ဒီဇင်ဘာလအတွက် ဗေဒင်

ဒီဇင်ဘာလအတွက် ဗေဒင် 

ကရကုဋ်ရာသီဖွား

အထူးကောင်းသည်။ လုပ်သမျှအောင်မြင်မည်။ အလုပ်တိုးတက်မည်။ ရည်ရွယ်ချက်အောင်မည်။ မိတ်ဆွေ အကြီးအကဲများထံမှ ကောင်းသော အထောက်အကူရမည်။ မေတ္တာရေး ကံကောင်းသည်။ စုပေါင်းတွဲဖက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရ မည်။ ငွေကြေးကိစ ္စပြောဆိုမှု အောင်မြင်မည်။ အလုပ်ကောင်း၊ နေရာကောင်းများ ရရှိမည်။ မြှုပ်နှံလိုက်သော ငွေကြေးမှ အကျိုးအမြတ်ကောင်းရမည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်း၊ တိုးတက်မှု သတင်းကြုံမည်။

အပြောင်းအလဲသစ်ကို ဆောင်ရွက်ခြင်းထက် ဆောင်ရွက်လက်စကိစ္စများကို ချဲ့ထွင်၍ ဆောင် ရွက်ခြင်း၊ မြှုပ်နှံလက်စလုပ်ငန်းများအား တိုးချဲ့ခြင်း ပြုရမည်။ ကိုယ်ရေးကိုယ်တာကိစ္စထက် သူတစ်ပါး အရေးကိစ္စများကို လိုက်လံဆောင်ရွက်ပေးရမည်။ အကြောင်းအမျိုးမျိုးနှင့် ငွေကုန်မည်။ မသုံးမစွဲရ ဘဲ ငွေကုန်ခြင်းမျိုး ကြုံမည်။ လုပ်သမျှ လူသိထင်ရှားဖြစ်မည်။ နာမည်အောင်မြင်မည်။ မိဘအကြီးအကဲ ကျန်းမာရေးအညံ့ရှိမည်။ ဆောင်ရွက်ရင်း မနိုင်မနင်းဖြစ်၍ ရပ်တန့်ထားသောကိစ္စများကို တာဝန်ယူ အပြီးသတ်ဆောင်ရွက်ရမည်။

လူပေါင်းမှားခြင်း၊ ဆုံးဖြတ်ချက်မှားမည်။ အိမ်တွင်းရေး၊ လူမှုရေး ပဋိပက္ခများ ကြုံမည်။ ငွေကြေး ကိစ္စ စကားပြော ရမည်။ အမှုပြဿနာများနှင့် ထိပ်တိုက်တွေ့ မည်။ မောင်နှမသားချင်း ဒုက္ခပေးမည်။ ဆွေမျိုး ကြောင့် စိတ်အနှောင့်အယှက် ကြုံမည်။ သူတစ်ပါးကိစ္စ ဓားစာခံသဖွယ် ဝင်ရောက် ဖြေရှင်းပေးရမည်။ အပျောက်အရှများမည်။ စကားများရန် ဖြစ်ရမည်။ လုပ်ငန်းခွင်အတွင်း အမှုအခင်းများ ဖြစ်မည်။ စာရင်း ဇယားကိစ္စများ သတိနှင့် ဖြေရှင်းပါ။ သံယောဇဉ်အထားမှားခြင်း၊ အချစ်မှားခြင်း၊ ဆုံးဖြတ်ချက်မှားခြင်း ရှိမည်။

အခက်အခဲများ ကျော်လွှားနိုင်မည်။ အမျိုးသမီး မိတ်ဆွေ အကူအညီရမည်။ မေတ္တာရေး ကံကောင်းမည်။ ကိုယ်စွမ်းကိုယ်စများ ပေါ်လွင်နေမည်။ စုပေါင်းတွဲဖက်လုပ်ငန်းများ ဆောင်ရွက်ရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဝေဒနာဟောင်းများ ပြန်ပေါ်မည်။ ခရီးဝေးသွားရောက်ရမည်။ မိသားစုအလိုက် ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ လုပ်ငန်းခွင်အတွင်း မိတ်ဆွေဟောင်း များနှင့် ပြန်ဆုံမည်။ မြှုပ်နှံ ထားသော ငွေကြေးမှ ကောင်းသောအကျိုးအမြတ် ရမည်။ အလှူမင်္ဂလာကိစ္စများ မရည်ရွယ်ဘဲ ပတ်သက် ဆောင်ရွက် ရမည်။


တူရာသီဖွားအတွက်

ဘုန်းတော်ကြီး တစ်ပါးအိမ်သို့ ကြွလာမည်။ ကိုယ်ကမလှူရသည့်အပြင် ထူးခြားသော ပစ္စည်းတစ်ခု စွန့်ကြဲလိမ့်မည်။ ထိုကဲ့သို့ စွန့်ကြဲခံရပြီး ကာလတို အတွင်း ထူးခြားသော တိုးတက်မှုများ အထင်အရှား ရရှိမည်။ အရပ်ဝေးမှ ဧည့်သည်တစ်ဦးလာရောက် တည်းခိုမည်။ ကိုယ်ကမကျွေးမွေးရသည့် အပြင် သူကကျွေးမွေး၍ ခရီးခေါ်ဆောင်ခြင်းကြုံရမည်။ ငွေကြေးကံတက်လမ်း၊ စီးပွားကံတက်လမ်း ကြုံမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ ခရီးကိစ္စအဆင်ပြေမည်။ အသက်အရွယ်ကြီးသူတို့၏ ကျန်းမာရေးအတွက် စိတ်အနှောင့်အယှက် ဖြစ်ရမည်။

ဖြစ်လိုသောအရာများ စနစ်တကျဖြစ်ပေါ်၍ ထင်ရှားသော တက်လမ်းများ ရမည်။ အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ အတိုက်အခံကြားမှ တိုးတက်မည်။ ဆုံးဖြတ်ပြီးကိစ္စများမှ ထူးခြားသော အခွင့်ကောင်းများရခြင်း၊ တိုးတက်ခြင်းများ ဖြစ်မည်။ တစ်ပါးသူနှင့် ယှဉ်ပြီး လုပ်သောကိစ္စများတွင် အလိုရှိသလောက်ကြိုးစား၍ ဖြစ်ထွန်းသွားမည်။ ဆုံးဖြတ်ချက်မှန်သမျှကို ဒွိဟဖြစ်မနေဘဲ ပြတ်သားစွာ ဆုံးဖြတ်ပြီး ရှေ့တိုးဆောင်ရွက်ပါ။ အရာအားလုံးကို ကျော်လွှားပြီး တက်လမ်းများ ဖြစ်ထွန်းမည်။ လုပ်ငန်းခွင်အတွင်း အဆင့်မြင့်တက်လမ်းများ ဖြစ်ပေါ်မည်။

အထူးသတိရှိရမည်။ အနှောင့်အယှက်များမည်။ မတော်တဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ သူတစ်ပါး ကြောင့် မိမိရည်ရွယ်ချက်နှင့် အလုပ်ကိစ္စများ ထိခိုက်နစ်နာမည်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားမည်။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ အနီးကပ် လူဒုက္ခပေးမည်။ အပျက်အစီး၊ အပျောက် အရှများမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ လူလိမ်လူကောက်တွေ့ တတ်သည်။ စီမံထားသည့် ကိစ္စများ လက်တွေ့အကောင်အထည် ဖော်ရာတွင် အခက်အခဲများနှင့် ကြုံလိမ့်မည်။ ယုံကြည်မှုအပေါ် အလွဲသုံးစားပြုခံရတတ်သည်။ အားနာမှုအပေါ် အခွင့်အရေး ယူခံရတတ်သည်။

အခက်အခဲများကို ကျော်လွှား၍ အလိုရှိရာအလုံးစုံ တိုးတက်မည်။ ကံအနေအထား၊ ဘဝအနေအထား တိုးတက်မည်။ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးတို့ကို လက်တွေ့အသုံးချ၍ တက်လမ်းရ မည်။ ငွေကြေး အပေးအယူကိစ္စတွင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်ရမည်။ လမ်းကြောင်းသစ်ထွင်ပြီး လုပ်သောကိစ္စမှ ထင်ရှားသော တက်လမ်းများ ဆက်တိုက်ဖြစ်ပေါ်မည်။ ရုတ်တရက် ဆုံးဖြတ်ပြီး ဆောင်ရွက်လိုက်သော ကိစ္စမှ ကောင်းသော အကျိုးဆက်များ ဖြစ်ထွန်းလာစေမည်။ စန်းကောင်းမည်။ မေတ္တာရေးကံကောင်းမည်။ စိတ်ချမ်းမြေ့ဖွယ် သတင်းစကားကြားသိရမည်။

ဗြိစ္ဆာရာသီဖွားအတွက်

အဆိုးအညံ့အလုံးစုံကို ကျော်လွှား၍ ကောင်းခြင်းကံများ ဆက်တိုက်ဖြစ်ထွန်းမည်။ ရည်ရွယ်ချက်သစ်များ အကောင်အထည်ဖော်၍ အထင်အရှား တိုးတက်မည်။ အနှောင့်အယှက်ပေးသူများကို ကျော်လွှားနိုင်မည်။ ရုတ်ချည်း ဆုံးဖြတ်ပြီး ဦးတည်ဆောင်ရွက်သောကိစ္စမှ အောင်မြင်မှု အရှိန်မြင့်မားမည်။ ကိုယ်စွမ်းကိုယ်စကို အသုံးချ၍ တက်လမ်းများ ဖော်ဆောင်နိုင်မည်။ ဘာသာစကားများ မထင်မှတ်ဘဲ လေ့လာရ မည်။ ဝေးလံသောအရပ်သို့ သွားရမည်။ နေအိမ်နေရာ၊ အလုပ်နေရာအပြောင်းအလဲနှင့် တိုးတက်မည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။

ငွေကြေးစီးပွားရေးရာ အဖြာဖြာတို့တွင် ဆောင်ရွက်သလောက် ထွန်းပေါက်မည်။ ကာလအတန်ကြာ ကြိုးစား ထားသည်များမှ အကျိုးဆက်ကောင်းရမည်။ အပျော်တမ်း ဆေးစစ်မှုခံယူရာမှ ရေရှည်ကုသခံရ မည့် ရောဂါဆန်းတွေ့ရှိရသော မိသားစုဝင်အတွက် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရကိန်းကြုံမည်။ အခွင့်အရေး ၂ မျိုးတစ်ပြိုင်နက်တည်း ပေါ်မည်။ ပြဿနာဟောင်းများ ဖြေရှင်းအဆင်ပြေမည်။ အရပ်ဝေးနှင့် ဆက်သွယ် လုပ်သောကိစ္စများ အဆင်ပြေ မည်။ ရပ်တန့်ထားသောလုပ်ငန်းများ ကို ပြန်လည်ဆောင်ရွက်အဆင်ပြေမည်။ ပျိုရွယ်သောသူများ မေတ္တာရေး လမ်းကြောင်းတွင် အရှုပ်အထွေးများ ရှိမည်။

အထူးသတိရှိရမည်။ အခက်အခဲများနှင့် တွေ့မည်။ ကိုယ်ပိုင်အရည်အသွေးများ ရှိလင့် ကစား ရှေ့တိုး ဆောင်ရွက်ရန် ခက်ခဲမည်။ ဒုက္ခပေးသူများနှင့် တွေ့မည်။ ကိုယ့်ကိုအသုံးချ ကိုယ်ကျိုးရှာသောသူများကြောင့် စိတ်သောကဖြစ်မည်။ သူတစ်ပါးဖြစ်လေ့ဖြစ်ထမရှိသော ပြဿနာများ ကိုယ်ဖြစ်တတ်သည်။ ဥပဒေနှင့် မကင်းသော ကိစ္စမှန်သမျှရှောင်ပါ။ ပြဿနာကြုံက ဖြေရှင်းရန်မလွယ်။ သူတစ်ပါးကြောင့် အကြံအစည်များ ပျက်ယွင်းတတ်သည်။ အပျောက်အရှများမည်။ အခိုးအဝှက်ခံရတတ်သည်။ ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် ဒုက္ခပေးသောသူများနှင့် တွေ့မည်။ အာမခံမှားခြင်းနှင့် တာဝန်ယူမှားခြင်းများ ဖြစ်တတ်သည်။

အပျော်ကျူးသူများနှင့် ပေါင်းမိ၍ ဘေးဥပါဒ်ကြုံတတ်သည်။ ရှောင်၍ရသည်။ ရှောင်ပါ။ (၃) ကြိမ် (၃)ခါ ရောက်ခဲ့ဖူးပြီး နေရာတစ်ခုအား စတုတ္ထ အကြိမ်မြောက် ခရီးသွားစဉ် အန္တရာယ်ကြုံနိုင်သည်။ ရောက်ဖူးပြီးသားခရီးဟောင်းမသွားကောင်း။ အရပ်တစ်ပါးမှ ရောက်လာသော ဧည့်သည်များအား လိုက်လံကူညီပေးရတတ်သည်။ ယာဉ်ကားမောင်းနှင်မှုများတွင် သတိရှိပါ။ မတော်တဆ အန္တရာယ် ဖြစ်တတ်သည်။ လုပ်ငန်းခွင်အတွင်း မိမိလုပ်ငန်းလုပ်ရာ စားပွဲနေရာသို့ သူတစ်ပါး လာရောက်ကာ ပိုင်စိုး ပိုင်နင်းလာရောက်ကိုင်တွယ်ခြင်းအား ခွင့်မပြုသင့်။ စာရွက်စာတမ်း ပြဿနာ၊ အမှုပြဿနာများ ကြုံတတ်သည်။

မကာရရာသီဖွားအတွက်

မှန်းထားသည်နှင့် လက်တွေ့ကွာဟမည်။ နစ်နာဆုံးရှုံးစရာများ ရှိမည်။ ရင်းနှီးမြှုပ်နှံမှုများမှ ဆုံးရှုံးစရာများ ဖြစ်လာမည်။ အရာရာသတိနှင့်ယှဉ်ပြီး ဆောင်ရွက်ပါ။ ခြေလှမ်းမှား၊ ဆုံးဖြတ်ချက်မှား၍ စိတ်သောက ဖြစ်စရာများကြုံမည်။ စကားအပြောအဆို အထူးထိန်းသိမ်းရမည်။ ပြောမှား၊ ဆိုမှားဖြစ်တတ်သည်။ စိတ်တိုဒေါသထွက်ပြီး အမှားအယွင်းများ ဖြစ်လွယ်မည်။ မတော်တဆ ထိရှမှု အန္တရာယ်များ ဂရုစိုက်ရမည်။ လျှပ်စစ်မီးအန္တရာယ် ဂရုစိုက်ရမည်။ သူတစ်ပါးကြောင့် ဆောင်ရွက်လုပ်ကိုင်ထားသည့်ကိစ္စများ အလွဲလွဲအချော်ချော်ဖြစ်မည်။ ပစ္စည်းလှောင်ခြင်း မပြုရ။ စွန်းစားရသောလုပ်ငန်းများ ရှောင်ပါ။

အပြောင်းအလဲသစ်များ ပေါ်ထွန်းမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ မူသစ်နှင့် ဆောင်ရွက်၍ အဆင့်မြင့်တိုးတက်ခြင်း ရှိမည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်ခြင်းများ အဆင်ပြေမည်။ သွားနာ၊ သွားကိုက်ဖြစ်မည်။ အဆုတ်အအေးမိခြင်းများ တွဲဖက်ဖြစ် ပေါ်တတ်သည်။ ဤသို့ဖြစ်ပြီး အလုပ်အဆင့်တိုးတက်မည်။ အောင်မြင်မှု မြင့်မားမည်။ အိုးအိမ်နေရာထိုင်ခင်း ပြုပြင်ခြင်း၊ ပြောင်းလဲခြင်းများ အကျိုးပေးမည်။ မထင်မှတ်ထားသော အကျိုးကောင်းရမည်။ လူယုံ ထား၍မရ။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းများမှ အကျိုးအမြတ်ရမည်။ စာရွက်စာတမ်းကိစ္စ ကြားဝင် တာဝန်ယူခြင်း ရှောင်ပါ။

အခွင့်အရေး ၂ မျိုး ၂ ခွပေါ်ပေါက်မည်။ အခက်အခဲ ၂ ခု ဖြေရှင်းနိုင်မည်။ စုပေါင်းလုပ်ငန်းများမှ ကောင်း သော အကျိုးဆက် ဖြစ်ထွန်းမည်။ ခရီးသွား၍ အကျိုးရှိမည်။ အပြောင်းအလဲကြားမှ တက်လမ်းပေါ်မည်။ လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။ အရပ်ဝေးနှင့် ပူးတွဲဆောင်ရွက်သောကိစ္စများမှ ထူးခြားသော အကျိုးဆက်ရရှိမည်။ မျှော်လင့်ထားသည့် အပြောင်းအလဲများနှင့်မတူသော အပြောင်းအလဲများအတိုင်း ဆောင်ရွက်ရင်း တိုးတက်မှုများ ရရှိမည်။ အမှုကိစ္စများတွင် အောင်မြင်မှုရမည်။ မတရားဆုံးရှုံးထား သောအရာများကို လက်ဝယ်ပြန်လည်ရရှိမည်။

အရာရာသတိနှင့် ယှဉ်၍ လုပ်ကိုင်ရမည်။ တတ်အားသမျှ သိုသိုသိပ်သိပ်နေလေ အကျိုးရှိလေဖြစ်သည်။ ရှိရင်းစွဲ အရည်အသွေးများကို ဖော်ထုတ်ပြသခြင်း မပြုသင့်။ မသိသယောင်၊ မတတ်သယောင်ပြုလေ ကောင်း လေဖြစ်သည်။ ဝါကြွားသောသူများအကြား ဖြတ်သန်းရမည်။ အပျော်အပါးကိစ္စများကြောင့် စိတ်အနှောင့် အယှက်ကြုံရမည်။ အမှုအခင်းများ သတိရှိပါ။ မတော်တဆ ထိခိုက်တတ်သည်။ ထူးခြားသော စန်းပွင့်မည်။ မမျှော်လင့်ထားသောသူနှင့် မေတ္တာရေးကိစ္စ ပေါ်ပေါက်မည်။ မိတ်ဆွေအကြီးအကဲများထံမှ အထောက်အကူ ကောင်းရမည်။ အပြောင်းအလဲနှင့် တိုးတက်မှု အဆင့်ဆင့်ရရှိမည်။

မေထုန်ရာသီဖွားအတွက်

အရာရာအဆင်ပြေ၍ ဆောင်ရွက်သမျှ ထွန်းပေါက်အကျိုးပေးမည်။ ရည်မှန်းချက်များ ထိုးဖောက် အဆင်ပြေမည်။ မိမိအပေါ် ဒုက္ခပေးခဲ့သော ရန်ဟောင်းများနှင့် သင့်မြတ်စွာ ပေါင်းဖက်ရသော အခြေအနေ ကောင်း ကြုံမည်။ သဘောထားကြီးသော၊ စိတ်ထားမြင့်မြတ်သော အမျိုးသမီးကြီးထံမှ ကောင်းသော အထောက်အကူ ရမည်။ အချစ်ရေးကိစ္စ အဆင်ပြေမည်။ မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ အရွယ်လွန် လူလွတ်များ စေ့စပ်၊ မင်္ဂလာပြုခြင်း ကြုံမည်။ ကျန်းမာရေး အထူးပြုဂရုစိုက်ပါ။ ဝေဒနာရောဂါဟောင်းများ ပြန်ဖြစ်တတ်သည်။ အနေအထိုင် အစားအသောက် မှားယွင်းတတ်သည်။

အပြောင်းအလဲများ ရှိမည်။ ခရီးသွား၍ အကျိုးရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် တိုက်ရိုက်ဆက်ဆံ၍ အကျိုးပေးမည်။ ပစ္စည်းပျောက်တတ်သည်။ တန်ဖိုးမကြီးလင့်ကစား အမြတ်တနိုးထားသော ပစ္စည်းများ ပျက်စီးတတ်သည်။ နိုင်ငံခြားကိစ္စ၊ တိုင်းတစ်ပါးနှင့် ဆက်စပ်သော အလုပ် အကြောင်းအရာတို့ကို ရှေ့တိုး ဆောင်ရွက်နိုင်မည်။ နေရာအပြောင်းအရွှေ့အတွက် စီစဉ်မှုများ အောင်မြင်မည်။ အလုပ်နှင့် ပတ်သက် သော အပြောင်းအလဲကောင်းများ ဖြစ်ထွန်းမည်။ တစ်ပါးသူကြောင့် ဖြစ်ပေါ်နေသော ပြဿနာများကို ပြေလည် အောင် ဖြေရှင်းနိုင်မည်။ ခါးပိုက်နှိုက်ခံရမည်။ ငွေချေးက ဆုံးမည်။

အခက်အခဲများ ကျော်လွှားနိုင်မည်။ စီးပွားတက်မည်။ မိတ်ဆွေကောင်း အထောက်အကူရမည်။ အရပ်ဝေးနှင့် ဆက်သွယ်လုပ်ကိုင်သော ကိစ္စများမှ ထူးခြားသော တိုးတက်မှုများ ရရှိမည်။ မူလစိတ်ကူးထားသည်နှင့် လက်တွေ့ဖြစ်ပေါ်မှုကွာဟမည်။ အပြိုင်အားလုံးကို ကျော်လွှားပြီး တိုးတက်မှု ရမည်။ အခါတိုင်းထက်ပို၍ ငွေဝင်လမ်းပွင့်မည်။ ခရီးသွားရန်ကိစ္စ ပျက်ပြီးမှ ပြန်လည်အဆင်ပြေသွားမည်။ ဦးတည်ချက် ရုတ်တရက် ပြောင်းလဲပြီး ဆောင်ရွက်သောကိစ္စများမှ အောင်မြင်မှု အထင်အရှားရရှိမည်။ ပြတ်တောက်နေသော ချစ်သူဟောင်းနှင့် ပြန်လည်ဆက်သွယ်ရမည်။

မတော်တဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ အလုပ်အကြံသစ်များ လုပ်ကိုင်အောင်မြင်မည်။ ဆောင်ရွက်လက်စကိစ္စအချို့ကို ရပ်တန့်ရလိမ့်မည်။ လုပ်ရိုးလုပ်စဉ် မဟုတ်သောကိစ္စများကို ဆောင်ရွက်ရပေမည်။ သေချာပေါက် မျှော်လင့်ထားသောကိစ္စများ တလွဲတချော် ဖြစ်မည်။ မျှော်လင့်ချက် ကြီးကြီးမားမား မထားဘဲ တော်ရုံသင့်ရုံလုပ်သော ကိစ္စများမှ ထင်ရှားသော တိုးတက်မှုများ ဖြစ်ထွန်းမည်။ စက်ပစ္စည်းများ အပျောက်အရှ၊ အပျက်အစီးများမည်။ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ထားသော ကိစ္စများ အလွဲလွဲအချော်ချော်ဖြစ်နေမည်။ ပေါ့ပေါ့တန်တန် လုပ်သောသူများကြောင့် ကိုယ်တိုင်အားထည့်ပြီး လုပ်ထားသောကိစ္စများ အရှိန်အဟုန်လျော့သွားတတ်သည်။

သိဟ်ရာသီဖွားအတွက်

အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပူးတွဲလုပ်သောကိစ္စမှ ထူးခြားသော အောင်မြင်မှု ရမည်။ ထူးခြားသော အမျိုးသမီးထံမှ အထောက်အကူကောင်းရမည်။ အတတ်ပညာကောင်း လေ့လာသင်ကြားရမည်။ တွေးထင် စဉ်းစားလျှင် မှန်ကန်ကိန်းရှိသည်။ ရသင့်ရထိုက်သည်များ လက်ဝယ်ပြန်ရမည်။ အရောင်းထိုင်း ပစ္စည်းများ ဈေးကောင်းနှင့် ထွက်မည်။ ပြည်ပခရီးကိစ္စ ကိုယ်တိုင်တွင်ဖြစ်စေ၊ ထိတွေ့နေသော ဝန်းကျင်တွင်ဖြစ်စေ ဖြစ်ပေါ်မည်။ အကြွေးတောင်းခံရန် ကောင်းသည်။ အချစ်ရေး၊ မေတ္တာရေး အညံ့ရှိသည်။

စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ မိတ်ဆွေအကြီးအကဲ အကူအညီ ရမည်။ ယှဉ်ပြိုင်သူများအပေါ် အနိုင်ရနိုင်သည်။ ပိတ်နေသော တံခါးပေါက်များ ပွင့်ခြင်း၊ ခက်ခဲသောကိစ္စများ အောင်မြင်နိုင်ခြင်း၊ အတိုက်အခံကြားမှ ထိုးဖောက်နိုင်မည်။ မူလစိတ်ကူးထားသည်များ ဖြစ်ပေါ်မည်။ အပြိုင်အဆိုင်များကို ကျော်လွှား၍ အောင်မြင်မှုရမည်။ ၅၂၈၊ ၁၅၀ဝ မေတ္တာရေး အလုံးစုံကောင်းသည်။ ပြောင်းလဲနေသော အနေ အထားကို အသုံးချ၍ တိုးတက်မှုများ ဖန်တီးနိုင်မည်။ တစ်ပါးသူဆောင်ရွက်၍ မနိုင်မနင်းဖြစ်နေ သောကိစ္စများကို လက်လွှဲရယူ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း အဆင့်ဆင့်ကြုံမည်။

လုပ်သမျှ လူသိရှင်ကြား အထင်အရှားဖြစ်မည်။ ကောင်းသောအမည် သတင်းနှင့်ထင်ပေါ်မည်။ အတတ်ပညာ တိုးတက်မည်။ အကြံသစ်၊ ဉာဏ်သစ်များနှင့် ချဲ့ထွင်လုပ်သောကိစ္စများမှ ထူးခြားသောတက်လမ်း ကြုံမည်။ ပညာသင်တန်းနှင့် ပတ်သတ်သည်များ အကျိုးပေးမည်။ တပြိုင်နက်တည်း တခုထက်မကသော လုပ်ငန်းများ ကို လုပ်ကိုင်မည်။ ငွေကြေးသုံးစွဲလိုစိတ် ပြင်းထန်မည်။ လိုသည်ထက်ပို၍ ဝင့်ဝါခြင်း၊ ထည်ထည် ဝါဝါလုပ်ခြင်း၊ အပိုသုံးစွဲခြင်းများကို ဆောင်ရွက်လိုစိတ်ရှိမည်။ ခရီးသွား၍ အကျိုးရှိမည်။ ပြတ်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်ဆောင်ရွက် အဆင်ပြေမည်။

အနီးကပ်ပူးပေါင်းလုပ်သူများ၏ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးရလိမ့်မည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပူးတွဲ၍ လုပ်သောကိစ္စမှ ထူးခြားသော အကျိုးဆက် ရမည်။ အထင်မှားမှု ဖြေရှင်းရမည်။ စကားရှုပ်သောသူများ၊ ပြဿနာများသောသူများနှင့် ပတ်သက်ရခြင်း ရှိမည်။ အိမ်တွင်းရေး ပဋိပက္ခများ ဖြေရှင်းရမည်။ အပျော်လွန် သူများနှင့် ပြဿနာများတတ်သည်။ သီးသန့်နေလေ ကောင်းလေဖြစ်မည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေး ကိစ္စများကို သတိနှင့်ယှဉ်၍ ဆောင်ရွက်ပါ။

မိန်ရာသီဖွားအတွက်

အခက်အခဲအားလုံးကို ကျော်လွှားပြီး ဘဝတိုးတက်မှုများ ဆောင်ရွက်အောင်မြင်မည်။ မိတ်ကောင်း ဆွေကောင်း အထောက်အကူရမည်။ ပိတ်နေသော လာဘ်များ ပြန်ပွင့်မည်။ အပြောင်းအလဲကြားမှ တက်လမ်း များ ပေါ်ထွန်းမည်။ ငွေအစုလိုက်ဝင်မည်။ ဥစ္စာစီးပွား ဖွံ့ဖြိုးမည်။ ၅၂၈၊ ၁၅၀ဝ မေတ္တာ အလုံးစုံကောင်းမည်။ လုပ်ရိုးလုပ်စဉ် မဟုတ်သော ကိစ္စများ၊ စီးပွားလမ်းကြောင်းသစ်များကို ရှေ့တိုးဆောင်ရွက်၍ အောင်မြင်မှု အဆင့်ဆင့်ရမည်။ ပညာသင်တန်းနှင့် ပတ်သက်သောကိစ္စများ၊ ယှဉ်ပြိုင်မှုများတွင် ထွန်းထွန်းပေါက်ပေါက် အောင်မြင်မည်။

အလွန်ညံ့သောကာလဖြစ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေပြေ ချောချောမောမောမရှိ။ တစ်ပိုင်းတစ်စ ဖြစ်မည်။ အဆုံးသတ်၍မရ။ မတော်မဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ ရန်အတိုက်အခံများနှင့် ယှဉ်၍ အလုပ်ကိစ္စများ ဆောင်ရွက်ရမည်။ စက်ပစ္စည်းများကိုင်တွယ်ရာမှ ထိခိုက်မှု ဖြစ်တတ်သည်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။ အလုပ်အကြံအစည်ကိစ္စများတွင် မှန်းထားသည်က တစ်မျိုး၊ လက်တွေ့တမျိုးကြုံမည်။ အစီအစဉ်ချမှတ်ပြီး လုပ်ကိုင်၍ မရ။ ယုံကြည်လွှဲအပ်ပြီးလုပ်သော ကိစ္စမှန်သမျှ ပေါ့ပေါ့တန်တန် ဆောင်ရွက် သူများနှင့် ကြုံပြီး ဆောင်ရွက်သမျှ အကျိုးမဲ့သလို ဖြစ်မည်။

အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ အဆင့်တစ်ခုသို့ တက်လှမ်းရန် အခွင့်အလမ်းပေါ်မည်။ ရဲရဲတင်းတင်း ရှေ့တိုးလုပ်ကိုင်ပါ။ နေရာအပြောင်းအရွှေ့ ကိစ္စများ၊ အလုပ်ကိစ္စများအတွက် အခိုင်အမာ ဆောင်ရွက်အောင်မြင်နိုင်ခြင်း ရှိမည်။ ဦးခေါင်းနှင့် မျက်စိတွင် အသေးစားထိရှမှု ဖြစ်တတ်သည်။ မျက်စိနှင့် ပတ်သက်သော ခွဲစိတ်မှုကြုံမည်။ အကြံဉာဏ်ဟောင်းများကို လမ်းကြောင်းသစ်ထွင်၍ ရှေ့တိုးဆောင်ရွက် အဆင်ပြေမည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်စဉ် တစ်ပါးသူ တိုက်တွန်းမှု၊ လှုံ့ဆော်မှု၊ သိမ်းသွင်းမ ှုအောက် မပါအောင် ထိန်းပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ပါ။

အရွေးရခက်အောင် အခွင့်အရေးနှစ်ခွ တစ်ပြိုင်နက်တည်းပေါ်မည်။ တွေဝေခြင်း၊ ဒွိဟဖြစ်ခြင်းကြောင့် အခွင့်အရေးများ လက်တစ်လုံးခြား ဆုံးရှုံးမည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ လူယုံ ဒုက္ခပေးမည်။ အရာရာအပေါ်တစ်ကြိမ်မက ပြန်လည်ဆောင်ရွက်ရခြင်းများ ရှိမည်။ အတတ်ပညာနှင့် ဘဝ တိုးတက်မှုများ ဖန်တီးနိုင်မည်။ အရပ်ဝေးနှင့် ဆက်သွယ်လုပ်သောကိစ္စများမှ ထင်ရှားသော တက်လမ်း များရရှိမည်။ အချစ်ရေး၊ မေတ္တာရေး ကိစ္စများတွင် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ ခရီးကိစ္စ၊ အပြောင်းအလဲကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။

ကန်ရာသီဖွားအတွက်

အလှူမင်္ဂလာကိစ္စများ ကြုံမည်။ အိမ်ထောင်ရေးကိစ္စ ပေါ်ပေါက်မည်။ ကူညီသူပေါ် ၍ ဖြစ်ပေါ်နေသော ပြဿနာများ ပြေလည်သွားမည်။ ငွေကြေးကိစ္စ အငြင်းပွားစရာများ ကြုံမည်။ စုပေါင်းလုပ်ငန်း အကျိုး ပေးမည်။ အရပ်ဝေးမှ သူများနှင့် အဆက်အသွယ်ကောင်း ရရှိမည်။ အိမ်ထောင်ရေး ကိစ္စ ဆုံးဖြတ် ရမည်။ မင်္ဂလာ ကြုံမည်။ ကြည်နူးဖွယ် မေတ္တာရေး ကိစ္စများ ဖြစ်ပေါ်မည်။ ဥစ္စာဓန တိုးပွားမည်။ မြုပ်နေ သောငွေ ပြန်ပေါ်မည်။ ဆေးရုံဆေးခန်းသို့ ရောက်ရှိမည်။ မျက်စိနှင့် ပတ်သက်သော ရောဂါများ ဖြစ်တတ်သည်။

ခရီးသွားဖြစ်မည်။ အပြောင်းအလဲများဆောင်ရွက်ဖြစ်မည်။ လုပ်ငန်းခွင်အတွင်း လူသစ်များနှင့် ဆက်ဆံ ရမည်။ အလွယ်တကူ ဖြစ်လိမ့်မည်ဟု ယူဆလုပ်ကိုင်သော အလုပ်မှ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ် လိမ့်မည်။ ပစ္စည်းပျောက်မည်။ လိမ်ညာခံရမည်။ ရန်များမည်။ ကတိမတည်သော သူများနှင့် တွေ့မည်။ လူမျိုးကွဲ၊ ကပြားများမှ ဒုက္ခပေးတတ်သည်။ အသက်အရွယ်ကြီးသူ ကျန်းမာရေး အညံ့ရှိမည်။ ခြံမြေကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားများရခြင်း၊ ပဋိပက္ခဖြစ်ခြင်း ကြုံမည်။ ငွေကြေးလက်လွန် ဆုံးရှုံး တတ်သည်။

စီးပွားတိုးမည်။ အခက်အခဲကျော်လွှားနိုင်မည်။ အပြိုင်အဆိုင်များကို အနိုင်ရမည်။ ရှိရင်းစွဲဘဝအနေအထားမှ ပိုမိုမြင့်သော ဘဝအနေအထားသို့ ရောက်ရှိမည်။ စိတ်ကူးသစ်၊ အကြံသစ်များဖြင့် လုပ်ကိုင်လိုက်သော ကိစ္စများမှ တိုးတက်မှုများ ရရှိမည်။ မိသားစု စီးပွားဥစ္စာတိုးပွားမည်။ ခရီးသွား၍ အဆင်ပြေ မည်။ ဝေးကွာနေသော မိတ်ဟောင်းများနှင့် ပြန်လည် ဆုံစည်းမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက် ရမည်။ ပြောင်းလဲနေသော အခြေအနေသစ်ကို လက်တွေ့ဆောင်ရွက် အကျိုးရှိမည်။

စီစဉ်ထားသည်နှင့် လက်တွေ့ကွာဟမည်။ ပြဿနာ အခက်အခဲများ တစ်မျိုးပြီးတစ်မျိုး ဖြစ်မည်။ စကားမတည်သောသူများနှင့် တွေ့မည်။ မလည်မရှုပ်လုပ်သူများကြောင့် မလုပ် မဖြစ်သော ပြဿနာများ ဖြစ်လာမည်။ အိမ်တွင်းရေးကိစ္စ၊ လူမှုရေးကိစ္စများတွင် စိတ်အနှောင့်အယှက် ရှိမည်။ ဝိုင်းဝန်းဒုက္ခပေးသူများ ရှိမည်။ အိမ်ရှိ အသက်ကြီးသူ များ ရေချိုးခန်းတွင်ဖြစ်စေ၊ ရေအိမ်အတက် အဆင်းတွင်ဖြစ်စေလဲပြိုလိမ့်မည်။ သေချာပေါက ်စီစဉ်ထားသည်များ မဖြစ်။ လမ်းသစ်ထွင်၍ လုပ်သောကိစ္စများမှ ထူးခြားသော တက်လမ်းများ ဖြစ်ထွန်းမည်။ မတော်တဆ ထိခိုက်မှု အန္တရာယ် သတိရှိပါ။

ကုမ်ရာသီဖွားအတွက်

သူတစ်ပါး ပြဿနာများ ကိုယ့်ထံကူးစက်ရောက် ရှိမည်။ ရန်ပဋိက္ခများနှင့် ရင်ဆိုင်ရမည်။ အခက်အခဲများနှင့် ထိပ်တိုက်တွေ့မည်။ နာမည်သိက္ခာကျအောင် စွပ်စွဲခံရမည်။ ငွေကြေး၊ စာရင်းဇယား အရှုပ်အထွေးများ ဝင်ရောက် ပတ်သက်ရမည်။ သူတစ်ပါးအပေါ် အားနာခြင်း၊ အနစ်နာခံခြင်းကြောင့် ကိုယ်တိုင်တွင် ဒုက္ခများစွာ တွေ့ရတတ်သည်။ အတူတကွ ပူးတွဲဆက်ဆံနေသူများ၏ အရှုပ်အထွေး ကိစ္စများ လိုက်လံဖြေရှင်းရမည်။ အမှုအခင်း ဖြစ်တတ်သည်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းပြဿနာ များ ဖြစ်တတ်သည်။ ဥပဒေနှင့် မကင်းသော ကိစ္စမှန်သမျှ ရှောင်ကြဉ်ရမည်။ ရုံးရောက်၊ ဂါတ်ရောက် သက်သေလိုက်ရမည်။ အမှုအခင်းကြီးများနှင့် ပတ်သက်ရမည်။

အရာရာ အဆင်ပြေ၍ ဆောင်ရွက်သမျှထွန်းပေါက်မည်။ အတိုက်အခံများ ကျော်လွှားနိုင်မည်။ မိတ်ဆွေ အကြီးအကဲများထံမှ အကူအညီကောင်းရမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ အချစ်ရေး၊ မေတ္တာရေးရာကိစ္စများတွင် အထူးကံကောင်းမည်။ စုပေါင်းတွဲဖက်လုပ်ကိုင်ရန် ကမ်းလှမ်းခံရမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ လုပ်ငန်းတိုးတက်မည်။ မြှုပ်နှံထားသည်များမှ အကျိုးအမြတ် ရမည်။ လာဘ်လာဘပွင့်မည်။ ကျန်းမာရေး အထူးပြုဂရုစိုက်ပါ။ သွားနာသွားကိုက်ဖြစ်မည်။ အဆုတ်နှင့် ပတ်သက်သော ရောဂါဖြစ်မည်။ အစားအသောက်မှားယွင်းတတ်သည်။ လက်လွန်ထားသောငွေများ ပြန်ရမည်။

အပျောက်အရှများမည်။ မမျှော်လင့်ဘဲ ခရီးသွားရာမှ ထူးခြားသော အကျိုးဆက်ရမည်။ လူမျိုးကွဲ အကျိုးပေးမည်။ အိုးအိမ်နေရာထိုင်ခင်းအတွက် စကားပြောရမည်။ စကားအောင်မည်။ ခြံ၊ ကား၊ အခန်းကိစ္စ များဆောင်ရွက်၍ အကျိုးရှိမည်။ ငွေကြေးစီးပွား အကျိုးအမြတ်ကောင်းရမည်။ သူတစ်ပါး အပေါ် စေတနာ နှင့် ကူညီရာမှ အများတကာ၏ အထင်လွဲမှားမှုခံရမည်။ ရှုပ်ရှုပ်ထွေးထွေး ပြောဆို တတ်သောသူများကြောင့် အိမ်တွင်းရေးအညံ့များ ဖြစ်ပေါ်တတ်သည်။ ခါးပိုက်နှိုက် ခံရတတ် သည်။ ငွေလာချေးသူပေါ်မည်။ လက်လွန်ဆုံးရှုံးတတ်သည်။ ကြားဝင်တာဝန်ယူခြင်း၊ အာမခံခြင်း မပြုသင့်။ စိုက်လျော်ပေးရတတ်သည်။

ကြိုးပမ်းဆောင်ရွက်ထားသည့်ကိစ္စများမှ တိုးတက်မှုများ ရရှိမည်။ အခက်အခဲ မှန်သမျှ ဖြေရှင်းပြီးမြောက် မည်။ ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသော အကျိုးဆက်ကောင်းများ ရရှိမည်။ ဝင်ငွေကောင်းခြင်း၊ စီးပွားတိုးခြင်းနှင့် အရှိန်အဝါကြီးမားသော အနေအထားရရှိမည်။ ဥစ္စာတိုးပွားမည်။ အလုပ်အဆင့်တိုးတက် မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဦးတည်ချက်ပြောင်း၍ လုပ်သောကိစ္စများမှ ထင်ရှားသော တိုးတက်မှုများ ဆက်တိုက်ရမည်။ သူတစ်ပါးနှင့် ယှဉ်ပြိုင်ပြီးလုပ်သော ကိစ္စများတွင် အဆင့်မြင့်အောင်မြင်မှု များ အခိုင်အမာရရှိမည်။


ဓနုရာသီဖွားအတွက်

တစ်ခုထက်မကသောလုပ်ငန်းများကို အောင်မြင်အောင်လုပ်ကိုင်နိုင်မည်။ စီးပွားကိစ္စ၊ ငွေကြေးကိစ္စများ တွင် ပြောဆိုသမျှအောင်မြင်မည်။ အဆင့်မြင့် တက်လမ်းများ ရရှိမည်။ ရုတ်ချည်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်သော လုပ်ငန်းများမှ ထင်ရှားသော တက်လမ်းများ ရရှိမည်။ မိဘအကြီးအကဲ ကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ လုပ်ရိုးလုပ်စဉ်မဟုတ်သော အလုပ်ကိစ္စများကို တာဝန် ယူ ဆောင်ရွက်ရခြင်း ကြုံမည်။ စိတ်ကူးသစ်များနှင့် လမ်းသစ်ထွင်ကာ လုပ်ခြင်းတို့ အောင်မြင်မည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ အဆင့်မြင့် သင်တန်းများ တက်ရောက်ရမည်။
အဘက်ဘက်မှ ကောင်းသော အနေအထားရှိမည်။ တစ်ခုထက်မကသော လုပ်ငန်းများကို လုပ်ကိုင် ၍ အောင်မြင်မှုများကို ဖန်တီးရမည်။ ငွေကြေးအတွက် စိတ်ပင်ပန်းရမည်။ လူယုံထား၍မရ။ လှည့်စားတတ် သောသူများ၊ ကောက်ကျစ်သောသူများနှင့် ဆက်ဆံရမည်။ အလွယ်တကူ ကတိပေးခြင်း၊ တစ်ပါးသူပြောသော ကတိစကားကို နားယောင်ခြင်းမရှိသင့်။ အိမ်တွင်းရေးနှင့် ပဋိပက္ခများ ရုတ်တရက် ဖြစ်ပေါ်နိုင်သည်။ စိတ်ရှည်သည်းခံရပေမည်။ ယုံစားခြင်း၊ အားနာခြင်းများ ရှောင်ရှားပါ။ အငြင်းပွားစရာများ ဖြစ်တတ်သည်။ ငွေကြေးအပေးအယူ မှားတတ်သည်။

လူမှုရေး၊ မေတ္တာရေး ကိစ္စများတွင် စိတ်ချမ်းမြေ့စရာများရှိမည်။ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူ ရမည်။ အခက်အခဲများ ပြေပြစ်အောင် ထိန်းသိမ်းရမည်။ ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တိုးလုပ်သော လုပ်ငန်းများမှ ထူးခြားသော အကျိုးဆက်များ ရလာမည်။ မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ လူလွတ်များအဖို့ အချစ်ရေးကိစ္စ၊ စေ့စပ်မင်္ဂလာရေးရာအဖြာဖြာတွင် စိတ်ချမ်းမြေ့စွာဆောင်ရွက်နိုင်မည်။ အထောက်အကူပြုသူများမည်။ စုပေါင်းတွဲဖက်လုပ်ငန်းအကျိုးပေးမည်။ အခက်အခဲကြားမှ အလိုဆန္ဒများ ကို ဆောင်ရွက်နိုင်သည်။

အပြောင်းအလဲနှင့် တိုးတက်မှုရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။ အခက်အခဲကြားမှ တက်လမ်းပေါ်မည်။ ကိုယ်ပိုင်စိတ်ကူး အကြံအစည်များကို လက်တွေ့ အသုံးချနိုင်သော အနေအထားရှိမည်။ အရပ်တစ်ပါးနှင့် ဆက်သွယ်၍ ကောင်းသောအကျိုးဆက် ရှိမည်။ ပြည်ပခရီး ကံပွင့်မည်။ ကိုယ်တိုင် တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပလူမျိုးကွဲများနှင့် ဆက်နွယ်သော ကိစ္စ များ ဆောင်ရွက်အဆင်ပြေမည်။ အမေ၊ အဖွား၊ အဒေါ်အစရှိသည့် အသက်အရွယ်ကြီးသူ အမျိုးသမီး များနှင့် ပတ်သက်၍ စိတ်ပင်ပန်းခြင်း ရှိမည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection