လွှတ်တော်အစည်းအဝေးများ ပြန်လည်ခေါ်ယူ

လွှတ်တော်အစည်းအဝေးများ ပြန်လည်ခေါ်ယူ၊ လက်ရှိပြဿနာများကို ဆွေးနွေးရန်ရှိ


ရပ်နားထားတဲ့ လွှတ်တော် အစည်းအဝေးတွေကို လာ မယ့် ဇူလိုင် ၄ ရက်နေ့ မှာ ပြန်လည် ကျင်းပဖို့ ခေါ်ယူ လိုက်ပါပြီ။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ စတုတ်ထ ပုံမှန်အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁ နာရီမှာခေါ်ယူထားပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးတွေကို အဲ့ဒီနေ့ မနက် ၁၀ နာရီမှာ အသီးသီး ကျင်းပမယ့်အကြောင်း လွှတ်တော် အကြီးအကဲတွေက ဇွန် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါကြောင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကို ပြုလုပ်နိုင်ဖို့ ဇူလိုင်လ ၂ ရက်ထက် မစော၊ ၃ ရက်နေ့ ထက် နောက်မကျဘဲ နေပြည်တော် လွှတ်တော်ရုံးကို ဆက်သွယ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။ အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေး မှာ လက်ရှိ တိုင်းပြည် မှာဖြစ်ပေါ်နေတဲ့ ကိစ်စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဦးက “ပညာရေးနဲ့ပတ်သက်ပြီး တိုးတက်အောင်ပေါ့။ ဒါတွေ စီစဉ်ထား တယ်။ နောက်တခုက စွမ်းအင်၊ လျှပ်စစ်ကိစ်စတွေပေါ့။ ဒါတွေကလည်း တကယ်အာမခံနိုင်တဲ့ အဆင့်အတန်းရှိမှ။ နောက်တခုကလည်း အလုပ်သမားကိစ်စပေါ့။ အားလုံးလည်း ဒါစိတ်ဝင်စား စရာဖြစ်တဲ့အတွက် လုပ်ကြပါလိမ့်မယ်။ အဲ့အချက်တွေကလည်း သိုင်းဝိုင်းပြီး လုပ်ကြရမှာပါပဲ။ ဗဟိုမှာ ပေါင်းပြီးတော့ ကော်မတီအနေနဲ့ ဆွေးနွေးမှာပါ။ ပါတီမှာလည်း ဆွေးနွေးမှာပါ။ ပါတီမှာလည်း ရှိပြီးသားပါ။”

ဒါ့အပြင် သဃင်န်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အခုပေါ်ပေါက်နေ တဲ့ အခြေအနေတချို့နဲ့ ဆက်စပ်တဲ့ မေးခွန်းတွေ အဆိုတွေတချို့တော့ ကျနော်လည်း ပေးပို့ထားပါတယ်။ အသေးစိတ်တော့ လွှတ်တော်ဥပဒေအရ ကျနော်အခုချိန်မှာ ဖော်ပြခွင့်မရှိဘူး။ ကျနော်ပြောလို့ရတဲ့ အချက်ကတော့ ကျနော်လည်း လွှတ်တော်အစည်းအဝေးက တကြိမ်ပြီး တကြိမ်၊ နောက် လွှတ်တော်ရဲ့ ခိုင်မာမှုပေါ့၊ အားကောင်းမှုပေါ့။ လွှတ်တော်နိ်ုင်ငံရေးရဲ့ မြင့်မားလာမှုတွေကတော့ တကြိမ်ပြီးတကြိမ် တိုးတက်လာတယ်။ အားရစရာ ကောင်းတယ်လို့ ကျနော်ပြောပါရစေ။”

ဒီလွှတ်တော်အစည်းအဝေးမှာပဲ ကြားဖြတ်ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး လည်း လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ရှိနေတယ်လို့ အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတုန်းက ကျမ်းသစ်စာကျိန်ဆိုဖို့ ကျန်နေသေးတဲ့ ကိုယ်စား လှယ်တွေလည်း ကျိန်ဆိုကြမယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ဆိုပါတယ်။

“၄ ရက်နေ့ လွှတ်တော်က ၂ ရက်နေ့သတင်းပို့ရမယ်။ ၄ ရက်နေ့ကို လွှတ်တော်တက်ရမယ်ဆိုပြီး ထုတ်ပြန်တယ်လို့ ပြောပါတယ်။ လွှတ်တော်တက်မှာပါ၊ ပထမဆုံး အကြိမ်လွှတ်တော် တက်မှာဖြစ်တယ်။ ကျမ်းသစ်စာကျိန်ဆိုဖို့လည်း အခုမှလုပ်မှာဖြစ်ပါတယ်။ ဒီတကြိမ်မှသာ လွှတ်တော်ရဲ့ အခြေအနေတွေ၊ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာ လေ့လာပြီးမှ ဘာတွေ တင်ပြမယ်။ ဘာတွေဆောင်ရွက်မယ် ဆိုတာကို ပြင်ဆင်မှာပါ။”

ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို မေလ  ၂ ရက်နေ့က ရပ်နားခဲ့တာဖြစ်ပြီး ၂ လအကြာမှာ ဇူလိုင် ၄ ရက်နေ့မှာ ပြန်လည် ခေါ်ယူကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးမှာ လတ်တလော ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ကိစ္စအတွက် ခိုင်မာတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နောက်တခါ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ လုပ်ထုံး လုပ်နည်းဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့အတူ လျှပ်စစ်မီး ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ ဆွေးနွေးမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection