အွန်လိုင်းမှာ ရုပ်ပြောင်

အွန်လိုင်းမှာ ရုပ်ပြောင်



Photo ဝါသနာရှင်များ အတွက်ပါ ။ ဓာတ်ပုံလေး ကိုတွေ ရုပ်ပြောင်လေးတွေလုပ်ပြီး သူငယ်ချင်း တွေ ကို စရ နောက်ရတာ အရမ်းကို ပျော်ဖို့ကောင်း ပါတယ် ။ အဲ့လို ရုပ်ပြောင်လုပ်တဲ့ software တော် တော်များများနဲ့ အွန်လိုင်း ဆိုဒ် တော်တော်များ များ လည်း ရှိပါတယ် ။ တော်တော်များများကိုလည်း သုံးဖူးပါတယ် ။ ဒါပေမဲ့ အရင်က သုံးသခဲ့သမျှဟာ ဒီဆိုဒ် လေးနဲ့တွေ့တော့ အကုန် သဲထဲ ရေသွန် ဖြစ်သွား ရပါတယ် ။ 

မင်းဟာ က ညွှန်းလှ ချည်လားပေါ့ .. ။ သေချာလို့ လား ဆိုတဲ့ မေးခွန်းတွေ ခုချိန်မှာ ဖြစ်နေမှာပါပဲ ။ ဟုတ်တယ်လေ.. ။ ဘာမှ မှ မပြောသေးတာ .. ။ သိလည်း မသိသေးဘူးမလား ။ကဲ ဒီမှာဗျာ .... ။
piZap(fun Photo Editor) ပါတဲ့ဗျာ ။
ဖွင့်လိုက်တာနဲ့အမေရိကန် သမ္မတ အိုဘားမားရဲ့ရုပ်ပြောင်ကို စပြီးမြင်ရမှာ ဖြစ်ပါတယ် ။ အဲ့ဘေးက Start ဆိုတဲ့ button လေးမှာ စပြီးမိမိ ပြုပြင်ချင်တဲ့ ဓာတ်ပုံကို လွယ်လွယ်ကူကူပဲ ရုပ်ပြောင် ပြုလုပ်လို့ရပြီ ဖြစ်ပါတယ် ။ အသုံးပြုရတာတော့ အရမ်းကို ရိုးရှင်းပြီး လွယ်ကူလွန်းလှတာကြောင့် မိမိ စိတ်ကူး ရှိရင် ရှိတဲ့အတိုင်း ဓာတ်ပုံ တစ်ပုံက ဟာသ မြောက်နေမှာ ဖြစ်ပါတယ် ။pizap က တစ်ခြား နာမည်ကြီး ဆိုဒ်တွေနဲ့ လည်း ချိတ်ဆက်ထားပါသေးတယ် ။ယနေ့ ခေတ်ရဲ့မရှိမဖြစ် Facebook က ပုံတွေကိုလည်းလိုသလို ပြုပြင်လို့ရပါတယ် ။ တစ်ခြားနာမည်ကြီး photo ဆိုဒ်တွေ ဖြစ်တဲ့ Picasa,flickr,photobucket တို့မှာ မိမိတို့ဓာတ်ပုံ တွေ ရှိတယ် ဆိုရင် upload တောင် တင်စရာ မလိုပဲ ကြိုက်တဲ့ပုံကို ကြိုက်သလို ပြုပြင် လို့ရမှာပါ ။ဒီပိုစ့်လေး တင်ဖို့အတွက် ကျွန်တော့် သူငယ်ချင်း တွေ အကုန်လုံးကို မော်ဒယ် လုပ်ဖို့ဌားပေးမဲ့ ဘယ်သူမှ ခွင့်မပြုတာကြောင့် ဘာဓာတ်ပုံ တစ်ပုံမှ မပါပဲနဲ့ဒီအတိုင်းပဲ တင်လိုက်ရပါတယ် ။
(တစ်ဆက်တည်း မော်ဒယ် လုပ်ဖို့ဝါသနာ ပါပြီး စိတ်ကူး ရှိသူများ ကျွန်တော်နဲ့ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော် ဓာတ်ပုံ နဲ့တကွ ကြော်ငြာပေးမှာပါ ...... ) ကျွန်တော့် ပုံကတော့ ရုပ်တောင် ဖျက်စရာ မလိုပဲ နဂိုကတည်းက ခပ်ပြောင်ပြောင် ဖြစ်နေတဲ့အတွက် (မျက်နှာနော်....) မတင်ပေးလိုက်တော့ပါဘူး ။ (တော်ကြာ ဘာပြောင်လဲဆိုပြီး  လျှောက်တွေးနေမှာ စိုးလို ...)ကဲ .. အဲ့လောက်ဆိုရင်တော့ အကုန် အဆင်ပြေလောက်ပြီ ထင်ပါတယ် ။ အဲ့ဒါဆို ရင်တော့ မိမိ သူငယ်ချင်း တွေရဲ့ဓာတ်ပုံတွေကို စတင်ပြီး ရုပ်ဖျက်လို့ရနိုင်ပါပြီဗျာ ။ ပြီးရင်တော့ မိမိရဲ့PC ထဲမှာ save ထားပေါ့ ။ အနည်းဆုံး virus မဝင်အောင်ပေါ့ ... ။ ဒါမှမဟုတ်လည်း ဓာတ်ပုံ ထုတ်ပြီး ကြွက်ခြောက် ကြပေါ့ဗျာ ... ။တစ်ယောက်ပုံ တစ်ယောက်ကြည့်... ခွက်ထိုးခွက်လန် ရီမောနိုင်ကြပြီး ဘဝစိတ် အမောလေးတွေ ခဏဖြစ်ဖြစ် ပြေပျောက်ရင်ပဲ တင်ရကျိုးနပ်ပါတယ်ဗျာ ။

MMiTD ကနေ ကူးယူဖေယ်ပြပါသည်....

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection