Win32.kido Virus

Win32.kido or Net-Eorm ဆိုသည်မှာ

Win32.kido or Net-Eorm ဆိုသည်မှာ ကွန်ပျူတာ၏စွမ်းဆောင်မှုများကို ထိခိုက်စေနိုင်သည့် Virus တစ်မျိုးဖြစ်ပါသည်။ အဆိုပါ Virus ကူးစက်ခံရပြီဆိုပါက ကွန်ပျူတာ တွင် အောက်ဖော်ပြပါအချက်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ကွန်ပျူတာအတွင်းခွဲထားသည့် Drive များနှင့် ကွန်ပျူတာသို့တပ်ဆင်လာသည့် အခြား Removable Drive များအတွင်း၌ Autorun.inf ကိုတည်ဆောက်ခြင်း။

Window Install ပြုလုပ်ထားသည့် System32 Folder အတွင်း အမည်အမျိုးမျိုးဖြင့် .DLL ဖိုင်များကို မလိုအပ်ပဲ တည်ဆောက်ခြင်း။

Registry အတွင်း မလိုအပ်သည့် File များကိုတည်ဆောက်ခြင်း။

အင်တာနက်မှတစ်ဆင့် ကွန်ပျူတာကိုတိုက်ခိုက်၍ Data အချက်အလက်များကိုခိုးယူခြင်း နှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုများကို ရှုပ်ထွေးစေခြင်း

Antivirus Software များကို Block ပြုလုပ်ခြင်း စသည့်အချက်များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

အဆိုပါ Virus ကူးစက်ခံရမည်ဆိုပါက ချက်ခြင်းလက်ငင်းသိသာထင်ရှားသည့် ဆိုးကျိုးများကို မတွေ့ ြုံ ရနိုင်ပဲ ကွန်ပျူတာအသုံးပြုရာတွင် လေးလံခြင်းစသည်တို့ကိုသာ ကြုံတွေ့ရနိုင်ပါသည်။ သို့ရာတွင် မိမိ ကွန်ပျူတာအတွင်းရှိ အရေးကြီး အချက်အလက်များကို တဖြည်းဖြည်းခြင်း ခိုးယူခံရနိုင်သည့်အတွက် အန္တရာယ်ကြီးမားလှပေသည်။ ထို Virus or Network Attack ကိုခုခံဖယ်ရှားနိုင်ရန်အတွက် Kaspersky မှ ထုတ်လုတ်ထားသည့် Kidokiller ဆိုသည့် Virous Removal Tool ကိုအသုံးပြုနိုင်ပါသည်။

Kidokiller ဆိုသည့် Virous Removal Tool ကိုအောက်ဖော်ပြပါ Link တွင် Download ပြုလုပ်နိုင်ပါသည်။ Download ပြုလုပ်ပြီးနောက် Rar ဖိုင်ကိုဖြည်၍ Double Click နှိပ်ကာRun as Administratot ဖြင့် Run ပေးရပါမည်။ ထိုအခါ ကွန်ပျူတာကို Scan ဖက်ပြီးနောက် ကွန်ပျူတာအတွင်းရှိ Win32.kido Virus ကိုဖယ်ရှားသွား မည်ဖြစ်ပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection