စ ကော့ တ လန် ၌ Communication and Media ဘာသာ ရပ်များ တွင် ပထမ တန်းစား အဆင့်ရှိပြီး စာရင်းအင်းနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဘာသာ ရပ် များ ပို့ချရာတွင် UK ထိပ်ဆုံး ၁၀ ကျောင်း စာရင်းဝင် University of Stirling မှ ဘွဲ့လွန် Pre-Master သင်တန်းအတွက် အရည်အချင်း ပြည့်မီသည့် ကျောင်းသား များအတွက် ပညာသင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်းအထိ ပေးအပ် သွား မည် ဖြစ်ကြောင်း သိရသည်။
Pre-Master အတွက်ပညာ သင်စရိတ်မှာ £7,400 ခန့်ကုန်ကျမည် ဖြစ်ပြီး ပညာသင်ဆုများကို University of Stirling မှ Diploma (Business) အတွက် ပညာသင်ထောက်ပံ့ ကြေး ၂၀ရာခိုင်နှုန်းအား ကျောင်း သား ၅ဦး၊ International Foundation Year Business ပညာသင်ထောက်ပံ့ ကြေး ၁၀ရာခိုင်နှုန်းကို ကျောင်း သား၅ဦး၊International Foundation Year Science and Computing ပညာ သင်ထောက်ပံ့ကြေး ၁၀ ရာခိုင်နှုန်း ကို ကျောင်းသား၂ ဦးနှင့် Pre- Masters (2 term) အတွက် ပညာသင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်းကို ကျောင်းသား ၁ ဦးဟု သတ်မှတ်၍ အသီးသီး ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။
University of Stirling ၏ International Study Center တွင် Pre- Master ဘာသာရပ်များအဖြစ် Economics and Finance , Management and Marketing ဘာသာရပ် များကို တက်ရောက် သင်ကြားနိုင်ပြီး ဝင် ခွင့်တိုက်ရိုက်လျှောက်ထားပါက ဝင် ခွင့်ရရှိရန် ခက်ခဲလေ့ရှိသောနိုင်ငံ တကာ ကျောင်းသားများ အတွက် ISC မှတစ်ဆင့်လွယ်ကူစွာ ဝင်ခွင့် ရရှိစေရန် အထူးရည်ရွယ်၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း သိရသည်။
ISC တွင် တက်ရောက်ရမည့် Pre-Masters in Economics and Finance နှင့် Management and Marketing ပရိုဂရမ်အောင်မြင်ပြီးပါက Master Degree ပရိုဂရမ်များဖြစ်သည့်MBA, MEd, Mlitt, MRes နှင့် MSc ဒီဂရီတို့ ကို University of Stirling တွင်ဆက် လက်တက်ရောက်နိုင်ပါသည်။
ကျောင်းလခနှင့် အခြားလေ့ လာထားရမည့် အသေးစိတ်အ ချက်အလက်များကို http://www. stir.ac. uk တွင် ဝင်ရောက်လေ့လာ နိုင်ပြီး ပညာသင်ဆု လျှောက်ထား လိုပါ က CROWN Education ဖုန်း- ဝ၉၅၀၈၅၁၈၅ နှင့် ဝ၉ ၇၃၂၇- ၃၂၇၇ သို့ဆက်သွယ်၍ မေးမြန်းစုံ စမ်းနိုင်ကြောင်း သိရှိရပါသည်။
မေမြသူ