ဗိုလ်ချုပ်နဲ့ ရုပ်ဆင်ရုံမက မွေးနေ့ပါတူနေသူ

ဗိုလ်ချုပ်နဲ့ ရုပ်ဆင်ရုံမက မွေးနေ့ပါတူနေသူ
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားပြီး နယ်ကနေ လာရောက် စုံစမ်း လျှောက်ထား နေ သူ မြင်းခြံမြို့မှ ကိုနေဦးနဲ့ ပြည်မြန်မာဂျာနယ် က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ မိသားစု မွေးချင်း နှစ်ဦးအနက် အကြီးဆုံးသားတစ်ဦး ဖြစ်ပါတယ်။

ကိုနေဦးဟာ ဗိုလ်ချုပမွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ (၁၃)မှာ တိုက်တိုက်ဆိုင်ဆိုင် မွေးဖွားလာခဲ့သူ ဖြစ်ပြီး ဗိုလ်သင်တန်းတက်ခဲ့ဖူး သူတစ်ယောက် လည်းဖြစ်ကြောင်း သိရပါတယ်။

အင်တာဗျူးမှ အချို့အချက်အလက်များကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး- ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးလိုက် ပြီဆိုရင် ပြည်သူလူထုကို ဘာတွေလုပ်ပြချင်လဲ။

ဖြေ- ဒါကျွန်တော့်အတွက် ရိုက်တဲ့ဇာတ်ကား လည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ဇာတ်ကားကို ရိုက်မှာ။ ကျွန်တော်က မင်းသားဖြစ်ချင်တာလည်း မဟုတ်ဘူး။ မင်းသားလုပ်ဖို့ လာတာလည်း မဟုတ်ဘူး။ ဗိုလ်ချုပ် ရဲ့ကာရိုက်တာ ဘယ်လို ရှိလဲ။ ဘယ်လိုလူမျိုးလဲဆိုတာ ပြည်သူလူထု သိ အောင် ရိုက်မယ့်ဇာတ်ကား၊ ဗိုလ်ချုပ်နဲ့ တူအောင် သရုပ်ဆောင်ဖို့က အင်မတန်တော့ ခက် လိမ့်မယ်။ အဲဒီအတွက် လူတွေအများကြီးလိုမယ်။ အများကြီး လေ့ကျင့်ရမယ်။ အများကြီးပံ့ပိုးရမယ်။ ကျွန်တော် ပြင်ထားတာ စိတ်ဓာတ်တစ်ခု ပဲရှိတယ်။ ငါမဖြစ် ဖြစ်အောင် လုပ်မယ်။ ငါ့ကို ရွေးသည်ဖြစ်စေ မရွေး သည်ဖြစ်စေ ငါ့ရောက်အောင်သွား ရမယ်။ ပြောပြ ရမယ်။ တင်ပြရမယ်။ ရွေးရင်လည်း တစ်မျိုး၊ မရွေးရင်လည်း ပြန်ရုံပေါ့။


မေး- အခုဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ဆံပင်တိုလိုက်တယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင် တာအပြင် ဘာတွေလေ့လာ နေသလဲ။

ဖြေ- ဗိုလ်ချုပ်က ဘယ်လိုပြောလဲ။ ဘယ်လိုစကားလုံးတွေသုံးလဲ။ လေယူလေသိမ်း ဘယ်လိုပြောလဲ၊ အသံက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလေ။အဲဒီအတွက် ကျွန်တော်တို့က လေ့ကျင့်ရဦးမယ်။ သူတို့ ရွေးမှ လေ့ကျင့်ရင်မကောင်းဘူး။ အချိန်မလောက်ဘဲ နေမယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေဖို့ လိုက်တာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက်တူဖို့ ဆိုတာလည်း တော်တော်လေးကို ခဲယဉ်း ပါတယ်။ အဲဒီအခါကျတော့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ထားတာပဲ။ ကျွန်တော်ပြင်လို့ရတာက စိတ်ကိုပြင်လို့ ရတယ်။ စိတ်ဓာတ်ကို ပြင်တဲ့နေရာမှာလည်း ငါဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ် ပုံစံဖြစ်ဖို့လိုတယ်။ အဲလိုပေါ့။

မေး- အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားတွေက ဒီလိုမျိုး စီစဉ်ခဲ့တဲ့အတွက် ဘယ်လို ခံစားရလဲ။

ဖြေ- ပျော်တာပေါ့။ ဒါဖြစ်သင့်တာ ကြာပြီလေ။ ကိုယ့်အိတ်ထဲက စိုက်ပြီးလုပ်မယ့် သူတွေလည်း အများကြီး ပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ အခုခေတ်က စီးပွားရေးခေတ် ဆိုတော့ စီးပွားရေးလောကသားတွေ အခွင့်ကောင်း ယူမှာပဲစိုးတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection