ကားများတွင် အသုံးပြုနိုင်မည့် မြန်မာဂျီပီအက်စ်

ကားများတွင် အသုံးပြုနိုင်မည့် မြို့ပြမြေပုံလမ်းညွှန် မြန်မာဂျီပီအက်စ် အသုံးပြုနိုင်တော့မည်

ကားမောင်းနှင်သူများအသုံးပြုနိုင်မည့် မြန်မာနိုင်ငံ မြို့ပြမြေပုံ လမ်းညွှန် မြန်မာဂျီပီအက်စ် Polar Star (ပိုလာစတား)ကို ဖေဖော်ဝါရီ ၂၅ရက် မန္တလေးမြို့တွင် ကျင်းပမည့် ကွန်ပျူတာ ပြပွဲ၌တန်ဖိုး ကျပ်တစ်သိန်း ခုနှစ်သောင်းကျော်(၁၇၅,ဝ၀ဝ ကျပ်)ဖြင့် စတင် ရောင်းချပေးသွားမှာ ဖြစ်ကြောင်းသိရသည်။ ဖေဖော် ဝါရီလ အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးတော့မည့် ယခု ထုတ်လုပ်သော ဗားရှင်းတွင် ရန်ကုန်မြို့နှင့် မန္တလေး မြို့များ အတွက် အသေးစိတ်မြေပုံများ အဆင်သင့် ပါရှိပြီး အခြားမြို့များအတွက်မူ ထပ်မံထည့်သွင်းရ မည်ဖြစ် ကြောင်း Technomation Studios မှ အမှုဆောင်အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောသည်။

အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုခြင်းမဟုတ်၊ Offlineစနစ်ဖြစ်သည့် မြန်မာဂျီပီအက်စ် Polar Star (ပိုလာစတား)မှာ မြန်မာဘာသာဖြင့် ဖော်ပြပေးနိုင်သည့် ပထမဆုံးဂျီပီအက်စ်ဖြစ်ပြီး Technomation Studios မှထုတ်လုပ်ထားခြင်းဖြစ်သည်။“ကားမောင်းမယ့်သူတွေက အိုင်တီနဲ့အကျွမ်းဝင်တဲ့သူတွေချည်း မဟုတ်ဘူး။ ဒါကြောင့်အဆင်ပြေအောင် Offline စနစ်နဲ့လုပ်ထားတာ”ဟု အဆိုပါကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ကပြောသည်။ သို့ဖြစ်၍ ဂျီပီအက်စ်အတွင်း ထည့်သွင်းထားသည့် မြေပုံများကို ခြောက်လ တစ်ကြိမ် အချက်အလက်များ Update လုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံမြို့ပြမြေပုံလမ်းညွှန် မြန်မာဂျီပီအက်စ် Polar Star (ပိုလာစတား)မှာ ပေ ၃၀အကွာအဝေးအတွင်း အတိအကျ လမ်းညွှန်ပေးနိုင်ပြီး မြေပုံကိုလေးဆအထိ ချဲ့ယူကြည့်ရှု့ နိုင်သည်ဟုဆိုသည်။ မိမိသွားလိုသော လမ်းအမည်သိရုံဖြင့် သွားလိုရာ နေရာကို တွက်ချက်ရှာဖွေပေးနိုင်သည်။ အနီးဆုံးလမ်းအတိုင်း မောင်းနှင်နိုင်ရန် မြန်မာလိုအသံထွက်၍ လမ်းညွှန်ပေးနိုင်သည်။ မောင်းနှင်ရာတွင်လည်း အန္တရာယ် ရှိသော အမြန်နှုန်းဖြစ်လာပါက အသံဖြင့် သတိပေးသည့် စနစ်ကိုထည့်သွင်းထားသည်။ ထို့ပြင် မိမိရောက်ရှိနေသည့် နေရာအနီးတစ်ဝိုက်ရှိ ဆေးရုံ၊ ဆေးခန်းများ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နှင့် တည်းခိုခန်းများကိုလည်း နေရာအတိ အကျဖော်ပြပေးထားကြောင်းသိရသည်။မြန်မာဘာသာနှင့်ရော အင်္ဂလိပ်ဘာသာဖြင့်ပါ မိမိကြိုက်နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ပေးနိုင်သည့် အဆိုပါ မြန်မာဂျီပီ အက်စ် Polar Star (ပိုလာစတား)တွင် ဂျီပီအက်စ်အတွက်သာမက Multimedia(မာလ်တီမီဒီယာ) MP4(အမ်ပီဖော) တစ်လုံးကဲ့သို့ပါ အသုံးပြုနိုင် သည်။ ကားတွင်ပါရှိသော Audio (အသံ)စနစ်နှင့် တွဲဖက်ပြီး သီချင်းနားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဓာတ်ပုံများစုစည်းခြင်း၊ အီးဘုတ်များ ထည့်သွင်းဖတ်ရှုခြင်း၊ ဂိမ်းကစားခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။မိုဘိုင်းဖုန်းနှင့် မြန်မာဂျီပီအက်စ် Polar Star (ပိုလာစတား) ကို Bluetooth (ဘလူးတု)အသုံးပြု၍ ချိတ်ဆက်အသုံးပြုနိုင်သည်။ ကားမောင်းနေစဉ်အတွင်း ဖုန်းဝင် လာပါက Polar Star Screen (ပိုလာစတား မျက်နှာပြင်)တွင် ဖုန်းနံပါတ်နှင့် အမည်ကို ဖော်ပြပေး မည်ဖြစ်သည်။ ဖုန်းလက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ ကို တိုက်ရိုက်လုပ်ဆောင်နိုင်ပြီး Polar Star (ပိုလာစတာ) တွင်ပါဝင် သော Microphone (မိုက်ခရိုဖုန်း)ဖြင့် စကားပြောနိုင်သည်ဟုလည်းသိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection