးကို ကာမန္တ နီတိ ကျမ်းကို ကိုးကား၍ ဖော် ပြထားခဲ့ပါသည်။
နိုင်ငံ တနိုင်ငံတွင် သာမ ဥပါယ်နှင့် ဒါနဥပါယ် စသည့် နည်းလမ်း နှစ်သွယ် မအောင် မမြင်သော အခါတွင် ဘေဒဥပါယ် နှင့် ဒဏ္ဍ ဥပါယ် နှစ်သွယ်နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်သာ ဖြစ်ပါသည်။ စာရေးသူတို့၏ မျက်မှောက်ခေတ်တွင် သာမ ဥပါယ် ညီညွတ်စည်းရုံးခြင်း ပြိုကွဲခဲ့သည်ကို မျက်၀ါးထင်ထင် မြင်တွေ့ ခဲ့ကြရပါသည်။
ယခုလောလောဆယ်တွင် အနည်းငယ် ညီညွှတ် စည်းရုံးလာပြီး လွှတ်တော် နိုင်ငံရေးထဲ ၀င်လာကြ ခြင်းအားဖြင့် ဒါနဥ ပါယ် (ပေးကမ်းခြင်း၊ ကြွေးလျော်ခြင်း Dept Relief) ခံစားလာကြရပြီး ဖြစ်ပါသည်။ ဘေဒ ဥပါယ် စည်းရုံးခြင်းကို ဖြိုခွဲခြင်း ကို မသမာသူ အချို့က ဖန်တီးလာနေသည်ကိုလည်း တွေ့မြင်နေ ရပါသည်။ သတိကြီးစွာထားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အလေးထား ဆောင်ရွက်ရမည့် အချိန်ပင် ဖြစ်ပါသည်။ အတုအယောင် ဟန်ဆောင် လူမျိုးခြားများက အမျိုးသားဟန်ဆောင်ပြီး အမျိုး ဘာသာ သာသနာ ကို ဖျက်ဆီးလာမှုကိုလည်း တွန်းလှန် ကြရ ပါမည်။ ကိုယ့် အမျိုးသား ခြင်း ညီညွတ် လာမှုအပေါ် မူတည်ပြီး ဒဏ္ဍဥပါယ် ပြစ်ဒဏ်ခတ်ခြင်းများလည်း လျော့ပေါ့ခံလာရပါသည်။ ပြစ်ဒဏ်ခတ် ခြင်းများ အားလုံးကင်းရှင်းသွားအောင် ဒီမိုကရေစီစနစ်ကို အင်တိုက်အားတိုက် တည်ဆောက်ကြရန်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တန်းတူညီမျှရေး စသော လောကပါလ တရားများ ထွန်းကားလာအောင် ကျင့်ကြံ အားထုတ်ကြရမည့် အချိန် ကာလပင် ဖြစ်ပါသည်။
မြန်မာများ မျက်နှာပွင့် ဘ၀ အခြေတင့်လာမည့် ဒေါ်အောင်ဆန်းစုကြည့်၏ ဥရောပ ခရီးစဉ်သည်လည်း အလွန် အားရ ကျေနပ်ဖွယ်ရှိသည်ဟု သံတမန် ၀န်ထမ်းဟောင်းတယောက်အနေဖြင့် မှတ်တမ်းတင် လိုပါသည်။ ထိုနည်းတူ အင်္ဂလန် နိုင်ငံတွင် ရှိသည့် မြန်မာနိုင်ငံသားအပေါင်းကလည်း ဒေါ်အောင်ဆန်း စုကြည့် ခရီးအပေါ်တွင် အလွန်တရာ အားရကျေ နပ်ပျော်ရွှင်လျှက် ရှိကြပါသည်။
ဦးခင်မောင်ကြည် (အေ၀းရောက် သံတမန် တဦး)
စာကိုး
(၁) မှန်နန်း မဟာရာဇ၀င်တော်ကြီး
(၂) သံကြီးတမန်ကြီး၊ သံခင်းတမန်ခင်း
(၁) မှန်နန်း မဟာရာဇ၀င်တော်ကြီး
(၂) သံကြီးတမန်ကြီး၊ သံခင်းတမန်ခင်း