MCC ဖျော်ဖြေပွဲတွင် ချစ်သုဝေ

MCC ဖျော်ဖြေပွဲတွင် ချစ်သုဝေ ပါဝင် မဖျော်ဖြေ ဖြစ်ခြင်း အကြောင်းအရင်း

ဇွန်လ ၉ရက်နေ့MCCမှာ ပြုလုပ်တဲ့ ဂီတ ဖျော်ဖြေပွဲ တစ်ခုမှာ အကြောင်း အမျိုး မျိုး ကြောင့် မဆိုဖြစ်ခဲ့ ရခြင်း အပေါ် အဆိုတော် ချစ်သုဝေက သူ့ ပရိသတ် များ အတွက် အသိ ပေးရှင်းလင်း ပြောကြား လာခဲ့ ပါတယ်။ အဆိုတော် ချစ်သုဝေ ၏ ဖြေရှင်း ချက် ''ဒီပွဲလေးမှာ မပါဝင်ဖြစ်တဲ့အတွက် ပရိသတ် ကြီး ကို အရင်တောင်းပန် ပါတယ်။ ကျွန်မကိုလည်း နယ်က ပရိသတ်တွေ သီချင်းတွေ တောင်းထား တယ်။ ဒါပေမဲ့ ကျွန်မဒီပွဲလေးကို မဆိုဖြစ်တော့ဘူး။ ပရိသတ်အတွက် စိတ်မကောင်းဘူး။ ဒီပွဲလေးပျက် သွားရတဲ့ အကြောင်းက ကျွန်မကို မီဒီယာရုပ် သံလိုင်း တစ်ခုက ဘောလုံး ပွဲတွေကြားမှာ လွှင့်ဖို့ အတွက် Free showတစ်ခုလုပ်ပြီး ဘောလုံးပွဲတွေ ကြားမှာ တိုက်ရိုက် လွှင့်ချင်တယ်တဲ့။ ကျွန်မထင် တာက MRTV-4 တုန်း ကလည်း Kick Rock ရှိုးလုပ်သွားတယ်။ အဲဒီအတွက် MRTV-4က ထိုက် တန်တဲ့ အနုပညာကြေးကို ကျွန်မတို့ အဆိုတော်တွေရော၊ တေးရေးတွေ ကိုရော ရှင်းပေးတယ်။

ကျွန်မတို့ကလည်းMRTV-4က အနုပညာသမားတွေ ကို တလေးတစား လုပ်ဆောင်သလိုပဲ ယူဆပြီးတော့ ကျွန်မအနုပညာကြေး က ဒီလိုရှိပါတယ်။ ဒါနဲ့ ကျွန်မဆိုမယ့် သီချင်းတွေကို အဲဒီမီဒီယာကြီးက List တောင်းတယ်။ မြူးမြူးလေးတွေ ဆိုပေးပါဆိုတော့ ကျွန်မ သီချင်းမြူးမြူးလေးတွေ ၆ပုဒ်ပေး လိုက် တယ်။ တေးရေး ဘယ်သူ ဆိုတာ ပြောလိုက်တယ်။ သူတို့က တေးရေးတွေကို ရှင်းပေးမယ်တဲ့။ အဲဒီလိုပဲ ထင်ခဲ့မိတဲ့အတွက် စကားအပြီး အစီး ပြောပြီးသွားလို့ ပွဲလေးက Confirm ဖြစ်သွားတယ်။ သေချာသွား လို့သာ သူတို့ကတီဗီထဲမှာ နာမည်ကို ထည့်ပြီး ကြော်ငြာတာပေါ့။ သီချင်းတိုက်ဖို့ အတွက် တီးဝိုင်း သမားက ဖုန်း ဆက်တယ်။ နဝရတ်စတူဒီယိုမှာ ၆နာရီထိရှိမယ်ဆိုပြီး ဆက်တယ်။ ကျွန်မ အဲဒီတုန်းက ပြင်ဦးလွင် ရောက်နေတယ်။ သီချင်းတိုက်မယ့်နေ့ကျတော့ ရန်ကုန်မှာ ရှုတင်ရှိတဲ့အတွက် နည်းနည်း နောက်ကျမလား မသိဘူး ဆိုပြီးတော့ တာဝန်ရှိတဲ့လူကို ခဏလောက်တော့ စောင့်ပေးပါလို့ ဖုန်းဆက် လိုက်တယ်။ ကျွန်မဘက်က နည်းနည်းလေး နောက်ကျသွားမှာ စိုးလို့ မလေးစားရာရောက်မှာ စိုးလို့ ဆက်တာ။ အဲဒီအချိန်ကျမှ အဲဒီဘက်က တာဝန်ရှိသူက ကျွန်မကို ဘယ်လိုပြောလဲဆိုတော့ အဲဒီပွဲလေးက အနုပညာကြေးလေး ပြန်ပြီးညှိနှိုင်းချင်လို့ပါဆိုပြီး အနုပညာကြေးကို ထက်ဝက်ညှိ နှိုင်းပါတယ်။

ကျွန်မနဲ့ ပြောထားပြီးသား အနုပညာကြေးကို ကျွန်မနာမည် ကြီး ကြော်ငြာပြီးတော့ အားလုံးတီဗီထဲမှာ ပါပြီးသွားတော့မှ ကျွန်မကို ထက်ဝက် လာညှိနှိုင်းပါတယ်။ သူတို့ပြောတဲ့စကားလေးက သူတို့အစည်း အဝေး ထိုင်ပြီးဆုံးဖြတ်ထားတာက အမြင့်ဆုံးကြေး ဒီလောက်ပါဆိုတော့ အဲဒီ မီဒီယာကြီးက တာဝန်ရှိ တဲ့လူတွေကို ပြောချင်တာက ကျွန်မတို့ အနု ပညာသမားတွေကို ဘာတန်ဖိုးနဲ့ သတ်မှတ်တာလဲ၊ Priceနဲ့ သတ်မှတ်တာ လား။ Value နဲ့ သတ်မှတ်တာလား။ Price နဲ့ Valueက တန်ဖိုးဆိုတဲ့ အဓိပ္ပာယ်ချင်း တူပေမယ့် တအားကို နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကွာခြား ချက်တွေ အများကြီးပဲ။ တန်ဖိုးဆိုတာ တန်ဖိုးရှိတဲ့ လူတွေကိုပဲ Valueနဲ့ တိုင်းလို့ရတယ်။ Price ဆိုတာ ဈေးနှုန်း၊ ကုန်ပစ္စည်းတွေကို တပ်လို့ရတယ်။ ကျွန်မတို့အနုပညာရှင် တွေကို သူတို့ဒါမျိုး ဈေးသတ်မှတ်ထားပါတယ်ဆိုပြီး လုပ်ခွင့်မရှိဘူး။ လူတစ်ဦး စီမှာ သူတို့ သတ်မှတ်ထားတဲ့ တန်ဖိုးဆိုတာ ရှိတယ်။ ကျွန်မစိတ်ထဲ ကသိကအောင့် ဖြစ်သွား တော့ ကြော်ငြာပြီးသွားပြီး၊ အားလုံး Confirm ဖြစ်ပြီးသွားတော့ ဒီလို ထက်ဝက်ကြေး လာမစစ်ပါနဲ့ ဆိုတော့ သူတို့ဘက်က အဆင်မပြေဘူးတဲ့။ ဒါဆိုရင်တော့ ကျွန်မမှာ အခက်အခဲရှိတယ်။

အဲဒီအတွက် ကျွန်မက ပရိသတ်ကိုလည်း တောင်းပန် ရမယ်။ စာနယ်ဇင်းတွေနဲ့ပြောမယ်ဆိုတော့ သူတို့ ဖုန်းပြန်ဆက်လာတယ်။ အဲဒီအချိန်မှာလည်း ပွဲကြော်ငြာတဲ့ အခါမှာ တီဗီထဲမှာ ကျွန်မနာမည်ကို ထည် ့ထားလိုက်၊ မထည့်ထားလိုက် လုပ်နေတယ်။ ကျွန်မ ဒီပွဲကိုဆိုချင်စိတ် မရှိတော့ဘူး။ ကြော်ငြာပြီး သားဖြစ်တဲ့အတွက် ပရိသတ်မျက်နှာကို ကြည့်ပြီး စဉ်းစားတယ်။ သူတို့ဘက်က ကျွန်မအနုပညာကြေးက အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့ သီချင်း၃ပုဒ်ပဲ လွှင့်မယ်။ ဒီ၃ပုဒ် က တေးရေးတွေကို ကိုယ့် ဘာသာကိုယ် ညှိနှိုင်းပေးပါ။ ကျွန်မကတော့ ရပါစေတော့ ကျွန်မ တေးရေးတွေတော့ မပေးဘူးဆိုတဲ့ သဘောပေါ့။ ကျွန်မဒီလောက ထဲမှာ ရှင်သန်နေတာ ကိုယ်ကျိုးတစ်ယောက်တည်းကြည့်ပြီး ရှင်သန်တတ် တဲ့လူထဲမှာမပါဘူး။ ကျွန်မတစ်ယောက်ထဲ ရပါစေတော့ဆိုတဲ့ သဘောကြီးနဲ့ မလုပ်နိုင်တဲ့အတွက် ဒီပွဲကိုမဆိုဖြစ်တော့ဘူး။ အဲဒီလို စကားမျိုးပြောထွက် ရက်တာကိုလည်း တအားအံ့သြတယ်။ အနုပညာ သမားတွေ အားလုံးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ နေနေကြတာ။ တေး ဆို၊ တေးရေး၊ တီးဝိုင်းသမားတွေ၊ ထုတ်လုပ်ရေးတွေ၊ ဖြန့်ချိရေးတွေ၊ Mixing ဆွဲတာကအစ၊ အလွှာအသီးသီးက စုပေါင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်လုပ်ပြီးမှ ဒီအလုပ်တစ်ခုက အောင်မြင်တာ၊ ဒီအလုပ်အောင် မြင် လာလို့ ဒီလူတွေနဲ့ ဆက်ဆံပြီး စီးပွားရေး လုပ်တော့ မယ်ဆိုရင် ကျွန်မတို့ အနုပညာသမားတွေနဲ့ ဆက်ဆံတဲ့အတွက် အနုပညာ ကို ချစ်တဲ့စိတ်လေးနဲ့ ဆက်ဆံဦးမှ အနုပညာသမားတွေတိုင်းကို လေးစား တဲ့စိတ်လေးနဲ့ ဆက်လုပ်မှဖြစ်မယ်။ ဒီလို မီဒီယာကြီးက ကျွန်မ အပေါ် ခုလို လုပ်တဲ့အတွက် စိတ်လည်းမကောင်းဘူး။ တအားလည်း ဝမ်းနည်းမိတယ်''။

ခိုင်ဝေလွင်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection