BBC Burmese ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍသို့ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ပေးစာ
တာဝန်သိတတ်မှ တာဝန်ယူရဲမည့် ထပ်ဆင့်ဖော်ပြခြင်းချစ်စွာသောဘီဘီစီ ( BBC ) သတင်းဌာန ခင်ဗျား-
ခင်ဗျားတို့သတင်းဌာနက ၂၀၁၀ ခုနှုစ် စက်တင်ဘာလတစ်ရက်နေ့မနက်ပိုင်း အစီအစဉ်မှဗြိတိန်နိုင်ငံ အခြေစိုက်ရိုဟင်ဂျာအဖွဲ့အစည်းဥက္ကဌဦးထွန်းခင်နှုင့်အင်တာဗျူးအားနားသောတဆင်နားထောင်မိခဲ့ပါသည်။ ၎င်းကဏ္ဍတွင်အပိုင်းအားဖြင့်နှုစ်ပိုင်းရှိနေပါသည်။ကျွန်တော်တို့အနေဖြင့်လည်း ရခိုင်ပြည်မြောက်ပိုင်းတွင် ရှိနေသည့်ရိုဟင်ဂျာများအား မြန်မာ့တပ်မတော်ကသတိကြီးစွာဖြင့် ကြပ်မတ်ကြီးကြပ်ခဲ့ခြင်းအား မငြင်း လိုပါ။
တာဝန်သိတတ်မှ တာဝန်ယူရဲမည့် ထပ်ဆင့်ဖော်ပြခြင်းချစ်စွာသောဘီဘီစီ ( BBC ) သတင်းဌာန ခင်ဗျား-
ခင်ဗျားတို့သတင်းဌာနက ၂၀၁၀ ခုနှုစ် စက်တင်ဘာလတစ်ရက်နေ့မနက်ပိုင်း အစီအစဉ်မှဗြိတိန်နိုင်ငံ အခြေစိုက်ရိုဟင်ဂျာအဖွဲ့အစည်းဥက္ကဌဦးထွန်းခင်နှုင့်အင်တာဗျူးအားနားသောတဆင်နားထောင်မိခဲ့ပါသည်။ ၎င်းကဏ္ဍတွင်အပိုင်းအားဖြင့်နှုစ်ပိုင်းရှိနေပါသည်။ကျွန်တော်တို့အနေဖြင့်လည်း ရခိုင်ပြည်မြောက်ပိုင်းတွင် ရှိနေသည့်ရိုဟင်ဂျာများအား မြန်မာ့တပ်မတော်ကသတိကြီးစွာဖြင့် ကြပ်မတ်ကြီးကြပ်ခဲ့ခြင်းအား မငြင်း လိုပါ။
သို့သော်ထိုရိုဟင်ဂျာဆိုသူများသည် မြန်မာ့တပ်မတော်၏ ဖိနှိပ်အုပ်ချုပ်ခံလူနည်းမျိုးစု တစုတည်းတော့ မဟုတ်ပါ။ ကျွန်တော့်အနေဖြင့် မည်ကဲ့သို့သော အကြောင်းကြောင့် နာမည်ကြီးသတင်းဌာနများမှ ဤရိုဟင်ဂျာများအရေးကိစ္စအပေါ် အခြားလူမျိုးနည်းစုများထက်ဦးစားပေး မီးမောင်းထိုးပေး ဖေါ်ပြ နေခြင်းများအားလည်း အထူးအံ့သြရပါသည်။
ရိုဟင်ဂျာများအားမြန်မာနိုင်ငံ၏ အမျိုးသားတိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် အသိအမှတ်ပြု ပေးရန် မှာလည်းကွဲပြားခြားနားသည့် အကြောင်းအရာဖြစ်နေပါသည်။ ထိုရိုဟင်ဂျာဆိုသူများသည် ဗြိတိသျှကိုလိုနီ အဖြစ်အုပ်ချုပ်ခဲ့စဉ်အခါက၄င်းတို့မှာ ဘင်ဂါလီမျိုးနွယ်စုမှ ပေါက်ဖွားလာသူများဖြစ်ကြပြီး ရခိုင်မြေယာ လုပ်ငန်းများတွင် အငှားလုပ်ကိုင်စေရန်ဗြိတိသျှအစိုးရမှ ခေါ်ဆောင်ဝင်ရောက်လုပ်ကိုင်စေခဲ့ရာမှ ရခိုင်မြေ တွင် အခြေချနေထိုင်လာခဲ့သူများသာ ဖြစ်ကြပါသည်။ ကျွန်တော့်ထံတွင်လည်းသမိုင်းကြောင်း အထောက် အထားခိုင်လုံစွာ ရှင်းပြနိုင်သည့်သက်သေအထောက်အထားများရှိပါသည်။ ခင်ဗျားတို့ဖတ်ရှုလေ့လာ လိုပါကလည်း ကျွန်တော်ကိုယ်တိုင်သုတေသနပြုစုထားသည့် "SOSA Bulletin Of Burma Research 3-2 " အက်စ်အိုအက်စ်အေမြန်မာ့အစိုးရပြန်တမ်းသုတေသန ၃-၂ အားလည်းဖတ်ရှုနိုင်ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီအကြောင်းနှုင့်ပါတ်သက်ပြီး သမိုင်းစာပေလေ့လာလိုက်စားသူ ပညာရှင်များက စကားပြောဆိုဆွေးနွေး / စကားရည်လုလိုပါလျှင် အဆင်သင့်ပါခင်ဗျား။
ဗြိတိသျှအုပ်ချုပ်စဉ်ကာလများမှာ ထိုရိုဟင်ဂျာများသည် လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် အခြေချနေထိုင်ခဲ့ကြသူများသာဖြစ်သည်။ မူရင်းနေထိုင်ကြသူရခိုင်လူမျိုးများမှလည်း ကြိုဆိုနေရာ ပေးလုပ် ကိုင်စေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၎င်းရိုဟင်ဂျာများမှာ လူဦးရေပိုမိုများပြားလာကာ ထိုမြေဒေသအား အရှေ့ပါကိစ္စတန် ယခုဘင်ဂလားဒေ့ရှ်နိုင်ငံနှုင့် မဆက်စပ်မပူးပေါင်းလိုပါဟု တောင်းဆို ကာခွဲထွက်နယ်မြေအဖြစ် မြန်မာ့လွတ်လပ်ရေးမရမှီကပင်လိုချင်ရမ္မက်ကြီးပိုလာခဲ့ကြပါသည်။ ပါကစ္စတန် ခေါင်းဆောင်များမှ သဘောမတူဖြစ်လာချိန်တွင်ထိုရိုဟင်ဂျာများသည် ( Jihad ) မူဂျာဟစ်ဟူပြီး မြန်မာ့ မြေပေါ်တွင် ကြေငြာလာခဲ့ကြသည်။ ထို့နောက်တောတွင်းပုန်ကန်မှု စစ်ပွဲတွင် မြန်မာ့တပ်မတော်ထံ ရှုံးနိမ့်ကာ ၎င်းတို့ကိုယ်တိုင်ရိုဟင်ဂျာဟု ပြောင်းလဲအမည်တပ်ခေါ်တွင်လာကြကာ ၎င်းတို့နေထိုင်ရာ မြေဒေသအား ရိုဟင်ဂျာပြည်နယ်ဟု ခေါ်တွင်စေရန် ကြိုးပမ်းလာခဲ့သည်။ ဗြိတိန်ကွန်ဂရက်အမတ် စမစ် ( Smith ) ပြောသည့် ပါကစ္စတန်၊အာရပ်နွယ်ဖွားနှုင့် အိန္ဒိယနွယ်ဖွားတို့သည် ၎င်းဒေသတွင် ပြောင်းရွှေ့ အနေကြာလာပြီးနောက် ဗြိတိသျှနိုင်ငံသားဖြစ်ခွင့်ရခဲ့ကြခြင်းကို ကျွန်တော်သဘောတူပါသည်။
သို့သော်ဗြိတိန်နိုင်ငံတွင်းတွင် နေထိုင်အခြေချသူများမှာ မည်သည့်အချိန်ခါကမှ အမျိုးသားရေးအတွက် နယ်ပယ်သီးခြားတောင်းဆိုခဲ့ကြခြင်း မရှိကြောင်းတွေ့ရပါသည်။ ၎င်းတို့သည်မည်သည့်ခါမျှ လူမျိုး နွယ်စုအဖြစ် သီးခြားရပိုင်လိုမှု တောင်းဆိုခဲ့ခြင်း မရှိပါ။ ဥပမာ..စကော့ ( Scottish ), အိုင်းရစ် (Irish) , သို့မဟုတ် ဝေးလ် (Wales) တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် မြောက်ပိုင်းပင်လယ်ဖက်တွင်တောင်မှ မည်သည့်အချိန်ကမှ ကိုယ်ပိုင်နယ်မြေဧရိယာအား ကိုယ်ကျိုးအတွက်မတောင်းဆိုခဲ့ကြဖူးပါ။ သူတို့ ကိုယ်တိုင်ကိုလည်း ဗြိတိန်နိုင်ငံသားဟုသာ ခေါ်ဆိုကြပါသည်။သို့သော်မြန်မာနိုင်ငံ ရခိုင်ဒေသမြေပေါ်တွင် လာရောက်အခြေချနေထိုင်လာခဲ့ကြသော စစ်တကောင်းဘင်္ဂလီများမှာမူ ၁၉၄၇ခုနှစ်တွင် ရခိုင်ပြည် နယ် အား ပိုင်းခြားနယ်မြေရလိုကြောင်း တောင်းသည်အထိ လောဘဖြစ်လာခဲ့ကြသည်။ ဝင်ရောက်အခြေချ နေထိုင်ခဲ့သူ ထိုလူမျိုးများက သီးခြားမြေခွဲပေးရန် တောင်းဆိုမှုပြုလာချိန်တွင် နယ်မြေပိုင်ရှင် ရခိုင်လူမျိုး များ မည်ကဲ့သို့ ခံစားရမည် ထင်ပါသနည်းဟု ဘီဘီစီ ( BBC ) နှုင့် ဦးထွန်းခင်တို့ အားမေးချင်ပါသည်။
အေးချမ်း၊ သမိုင်းပါမောက္ခ၊ နိုင်ငံတကာယဉ်ကျေးမှုဌာန
Aye Chan၊ Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan.