GSM,CDMA 800 ဖုန်းများဖြင့်လဲလှယ်ပေး

၀၉-၈၀နှင့် ဝ၁-၇၂ ခြင်းဖုန်းများ လိုင်းပြတ်တောက်မှုဖြစ်ပွား၊ ၄င်းဖုန်းများအား GSM,CDMA 800 ဖုန်းများဖြင့်လဲလှယ်ပေးနေသည်


AddThis Social Bookmark ButtonCDMA ဖုန်းများ ဖြစ်သည့် ဝ၉-၈၀ မိုဘိုင်းဖုန်းများနှင့် ဝ၁-၇၂ ခြင်းဖုန်းများ ဒီဇင်ဘာလ ၁၃ရက်နေ့၌ ဆာဗာစက်ချို့ယွင်းမှုကြောင့် လိုင်းပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖုန်းများ လိုင်းပြတ်တောက်မှု ဖြစ်ပွားခဲ့သည့် အတွက် ဒီဇင်ဘာလ၁၄ရက်နေ့မှ စတင်၍ ၄င်းဖုန်းများ အား ကျပ်ငါးသိန်းတန် GSM ဖုန်းများ၊ CDMA 800 ဖုန်းများဖြင့် လဲလှယ်ပေးခြင်းအား အလုံဆက်သွယ်ရေး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးနှင့် ပန်းဆိုးတန်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများတွင် လဲလှယ်ပေးလျက် ရှိကြောင်းသိရသည်။"ဒီဖုန်းတွေရဲ့ဆာဗာကအဟောင်းကြီး တွေဆိုတော့ ထိန်းပြီး လုပ်နေရင်း ကနေ လုံးဝမရတော့ပဲ နောက်ဆုံးပျက်တဲ့အထိ ဖြစ်သွားတာပါ။ 

ဒီဖုန်းတွေကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ငါးသိန်းတန် GSMတွေ၊ ငါးသိန်းတန် CDMA 800 ဖုန်းတွေနဲ့ လဲပေး နေပေမယ့် တစ်ချို့တစ်ဝက်လောက်ပဲ လာလဲသေးတယ်။ အရင်က ပန်းဆိုးတန်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာပဲ လဲပေးနေတာကနေ အခုအလုံနဲ့ ရွှေဂုံတိုင်ဆက်သွယ်ရေးတွေမှာလဲ ၁၄ရက်နေ့ကစပြီး အပိုထပ်ဆောင်းငွေ ပေးစရာမလိုပဲ လဲပေးနေပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယင်းဖုန်းများလဲလှယ်ရာတွင် နေ့ချင်းပြီးစနစ်ဖြင့် အမည်ပေါက် ဖုန်းဖြစ်ပါက ဖုန်းပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းများနှင့်အတူ မှတ်ပုံတင်မူရင်းနှင့် မိတ္တူများ လိုအပ် မည်ဖြစ်ပြီး အမည်ပေါက် မဟုတ်ပါကလည်း အမည်ပေါက်ပြောင်းခြင်းအား အဆင်ပြေစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။"ဖုန်းလဲလှယ်တာကို စာရွက်စာတမ်းစုံလင်ရင် နေ့ချင်းပြီး စနစ်နဲ့ တစ်ခါတည်း ကိုယ်လဲချင်တဲ့ Sim Card ကိုထုတ်ပေးပါတယ်။ လဲပေးတဲ့နေရာမှာ အလုံးရေလည်း ကန့်သတ်မထားပါဘူး။ ဒီဖုန်းတွေအားလုံးနဲ့လဲပေးဖို့ Capacity အလုံအလောက်နဲ့ လိုင်းအင်အားလည်း တိုးချဲ့ပြီးသားပါ။ ဆာဗာပျက်နေတာကို ပြင်ဖို့က အပိုပစ္စည်းလည်း မရှိတဲ့အတွက် ပြင်ဖို့ခက်တာကြောင့် အခုလို အမြန်ဆုံးလဲပေးနေတာပါ။ လာလဲတဲ့သူတွေထဲမှာ ၈၀ဖုန်းတွေကများပြီး ၇၂ ဖုန်းတွေကလာလဲတဲ့ သူနည်းပါတယ်။ လဲဖို့ကျန်နေသေးတဲ့ဖုန်းက နှစ်ခုပေါင်းဆို တစ်သောင်းကျော်လောက် ကျန်ပါသေးတယ်" ဟု အထက်ပါ တာဝန်ရှိသူကပင် ဆက်လက်ပြောကြားသည်။အဆိုပါ ဝ၉-၈၀ မိုဘိုင်းဖုန်းနှင့် ဝ၁-၇၂ ခြင်းဖုန်းများအား ရန်ကုန်မြို့အတွက်သာ ချထားပေးခဲ့ခြင်းဖြစ်ပြီး ဖုန်းတစ်မျိုးလျှင် အလုံးရေ တစ်သောင်း ဝန်းကျင်သာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection