NLD နှင့် ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်သူများကို အပြိုင်ကူညီ

NLD နှင့် ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်သူများကို အပြိုင်ကူညီ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြင့်မြတ်သော နှလုံးသား(Nobel Heart)အမည်ဖြင့် ဆေးခန်းဖွင့်လှစ် ကာ လူနာများအား ကူညီပေးနေပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဖြိုးစေတနာ ဆေးခန်းဖွင့်လှစ်ကာ ကူညီကုသပေးလျက်ရှိသည်။

မီးဘေးသင့် ဒုက္ခသည်များကို နိုင်ငံရေးပါတီ ၂ ခုနှင့် လူမှုရေးအဖွဲ့အစည်းများက ကူညီလှူဒါန်းလျက် ရှိသည်။ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသော မဟာဝိဇိယရာမကျောင်းတိုက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြင့်မြတ်သော နှလုံးသား(Nobel Heart)အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ကာ လူနာ များအား ကူညီပေးနေပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဖြိုးစေတနာ ဆေးခန်း ဖွင့်လှစ်ကာ ကူညီကုသပေးလျက်ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နံနက်စာအတွက် ထမင်းထုပ် ၁၀ဝ လှူဒါန်းပြီး၊ ခေါက်ဆွဲ ခြောက်၊ အဝတ်အထည်နှင့် ဒန်အိုးဒန်ခွက်များ ဆက်လက်လှူဒါန်းမည်ဟု သတင်းရရှိသည်။ တာမွေမြို့ နယ် ပြည်ခိုင်ဖြိုးပါတီကလည်း လူ ၅၀ဝ စာအတွက် ထမင်းထုပ်များ လှူဒါန်းနေသည်။ ရန်ကုန်တိုင်း ဒေသကြီး ဒုတိယဥက္ကဋ္ဌက လူ ၁၂၀ဝ အတွက် ထမင်းထုပ်များ လှူဒါန်းခဲ့သည်။










လူမှုရေးအဖွဲ့တစ်ခုဖြစ်သော BG သွေးလှူဒါန်း သောအဖွဲ့ကလည်း သွေးလှူဒါန်းမှုများကို ပြုလုပ် နေပြီး၊ ရဲတိုက်ဖောင်ဒေးရှင်းကလည်း အခင်း ဖြစ်ပြီးစတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒုက္ခသည် များ အတွက် ရေသန့်ဗူးလှူဒါန်းကာ အရေးပေါ် လိုအပ်သော ပစ္စည်းများ ထပ်မံလှူဒါန်းရန် သွား ရောက်နေသည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာ ရေး ကော်မတီကလည်း ကျပ် ၁၀ သိန်းလှူဒါန်း သည်။

နာမည်ကျော်သူဌေးကြီးများဖြစ်သောဦးဇော်ဇော်ပိုင် (Max Myanmar) ကုမ္ပဏီနှင့် ဦးတေဇ၏ ထူးဖောင်ဒေးရှင်းတို့ကလည်း လိုအပ်သည်များ လှူဒါန်းရန် လာရောက်လေ့လာခဲ့သည်။ စေတနာရှင် ပြည်သူများအနေဖြင့် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားသော မဟာဝိဇိယရာမ ကျောင်းတိုက်သို့ လွတ်လပ်စွာ လှူဒါန်းနိုင်ကြောင်းလည်း ကြေညာထားပြီး၊ တစ်ဦးချင်း စေတနာရှင် များလည်း လာရောက်လှူဒါန်းနေကြောင်း သတင်းရရှိသည်။

Credit: 7Day News Journal

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection