ဘားကမ့်ရန်ကုန် တတိယအကြိမ် ကျင်းပမည်

ဘားကမ့်ရန်ကုန် တတိယအကြိမ် ကျင်းပမည်

နည်းပညာနှင့် ပတ်သက် ဆက်နွှယ်နေသည့် မည်သည့် အကြောင်းအရာမျိုးကိုမဆို မည်သူမဆို လွတ်လပ်စွာ တက်ရောက် ဆွေးနွေးနိုင်သည့် ဘားကမ့်ရန်ကုန်ကို တတိယအကြိမ်မြောက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဘားကမ့် ဆိုသည်မှာ နည်းပညာနှင့် ပတ်သက် ဆက်နွှယ်နေသည့် အကြောင်းအရာ ကိစ္စ တိုင်းကို သတ်မှတ်ထားသော နေရာတစ်ခုတွင် မည်သူမဆို လွတ်လပ်စွာ ဆွေးနွေး၊ ဟောပြော၊ တက်ရောက် နိုင်သည့် တွေ့ဆုံပွဲတစ်ခု ဖြစ်သည်။ 


အသက်အရွယ်၊ အလုပ်အကိုင် ကန့်သတ်ထားခြင်း မရှိသည့် ထိုဘားကမ့် တွေ့ဆုံပွဲကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ် နယ်မြေရှိ မြန်မာ အင်ဖိုတက်ခ်ဝင်းအတွင်း ကျင်းပေး သွားမည် ဖြစ်ကြောင်း ယင်း Barcamp Yangan 2012 စီစဉ်သူများထံမှ သိရသည်။ တတိယအကြိမ်မြောက် ပြုလုပ်မည့် Barcamp Yangon 2012 သို့ နိုင်ငံတကာမှ Barcamper များမှာ ယခင်နှစ်များထက် ပိုမိုတက်ရောက်မည့် အနေအထားတွင် ရှိနေကြောင်း ယင်းတွေ့ဆုံပွဲကို စီစဉ်သူများထဲမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သော ဦးတင်ထူးခိုင်က ပြောသည်။ ထို့အပြင် ယခုတစ်ခေါက် ကျင်းပမည့် အဆိုပါဘားကမ့်သို့ တက်ရောက်လာသူများ အင်တာနက် အသုံးပြုနိုင်ရန်အတွက် အခမဲ့ဝိုင်ဖိုင် အင်တာနက်ဇုန်များကိုပါ ပေးထားမည်ဖြစ်ပြီး တက်ရောက်လာသူများ ယူဆောင်လာသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ပါဝါ သွင်းယူနိုင်မည့် မီးပလပ်ပေါက်များကိုပါ အများအပြား စီစဉ်ပေးထားမည် ဖြစ်သည်။ ယခင်နှစ်များကဲ့သို့ပင် ဘားကမ့်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအနက်မှ အလုပ်အကိုင် လိုအပ် နေသည့် လူငယ်များအတွက် ပြည်တွင်းနည်းပညာ ကုမ္ပဏီများ အနေဖြင့် အလုပ်အကိုင် ခေါ်ယူခြင်းများကိုပါ ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။ နံနက်၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည့် ယင်းဘားကမ့် ရန်ကုန် ၂၀၁၂ သည် ရန်ကုန်မြို့တွင် တတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က စတင်ပြုလုပ်ခဲ့သည့် ဘားကမ့်သို့ တက်ရောက်ခဲ့သည့် လူဦးရေ အရေအတွက်သည် တစ်ကမ္ဘာလုံး အတိုင်း အတာအားဖြင့် တက်ရောက်သူအများဆုံး စံချိန်တင်နိုင်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။

ယုဇနကိုကို

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection