ယုံကြည်မှုကွန်ယက်မှ ငြိမ်းချမ်းရေးကွန်ယက်ဆီသို့...


ယုံကြည်မှုကွန်ယက်မှ ငြိမ်းချမ်းရေးကွန်ယက်ဆီသို့

လူသားချင်း စာနာစိတ်ဖြင့် လွတ်လပ်ခြင်း၊ ငြိမ်းချမ်း ခြင်းတို့ကို လိုလားကြသော လူမှုရေး သမားများ သည် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အစရှိသည့် အနုပညာ နယ်ပယ်အသီးသီးမှ ပေါ်ထွန်းလာသော၊ ပြည်သူ လူထုအတွင်းမှ မွေးဖွားလာသော ကိုယ်ကျိုးစွန့်ကြ သည့် လူသားများဖြစ်ကြသည်။ မိမိတို့၏ နယ်ပယ်အ သီးသီးမှ အများအကျိုးသယ်ပိုး ထမ်းရွက်ပေးဆပ် ကြသူအချင်းချင်း လက်တွဲခေါ်ဆောင်ကြကာ မိမိတို့ လိုလားသော ငြိမ်းချမ်းရေး အပြည့်အဝရရှိ၍ သာယာဝပြောသော နိုင်ငံတော်သစ်ဆီသို့ အတ္တများ ဖြုတ်ကာ လျှောက်လှမ်းကြရန်အတွက် အရေးကြီးလှသည်။ ထိုကဲ့သို့ ပရဟိတစိတ်ဓါတ်ဖြင့် အချင်းချင်း လက်တွဲ မဖြုတ် ဦးတည်ရာ ရည်ရွယ်ချက်ပန်းတိုင်သို့ ချီတက်ကြခြင်းကို လူမှုကွန်ယက်ဟုလည်း သတ်မှတ် နိုင်သည်။

လူမှုကွန်ယက် တစ်ခုဖြစ်သော “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်” မှ ဦးရဲလွင်၊ ကိုသားထွေးတို့ ကွန်ယက်သည် ရန်ကုန်မြို့တွင်ရှိ လ္ဘက်ရည်ဆိုင်များ၊ ကုန်တိုက်များမှ ခြေလှမ်းစကာ အထက်မြန်မာ ပြည်မြို့အနှံ့နီးပါး ကိုယ်ကျိုးစွန့်၍ မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်ဖြင့် အခက်အခဲ အဟန့်အတားများ ကြားမှ သွားရောက်ဖျော်ဖြေကာ ရရှိလာသော အလှူငွေများအား ငြိမ်းချမ်းရေးကို ရှေးရှု ၍ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုတစ်ဖန် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ ခကြောင့် အိုးအိမ်များပျက်စီးခြင်း၊ မိသားစုများ သေကြေပျက်စီးဆုံးရှုံးခြင်းများကို လူသား ချင်း စာနာစိတ်ဖြင့် ကူညီပံ့ပိုး လှူဒါန်းနိုင်ရန်အတွက် ဖြူးမြို့၊ မိတ္ထီလာမြို့များသို့ သွားရောက်၍ သီဆိုဖျော် ဖြေကာ ရရှိလာသော အလှူငွေများအား လူမှုရေးလုပ်ငန်းများသို့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးဆပ်နေ သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်အပ်နှံလှူဒါန်းခဲ့သည်။ ထိုကဲ့သို့ အပ်နှံခဲ့သော အလှူ ငွေများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပခုံးလွှဲကာ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။

၉.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “လွတ်လပ်ငြိမ်း ချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်”မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လာရောက်လှူ ဒါန်းမှုကို ပြုလုပ်ရာ တွင် “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်” ဖြစ်ပေါ်လာပုံအား ဦးအောင်သန်းမှ ရှင်းလင်း ပြောကြားခဲ့ပြီး ဦးရဲလွင်မှ ဒုက္ခသည်များ အတွက် အလှူငွေ လှူဒါန်းရခြင်း အကြောင်း ပြော ကြားရာတွင် “မိမိတို့ တတ်ကျွမ်းသော ဂီတသံစဉ် များဖြင့် ရှာဖွေထားသော အလှူငွေ များအား ဦးကျော်သူနှင့် တစ်ဖွဲ့တည်းဖြစ်သည်ကတစ်ကြောင်း၊ ဦးကျော်သူတို့၏ လုပ်ဆောင်ပေးဆပ်မှု များကို ယုံကြည်စိတ်ချ၍၄င်း၊ ဦးကျော်သူတို့ထံ ဤအလှူငွေများအား လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ကာ အလှူငွေကျပ် ၁၈၅၆ဝဝဝဝိ/- (တစ်ရာရှစ်ဆယ့်ငါးသိန်းခြောက် သောင်း)ကျပ်၊ US$ - 118 နှင့် S$ - 50 တို့အား လှူဒါန်းခြင်း အခမ်းအနားအား ကျင်းပခဲ့သည်။ 

ယင်းနောက် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောရာတွင် “လောကကြီးတွင် စည်း ဆိုတာ အရေးကြီးကြောင်း၊ မည်သည့်နယ်ပယ်တွင် မဆို စည်းဖောက်၍ မရ ကြောင်း၊ တိုင်းပြည်၊ နိုင်ငံ၏စည်းကို ဖောက်ဖျက် ခံရခြင်းကြောင့် ပြည်သူလူထုများ ဒုက္ခရောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဒုက္ခရောက်ခဲ့သော ရခိုင်ပြည်သူလူထုတို့အတွက် ယခုလို လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်”မှ ကိုယ်ကျိုးစွန့် ရှာဖွေခဲ့သော အလှူငွေများအား မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် စည်းစနစ်ကျစွာဖြင့် လက်ဆင့်ကမ်း ရခိုင်ဒေသရှိ ပြည်သူဒုက္ခသည်များထံသို့ အရောက်ပို့ပေးမည်ဟု ဂတိပေးကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်မှ ဦးရဲလွင်၊ ကိုသားထွေး၊ ကောင်းပြည့်၊ တိုးလွင် (ဥတ္တရအလင်း)၊ E ချို၊ ကိုထွဋ်၊ ကိုတင်အုန်း၊ ညီညီလွင်၊ ဖိုးစံ တို့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့ပြီး ကဗျာဆရာ ကိုစောဝေမှ တီးဝိုင်းသံစဉ်နှင့်အတူ “မိတ္ထီလာ” အမည်ရှိ ကဗျာတစ်ပုဒ်အား ရွတ်ဖတ်ချီးမြှင့်ခဲ့ကာ နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန် ယက် ဖျော်ဖြေမှုအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့အနေဖြင့် နေ့တဓူဝ သောက အပူများဖြင့်သာ ကြုံတွေ့ နေရကြောင်း၊ ယခုကဲ့သို့ စိတ်၏ထွက်ပေါက်ဖြစ်သော ဂီတ သံစဉ်များကို မထင်မှတ်ပဲ နားစဉ်ခဲ့ရ၍ လူမှုရေးခွန်အားများ တိုးတက်လာကြောင်း ပြောကြားခဲ့ပြီးနောက် ကြွရောက် လာကြသော ဧည့်သည် တော်များ၊ မီဒီယာများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများအား ကော်ဖီ၊ မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကာ ပြည်တွင်း/ပ မီဒီယာများတို့မှ မေးမြန်းချက်များကို ဖြေကြားကြပြီးသည့်နောက် အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတော်ကြီးအတွက် နယ်ပယ်အသီးသီး၊ ထောင့်အသီးသီးတို့မှ လူမှုရေးလုပ်ငန်း များအား ကိုယ်ကျိုးမဖက် ထမ်းရွက်ပေးနေကြသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် သွေးစည်းညီညွတ်ကာ တစ်ခုတည်းသော ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ အင်တိုက်အားတိုက် လက်တွဲမဖြုတ် ကွန်ယက်တစ်ဖွယ် ချီတက်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection