ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ရိုက်ကူးရေးအတွက် လိုအပ်နေသည့် စတူရီယို ပညာရပ်များကို အိမ်နီးချင်း နိုင်ငံခြား တိုင်းပြည်များ၌ သွားရောက်လေ့လာမည်ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မီတီဝင် တစ်ဦးဖြစ်သူ ဒါရိုက်တာ ကိုသူရ (ခေါ်) ကိုဇာဂနာမှ ပြောကြား ခဲ့ပါသည်။

“စတူရီယိုကတော့ စတူရီယိုလို့ လက်ညိုးထိုးပြီး ပြစရာကို မြန်မာပြည်မှာ တစ်ခုမှ မရှိသေးဘူး၊ နိုင်ငံခြားမှာ သွားရောက် လေ့လာမယ်။ ဗန်ကောက်၊ ဖနွမ်းပင်၊ စင်ကာပူ၊ ကိုးရီးယား စသဖြင့်ပေါ့။ ကျနော်တင် မကပါဘူး၊ ကျန်တဲ့ ရုပ်ရှင် ဒါရိုက်တာ တွေလည်း ပါပါတယ်။ သူတို့တွေလည်း သွားကြမှာပါ၊ အဲဒီကနေ ပြန်လာပြီးမှ ကျွန်တော်တို့ စတူဒီယိုကို ဘယ်လို ပုံသဏ္ဍာန်နဲ့ လုပ်ကြမလဲဆိုတာ စဉ်းစားကြတာပေါ့ဗျာ”ဟု RFA နှင့် ပြုလုပ် သည့် မေးမြန်းခန်းတွင် ဒါရိုက်တာ ကိုသူရခေါ် ကိုဇာဂနာမှ အတည်ပြု ပြောသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် "The Lady" ရုပ်ရှင်ဇာတ်ကားဇာတ်ဝင်ခန်း တစ်နေရာ (ဓါတ်ပုံ - အင်တာနက်)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ၊ NLD ပါတီ အထွေ အထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ရိုက်ကူးရန် ရည်ရွယ်ချက် ရှိပါသည်။ ဤအစီစဉ်အတွက် ရုပ်ရှင်လောကမှ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့၌ တက္ကသိုလ် ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ရုပ်ရှင်ရိုက်ကူးရေး နည်းပညာ များကိုလည်း နိုင်ငံခြား ဒါရိုက်တာများ၏ အကူအညီ ရယူရန် ရှိပါသည်။

“ကျွန်တော်တို့ အတော်များများကို နည်းပညာပိုင်း၊ အတတ်ပညာပိုင်း ဆိုင်ရာပေါ့လေ၊ အနုပညာပိုင်း ဆိုင်ရာတွေတော့ မဟုတ်ပါဘူး အဲဒီ ကိစ္စရပ်တွေ အားလုံးကို နိုင်ငံတကာ အကူအညီယူဖို့အဲဒီနေ့ကတည်း က အန်တီနဲ့ ကျွန်တော်တို့ အသေအချာ ညှိပြီး လုပ်ထားပါတယ်။ ဥပမာ ဆိုပါတော့ “The Lady” ဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ “လုစ်ဘက်ဆန်”တို့လို၊ “ရောဘက်လေဘာမန်”တို့လို၊ နောကေ် ဟာလီးဝုဒ်မှာ လုပ်နေတဲ့ ဆရာကြီး “ဇီဖန်ကိုဘာဆိုလို” သူတို့ကိုပါ ကျွန်တော်တို့ အကူအညီ တောင်းထားပါတယ်။ သူတို့ကလည်း ဝိုင်းဝန်း ကူညီ ပေးကြ ပါလိမ့်မယ်။ ဗမာပြည်ကိုလဲ သူတို့ မကြာခင်မှာ အလည် ရောက်လာ ပါလိမ့်မယ်။ သူတို့ အကူအညီ ပေးကြမှာပါခင်ဗျ” ဟု ကိုဇာဂနာမှ ပြောသွားခဲ့ပါသည်။

ဤရုပ်ရှင်၏ ဇာတ်ညွန်းဖြစ်မြောက်ရေး ကော်မီတီ၌ သမိုင်း အချက်အလက်များ မှန်ကန်စွာ ပါရှိရေး အတွက် သုသေတနပုံစံ ကော်မီတီ တစ်ရပ်ကို ဦးမိုးသူမှ တာဝန်ယူ၍ လုပ်ဆောင်လျက် ရှိနေပါသည်။ ထိုဇာတ်ညွှန်း ကော်မီတီတွင် ရုပ်ရုင်နယ်ပယ်မှ ပုဂ္ဂိုလ်များ သက်သက် မဟုတ်ဘဲ စာရေးဆရာ ဦးသိန်းနီ၊ ကိုမော်လင်း တို့လည်း ပါဝင်ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အရေးကြီး ပုဂ္ဂိုလ်များ၏ နေရာတွင် ပါဝင် သရုပ်ဆောင်မည့် လူများကိုလည်း သရုပ်ဆောင်သစ်များကို လေ့ကျင့် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် "The Lady" ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင် ခန်းတစ်နေရာ (ဓါတ်ပုံ - အင်တာနက်)

ရိုက်ကွင်းအဖြစ် အသုံးပြုနိုင်ရန်နှင့် စတူရီယို တည်ဆောက်ရန်အတွက် လိုအပ်မည့် မြေနေရာအတွက် လည်း မြန်မာအစိုးရမှ ရန်ကုန် - ပဲခူး ကားလမ်းဘေးတွင် တည်ရှိသည့် မြေဧက (၁၀ဝ) ကျော်ကို ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ယခု ပဲခူးတိုင်း တိုင်းဒေသကြီး၏ ဝန်းကြီးချုပ်ဖြစ်သူ ဦးဉာဏ်ဝင်းမှ အသုံးပြုခွင့် ပေးထားခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။


Source by : ရွှေဟင်္သာ သတင်းဌာန

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection