သရုပ်ဆောင်မော်ဒယ်လ် စံရတီမိုးမြင့်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်မော်ဒယ်လ် စံရတီမိုးမြင့်နှင့် တွေ့ဆုံခြင်း

မော်ဒယ်လ်တစ်ဦးအဖြစ်မှ ၂၀ဝ၉ ခုနှစ်အတွက်ရွေးချယ်ပေးအပ် သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲ တွင် အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ်ပါဝင်ခဲ့သည်မှအစပြု၍အနုပညာ လှုပ်ရှား မှုများ ဆက်တိုက် တွေ့မြင်ခွင့် ရလာသူ။ Doaru Young ကြော်ငြာတွင်တော့ ချစ်စရာ ဆယ်ကျော်သက် မော်ဒယ်လ် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခဲ့ကြပြီး အချိန်တို အတွင်းကြော်ငြာနှင့် ဂျာနယ်မဂ္ဂဇင်းများတွင် အများပြား ပါဝင် ခွင့်ရလာသူ မော်ဒယ်လ်စံရတီမိုးမြင့်က ဇာတ်ကား များ စတင်လက်ခံရိုက်ကူးလျက် ရှိနေပြီဖြစ်သည်။ ဒီဗီဒီနှင့် ဗီဒီယို ဇာတ်ကားရှစ်ကားတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် ခရေဖြူ ဗီဒီယို ထုတ်လုပ်ရေးနှင့် ဇာတ်ကား ၅၀ ရိုက်ကူးရန် လက်ခံ စာချုပ်ချုပ်ခဲ့ရာ စံရတီမိုးမြင့်၏ ရှေ့ဆက်မည့် အနုပညာလမ်း ကြောင်း၊ ယုံကြည်မျှော်လင့်ရာ အနုပညာပန်းတိုင်နှင့် ဆယ်ကျော်သက် မော်ဒယ်လ်တစ်ဦး၏ ယုံကြည်ချက်၊ ခံယူချက်တို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .



မေး ။စံရတီနဲ့ ခရေဖြူ စာချုပ်ချုပ်လိုက်တဲ့အကြောင်းကနေ စပြီးပြောပြပါလား။

ဖြေ ။ စံရတီနဲ့ ခရေဖြူကအစ်မတွေ အလုပ်အတူ လုပ်ဖြစ်ဖူးပါတယ်။ တချို့တိုက်တွေကလည်း စာချုပ်အတွက် ကမ်းလှမ်းတာမျိုး တွေရှိခဲ့ပေမယ့် စံရတီ လက်မခံဖြစ်ခဲ့ဖူး။ စံရတီက ဒီအလုပ်ကို ဝါသနာပါလို့ လုပ်ဖြစ် တယ်ဆိုပေမယ့် အတွေ့အကြုံလည်းမရှိသလို ပံ့ပိုးပေးမယ့်သူဆိုတာလည်း မေမေနဲ့သင်ဆရာမြင်ဆရာကြား ဆရာတွေပဲရှိတာပါ။ အိမ်မှာလည်းအသက် ၈၀ အဘွားရယ်၊ ကျောင်းတက်နေတဲ့ မောင်လေးရယ်ကရှိတော့ တချို့အလုပ်တွေကို လက်လွှတ်လိုက်ရတာမျိုးတွေလည်း ကြုံခဲ့ရဖူးပါတယ်။ အခုကတော့ သူတို့အနေနဲ့ နားလည်မှုနဲ့ လုပ်ချင်တာပါလို့ပြောလာတာကြောင့် လက်ခံဖြစ်သွားပါတယ်။ ကား ၅၀ ချုပ်ထားပြီး ခေါင်းဆောင်အနေနဲ့ရော၊ အတွဲအနေနဲ့ပါ ရိုက်ကူး ဖြစ်မှာပါ။ ကြားထဲမှာ တခြားကမ်းလှမ်းလာတဲ့ တိုက်တွေ ရှိလာရင်လည်း ရိုက်ခွင့်ပေးထားပါတယ်။

မေး ။ အခုလိုနားလည်မှုနဲ့ စာချုပ်ချုပ်ထားတဲ့အတွက် အားသာချက်၊ အားနည်းချက် ဘာတွေရှိ မယ်ထင်လဲ။

ဖြေ ။ ဘယ်အလုပ်မဆိုတော့ အားသာချက်၊ အားနည်းချက်ကရှိနေမှာပါပဲ။ အဓိကတော့ ကိုယ်ကိုယ် တိုင်အပေါ်ပဲ မူတည်ပါတယ်။ အခုလိုထုတ်လုပ်ရေးတစ်ခုနဲ့ လက်တွဲပြီးဇာတ်ကားတွေ ရိုက်ဖြစ်မယ်ဆိုတော့ ပုံမှန်ရိုက်ကူးမှုဖြစ်နိုင်တဲ့အတွက် ပရိသတ်နဲ့ အဆက်မပြတ်နိုင်သလို ညှိနှိုင်းလို့ရတဲ့ အနေအထား ဖြစ်တာ ကြောင့် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီးလုပ်လို့ရမယ်။ စံရတီအနေနဲ့လည်း ဒီလောက အတွေ့အကြုံက နည်းသေးတဲ့အတွက် သင်ယူစရာတွေ အများကြီးပါ။ ဒါကြောင့် သင်ယူခွင့်ရတယ်လို့လည်း ယူဆပါတယ်။

မေး ။ သရုပ်ဆောင်အသစ်တင်တဲ့ အစီအစဉ်တစ်ခုမှာ ပါမယ်လို့ ခေါ်တွေ့ပြီးခါမှ မပါဖြစ်တော့တာ ကရော။

ဖြေ ။ အဲဒါကတော့စံရတီလည်း ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ တစ်ခါတလေ စံရတီ့ဘက်က အခက် အခဲရှိတာလေးတွေလည်း ရှိပါတယ်။ ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားတဲ့အခါ ဖုန်းကအိမ်မှာကျန်ပြီးတော့ အိမ်မှာကလည်း ဘွားဘွားပဲ ကျန်ခဲ့တော့ ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်သွားတာ။ စံရတီလေးစား အားကျရတဲ့ အနုပညာရှင်တွေ ပေါင်းပြီးလုပ်တာဆိုတော့ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ ဒါပေမယ့် စံရတီအားတော့ မလျော့ပါဘူး။ ကိုယ်တကယ် ဝါသနာပါတဲ့ ဒီအနုပညာအလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရင်တစ်နေ့မှာ အခွင့်အရေးရလာမယ်လို့ ယုံကြည်ပါတယ်။

မေး ။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရပြီး တစ်နှစ်အတွင်းမှာ လုပ်နိုင်ခဲ့တဲ့ အနုပညာ လှုပ်ရှားမှုတွေကို ပြန်သုံးသပ်ကြည့်ရင်ရော ကျေနပ်လား။

ဖြေ ။ အကယ်ဒမီဗန်းကိုင် တစ်ယောက်ဖြစ်ခွင့်ရပြီးတဲ့နောက် စံရတီအနေနဲ့ အနုပညာအလုပ်တွေ အများကြီး လုပ်ခွင့်ရလာပါတယ်။ ပြီးတော့ ဒါရိုက်တာဦးသိန်းဟန်(ဖီးနစ်) ရိုက်ကူးတဲ့ 'Doaru Young' ကြော်ငြာ ကလည်း စံရတီကို ပရိသတ်အသိအမှတ်ပြုစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တော့ကြော်ငြာနဲ့ ဇာတ်ကား တွေဆက် တိုက်ရိုက်ခွင့်ရလာတယ်လို့ဆိုရမှာပါ။ လုပ်ခွင့်ရလာတဲ့အပေါ်ကျေနပ်လား လို့မေးရင်တော့ အထိုက်အလျောက် တော့ကျေနပ်ပေမယ့် စံရတီအတွက် အများကြီး ကြိုးစားရပါဦးမယ်။ ပြောရရင်တော့ စံရတီက အခုမှမူလ တန်းတက်တဲ့အဆင့်လို့ ပြောလို့ရပါတယ်။ ဘွဲ့ရတဲ့အဆင့်လို့ပြောရမယ့် ထူးချွန်တဲ့ အနုပညာရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပါဦးမယ်။

မေး ။ အနုပညာလောကအတွင်းမှာ အသစ်တစ်ယောက်အနေနဲ့ ရပ်တည်လှုပ်ရှားရတဲ့အခါ ကြုံတွေ့ရတဲ့ အဓိကအခက်အခဲရှိရင် ပြောပြပေးပါဦး။

ဖြေ ။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ စံရတီအနေနဲ့က ဒီလောကထဲမှာနောက်ခံ background မရှိသလို ကိုယ့်အားကိုယ်ကိုးပြီး လှုပ်ရှားရတာပါ။ ဒီလောကရဲ့သဘောကို သေချာမသိသလို ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်ရတာပါ။ အဲဒီအတွက် မှားတာ လည်းရှိသလို မှန်တာလည်း ရှိပါ တယ်။ တချို့ဆုံးဖြတ်ချက်တွေကြောင့် ကိုယ်ရှေ့ဆက်မယ့်လမ်းကို နောက်ကျစေတာလည်း ရှိသလို မြန်စေ တာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စံရတီအနေနဲ့တော့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို အရိုးသားဆုံး ကြိုးစား မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ လုပ် ဖြစ်နေပါတယ်။

မေး ။ ဆယ်ကျော်သက် လူငယ်တစ်ယောက်အတွက် အောင်မြင်ဖို့လမ်းကိုရှာရာမှာ ရိုးသားတဲ့ နည်းလမ်းနဲ့ ဖြတ်သန်းဖို့ဆိုတာ ဘယ်လိုခံယူချက်ကို လက်ကိုင်ထားထားလဲ။

ဖြေ ။ စံရတီအနေနဲ့ ကိုယ်ယုံကြည်တဲ့လမ်းကို လျှောက်လှမ်းရာမှာ အခက်အခဲတွေတော့ရှိပါတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့လျောက်လှမ်းမှာပါ။ တချို့အခက်အခဲတွေကို စိတ်ပင်ပန်းပေမယ့် တချို့အခက်အခဲ တွေကျတော့လည်း ကြိုးစားပြီးဖြတ် သန်းရပါတယ်။ စံရတီလက်ကိုင် ထားတဲ့ဆောင်ပုဒ်ကတော့ ယုံကြည်တဲ့ လမ်းကို ရွေးပြီးပြီဆိုရင် ပန်းတိုင်အထိ ရောက်အောင်လျှောက်လှမ်းမှာ ပါပဲ။

'ယုံကြည်တဲ့လမ်းကို ရွေးပြီးပြီဆိုရင် ပန်းတိုင်အထိရောက်အောင် လျောက်လှမ်းမှာပါပဲ'

မေး ။ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပြီဆိုတော့ သရုပ်ဆောင်ရတဲ့အပိုင်းမှာရော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပြီလား။

ဖြေ ။ ဇာတ်ကားတွေ ဆက်တိုက်ရိုက် ဖြစ်နေပါတယ်။ စံရတီအတွက် သရုပ်ဆောင်အလုပ်က အစိမ်းသက် သက်ဖြစ်နေတော့ အခက်အခဲတွေ ရှိနေတုန်းပါပဲ။ တစ်ကားချင်းမှာတော့ ဒါရိုက်တာတွေက သင်ကြားပြသ ပေးသလို သရုပ်ဆောင်တွေကလည်း လက်တွဲခေါ်ယူပေးပါတယ်။ ကိုယ့်ထက်ဝါရင့်တဲ့သူတွေ ချည်းပဲဖြစ်တဲ့အတွက် ကိုယ်နားမလည်တာ၊ မသိတာ၊ မတတ်တာတွေတွေကိုလည်း မေးမြန်းဖြစ်ပါတယ်။ အားလုံးကလည်း သင်ကြားပေးကြပေမယ့် လိုအပ်ချက်တွေက ရှိနေတုန်းပါပဲ။

မေး ။ ဇာတ်ကားရွေးချယ်တဲ့အပိုင်းမှာရော ဘယ်လိုရွေးဖြစ်လဲ၊ အခု ခရေဖြူနဲ့ရိုက်မယ့် ကားတွေအတွက်ရော ကိုယ်တိုင် ရွေးချယ်ခွင့်ရှိလား။

ဖြေ ။ စံရတီရိုက်ဖြစ်တဲ့ ကားတွေတိုင်းက စံရတီလုပ်နိုင်တယ်လို့ ယူဆတဲ့ဇာတ်ကားတွေပါပဲ။ တချို့ဇာတ်ကားတွေမှာ စံရတီမလုပ်နိုင်လောက်ဘူးလို့ ယူဆရင်လည်း လက်မခံဖြစ်တာတွေလည်း ရှိပါတယ်။ အခု ခရေဖြူနဲ့ ရိုက်မယ့်ကားတွေကိုလည်း စံရတီနဲ့ လိုက်ဖက်နိုင်တဲ့ကားတွေကို တိုင်ပင်ညှိနှိုင်းပြီး ရိုက်ဖြစ်သွားမှာပါ။

မေး ။ စံရတီသတ်မှတ်ထားတဲ့ ပန်းတိုင်ကရော။
ဖြေ ။ ပရိသတ်တွေ အများကြီးကချစ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ စံရတီ တတ်စွမ်းသလောက် ကြိုးစားသွားမှာပါ။

EMG

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection