Euro 2012 ပွဲစဉ်ရလဒ်များကို မိုဘိုင်းဖုန်း များသို့ SMS ပေးပို့မည်
EURO 2012 ဘောလုံးပြိုင်ပွဲ ပွဲစဉ်အတွင်း ပွဲစဉ် သတင်းအချက် အလက် များကို ပွဲပြီး၊ ပွဲချိန် အတွင်းနှင့် အချိန်နှင့် တပြေးညီ SMS ပေး ပို့ပေးမည့် အစီအစဉ်ကို EURO 2012 မှ စီစဉ် ပြုလုပ်မည် ဖြစ်ပြီး မိုဘိုင်းဖုန်း သုံးစွဲသူများ အနေဖြင့် Eleven Media Group သို့ မက်ဆေ့ချ် ပေးပို့ရုံဖြင့် EURO 2012 ပြိုင်ပွဲ ပွဲစဉ်တစ် လျှောက်လုံး ၄င်းဝန်ဆောင်မှုကို ရရှိမည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ ဝန်ဆောင်မှုတွင် Format လေးမျိုးရှိပြီး Pre-Match News (ပွဲကြိုသတင်းများကို ပွဲစဉ်ရှိသည့် ညနေ ၆နာရီတွင် ပေးပို့သည့်ဝန် ဆောင်မှု)၊ Per-Day (ပွဲစဉ်ပြီးနံနက် ၆နာရီတွင် ပွဲရလဒ်များပေးပို့ သည့် ဝန်ဆောင်မှု)၊ Per-Match (ပွဲစဉ်တစ်ခုပြီးတိုင်း ပွဲရလဒ်ပေးပို့မှု)၊ Per-Gold (ပွဲချိန်အတွင်း ဂိုးသွင်း ပြီးတိုင်း ရလဒ် ပေးပို့သည့် ဝန်ဆောင်မှု) စသည်ဖြင့် အမျိုးအစား တစ်ခုချင်းစီ အလိုက် ဈေးနှုန်း အသီးသီးသတ်မှတ်ထားပြီး Pre- Match News အတွက် ၂၆၀ဝကျပ်၊ Per-Day အတွက် ၇၆၀ကျပ်၊ Per- Match အတွက် ၁၄၀ဝကျပ်နှင့် Per-Gold အတွက် ၅၂၀ဝကျပ် အသီး သီးဖြစ်ကာ ထိုသို့ SMS ပေးပို့သည့်ဝန်ဆောင်မှုကို ရရှိရန်အတွက် Registration ပြုလုပ်ရမည်ဖြစ်ပြီး ဖုန်းနံပါတ် ၁၈၈၁၁သို့ Pre-Math အတွက် EURO 2012 NEWS, Per-Day အတွက် EURO 2012 RESULT, Per-Match အတွက် EURO 2012 MATCH နှင့် Per-Gold အတွက် EURO 2012 LIVE 5200 စသည်ဖြင့် မိမိရရှိလိုသည့်ဝန်ဆောင်မှုအလိုက် စာသားများထည့်သွင်းကာ Message ပေးပို့ပြီး Registration ပြုလုပ်ရမည် ဖြစ်ကာ ၄င်းဝန်ဆောင်မှုရယူလိုသူများအနေဖြင့် ဇွန်လ ၇ရက်နေ့မှစတင် ၍ SMS ပေးပို့ကာ Registration ပြုလုပ်နိုင်ပြီဖြစ်ပြီး သတင်းနှင့်ရလဒ်များ ကို EURO 2012 စတင်မည့် ဇွန်လ ၈ရက် နေ့မှစတင်ပေးပို့သွားမည်ဖြစ် ကြောင်းသိရှိရသည်။
၄င်းဝန်ဆောင်မှုအတွက်ဝန်ဆောင်ခကို တယ်လီဖုန်း ခေါ်ဆိုခထဲမှ ချေယူသွားမည်ဖြစ်ပြီး Post Paid နှင့် Pre Paid ငွေပေးချေမှု စနစ်နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ကြောင်းသိရှိရသည်။ ၄င်းအစီအစဉ်ကို ELEVEN Media Group နှင့် Yatanarpon Call Center တို့မှ ပူးပေါင်း စီစဉ်တင်ဆက် ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ညိုသွေး