ပုဇွန်တောင် ဂိုထောင်ပေါက်ကွဲမှု

လူအသေအပျောက်များသည့် ရန်ကုန်မြို့ပေါက်ကွဲမှု

စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၇ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။





မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူ များတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေသော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။

ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံ ပေါက်ကွဲမှု ကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။

ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများ အပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။

ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀ဝ၊ ၅၀ဝ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မ ကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။

အဆောက်အဦးပေါက်ပြီး ပြန့်ထွက်လာတဲ့ ခဲမှန်လို့ပင် ဒဏ်ရာရသူများကို တွေ့ရပြီး “သွေးသံရဲရဲနဲ့ လူအများ
ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

“ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။

ဒဏ်ရာရသူများကို သယ်ထုတ်နေသည်မှာ မပြီးပြတ်နိုင်သေးဘဲဖြစ်ပြီး အသေအပျောက် ရှိလိမ့်မည်ဟု အခင်း ဖြစ်ပွားရာ ရောက်နေသော လုံခြုံရေးတဦးက ပြောသည်။

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် ဝါယာရှော့ပ်ဖြစ်ရာမှ စတင် ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။



http://www.facebook.com/ElevenMediaGroup
http://www.mizzimaburmese.com/news/breaking-newsbrief/8824-2011-12-28-19-54-09.html

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection