ယောင်္ကျားလေးတို့ရဲ့အချစ် (အပိုင်း(၁) (၂) (၃) )

ယောင်္ကျားလေးတို့ရဲ့အချစ် (အပိုင်း(၁) (၂) (၃) )

အပိုင်း(၁)    ယောင်္ကျားလေးတို့၏ အချစ်သည် အချိန်ကာလကို ကျော်လွှားနိုင်ခြင်းမရှိပါ။

ဆိုလိုသည်မှာ ယောင်္ကျားတို့၏ အချစ်သည် ရေရှည်မခံပါ။ ရှိတ်စပီးယားက ပြောဖူးပါသည်'' လူတစ်ယောက် ကို တစ်သက်လုံးချစ် တယ်လို့ဆိုတာဟာ ဖယောင်းတိုင် တစ်တိုင်ထဲက ထာ၀ရ တောက်လောင်နေမယ်လို့ ပြောတာနဲ့ အတူတူပါပဲ'' ဟူ၏။
 မည်သည့်ဖယောင်းတိုင်မျှ ထာ၀ရ တောက်လောင်နိုင်စွမ်း မရှိသည်ကိုသိလျှင် လူတစ်ယောက်က လူတစ်ယောက်ကို တစ်သက်လုံး ချစ်သည်ဆိုသော အချက်ကလဲ မဖြစ်နိုင်မှန်း လူတိုင်းသိကြပါသည်။ သည် နေရာတွင် စာရေးသူ ပြောချင်သော အချစ်မှာ ကိလေသာအချစ်ကို ဆို လိုပါသည်။ အိမ်ထောင်သက် နှစ်ပေါင်း 50 မက သော အဖိုးကြီးအဖွားကြီး တစ်ဦးကို တစ်ဦး ကြင်ကြင် နာနာ ၊ယုယုယယ နှင့် ဖေးမ ချစ်ခင် ကြ သည့် အချစ်မျိုးမှာ စာရေးသူပြောသော ကိလေသာ အချစ်နှင့် လားလားမျှမဆိုင်ပါ။ ကိလေသာချစ်မှာမူ အလွန် ကောက်ရိုးမီး ဆန်ပါသည်။ ဟုန်းခနဲထတောက်ပြီး အလျှံငြီးငြီးနှင့် တစ်သက်လုံးလောင်နေတော့မလို ထင်တက်ကြပါသည်။ လက်တွေ့တွင်မူ ခဏနှင့်ငြိမ်းသွားတက်ပါသည်။ တစ်ခါတစ်ရံ ထိုခဏသည် လနှင့်ချီ တက်ပြီး တစ်ခါတစ်ရံ နှစ်နှင့်ချီတက်ပါသည်။ သိုးဆောင်း ဘာသာစကားမှာတော့ ထိုစိတ်အနေထားကို infatuation ဟုခေါ်ပါသည်။စာရေးသူကတော့ မွှန်စိတ်ဟု တင်စားထားပါသည်။ မည်သို့ပင်ဆိုစေ ထိုမွှန်စိတ်သည် ကြာရှည်မခံသည်မှာလဲ အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော့အတွေ့အကြုံအရ ပြောရလျှင်မူ အနည်းဆုံး 3-4 လ အများဆုံး 18လ ၊ လ 20 လောက်သာ ခံပါသည်။
အပိုင်း(၂)    ယောင်္ကျားလေးတို့၏အချစ်သည် အဆိပ်တက်နေခိုက်တွင် အလွန်အရှိန်ပြင်းလှသည်။

ထိုသို့အချိန်မျိုးတွင် အချစ်အတွက်ပင် အသက်ဖြင့် သေသေဟုလည်း အော်ကောင်းအော်နေ ပါမည်။ ခင့်ကိုမှမရရင် မောင်ကြီးဘ၀တစ်ခုလုံး ပျက်စီးပါတော့မယ်ခင်ရဲ့ ဟုလည်းအလေးအနက်ပြောကောင်း ပြောနေပါလိမ့်မည်။ အချစ်နဲ့စစ်မှာ အားလုံးတရားတယ်ဟုဆိုကာ.... ခိုးပြေးဖို့ ၊ ကားတင်ပြေးဖို့ ၀န်မလေး သည့် စိတ်အနေအထားမျိုးကိုလည်း ရောက်ကောင်းရောက်နေပါလိမ့်မည်။
သေချာသည်မှာ ထိုအနေအထားတွင် ထိုသို့ခံစား နေရသည်မှာ အမှန်လည်းဖြစ်ပါသည်။ မိန်းမသား များ ယုံကြည်လာစေရန် သက်သက်မဲ့ လုပ်ကြံလီ ဆယ်နေသည်မျိုး လုံးလုံးမဟုတ်ပါ။ သို့ရာတွင် ထိုအနေ အထားသည် အချိန်ကာလတစ်ခုသို့ ရောက် လျှင် ဟုတ်ခနဲ ငြိမ်းသွားပြီးဘယ်လိုမှ ပြန်နိုးထ လာလေ့မရှိတော့မှာလဲ မှန်မှန် မှန်မှန်နဲ့ အဖန်ဖန် မြည်နေအောင်ကို မှန်နေပြန်ပါသည်။

အချစ်နှင့်ပတ်သက်လာလျှင် မိန်းကလေးတွေမှာ နှာခေါင်းမပါဟုဆိုကြသကဲ့သို့ပင် ထိုသို့ မွှန်နေခိုက် တွင် ယောင်္ကျားတို့တွင်လဲ နှာခေါင်းမရှိတော့ပါ။ နှာခေါင်းတင်မဟုတ် ၊ ဦးနှောက်လဲမရှိတော့ပါ။ ထိုအချိန်မျိုးမှာ အသိဥာဏ်ဘယ်လောက်ကြီးကြီး ၊ ပညာဘယ်လောက်တက်တက် ထင်ရာစိုင်းဖို့ ၀န်မလေး အောင်ဖြစ်နေ တက်ကြသည်။

သို့သော် သေချာသည်ထက် သေချာအောင် ထပ်ပြောလိုပါသည်။ ဟုတ်ကဲ့......မည်မျှပင်ပြင်းပြင်းထန်ထန် ချစ်မြတ်နိုးလှပါသည်ဆိုပါစေ ထိုစိတ်သည် ကောက်ရိုးမီးသာဖြစ်ပါသည်။

အပိုင်း(၃)     ယောင်္ကျားတော်တော်များများသည် ရမ္မက်နှင့်အချစ်ကို ရောထွေးခံစားတတ်ကြပါသည်။
'' ခင့်ကိုတော့ မောင်ဖြင့် တက်မက်လိုက်တာကွယ် '' ဟုအဘယ်ယောင်္ကျားသား၏ နုတ်ကမှထွက်လာမည် မဟုတ်ပါ။ ထိုသို့ပြောပါက ပါးချခံရကိန်းရှိမှန်း အတောင် နှစ်ဆယ်၀တ်တွေ အားလုံးကောင်း ကောင်း သိကြ ပါသည်။ ထိုရောအခါ ကျွန်တော်တို့ ယောင်္ကျား များသည် ''ချစ်တယ်ဟူသော စကား အလှကို ခုတုံး လုပ်သုံး တက် ကြပါသည်။ ခင့်ကိုမှမရရင် သေရပါ တော့ မယ်ဟု အတည်ပေါက် ပြောနေသည့် အခါမှာလဲ ခင့်ခန္ဓာကိုယ် ကိုမှ မရရင် သေရပါတော့မယ်ဟူသော အနက်သာပိုထွက်နေပါသည်။ ခင့်ကိုရပြီးသည့် နောက်တွင်တော့ အားလုံးလျောက်လျားတွေ ဖြစ်ကုန်မည်ကို ခင်တို့အားလုံး ကြိုမတွေးမိကြခြင်းကြောင့်သာ အိမ်ထောင်ရေး ဘ၀မှာ မိန်းမသား တစ်ချို့ ဒူးနဲ့မျက်ရည်သုတ်နေရခြင်းသာ ဖြစ်လေသည်။ကိုကိုသစ္စာများ အထက်ပါ အချက်သုံးချက်သည် ယောင်္ကျား တို့၏ ရင်တွင်းဖြစ်ပေါ်တက်မြဲ အချစ်၏သရုပ်သကန်ကို ပေါ်လွင်ထင်ရှား စေလောက်သည်ဟု ယုံကြည်ပါ သည်။ သည်နေရာတွင် တစ်သက်လုံးတစ်ယောက် တည်းကိုသာ ချစ်သွား သောသူများ မရှိတော့ဘူးလား ဟုဆိုလျှင် ရှိတော့ရှိပါသည်။

သို့သော် အလွန်ရှားလှပါသည်ဟု ဆိုချင်ပါသည်။ ကျွန်တော့ပတ်၀န်းကျင်တွင် မြင်တွေ့ဆက်ဆံဖူး သမျှ လူပေါင်းများစွာကို လေ့လာအကဲခတ်ကြည့်သောအခါ ထိုသို့တစ်ယောက်တည်းကို တစ်သက်လုံး ချစ်သွား သူများသည် မူမှန်သူများမဟုတ်ကြသည်ကို တွေ့ရပါသည်။အထက်တွင်ပြောထားသည့်အတိုင်း ပြောသူကလီ ဆယ်ပြောနေသည်မဟုတ် ယုံမည်ဆိုက ယုံနိုင်ပါသည်။ သို့ရာတွင် မမေ့သင့်သည်မှာ မရလျှင် သေမည်ဆိုသော အကြင်ယောင်္ကျား၏ စိတ်သည် ထိုတစ်ခဏအတွက်သာ အာမခံနိုင်ခြင်းကို မမေ့လျော့သင့်ပါတဲ့။ 

(၂) မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးတော့ ဖျာလို ခင်းပြီး နင်းခြေတက်သော မောင်တို့ ယောင်္ကျားတွေ ဆိုသောစကားမှာ ခြွင်းချက်မရှိအောင် မှန်ကန်သည်ဟုဆို၏။ အိမ်ထောင်မကျခင်က ခင့်မျက်နှာအညိုး မခံခဲ့ဖူးသူပေမယ့် အိမ်ထောင်ကျပြီးချိန်တွင် မျက်နှာညိုရုံမကလို့ မတ်တက်ရပ်ကာ သေပွဲ၀င်တော့မတက် ဖြစ်နေသည့်တိုင် ထင်ရာလုပ်တက်သော ယောင်္ကျားများ အသင်္ချေရှိသည်တဲ့။ 

(၃) မိမိအား အလိုချင်ဆုံးအချိန်တွင် သူ့ကိုမယူမိအောင်ထိန်းသိမ်းသင့်ပါသည်။ ထို့တူ မိမိက သူ့ကိုအချစ်မိ ဆုံးအချိန်တွင် အိမ်ထောင်ပြုဖို့ အရေးလုံး၀မတွေးသင့်ပါတဲ့။ 

(၄) ခိုင်မာမြဲမြံသောအိမ်ထောင်တစ်ခုတည်ဆောက်လိုပါက အချိန်ကောင်းကောင်းယူသင့်သည်။ အထက်က ဖော်ပြထားသော အချစ်ဆိပ်ကျကျနန ပျောက်ချိန်ထိစောင့်သင့်သည်။အနည်းဆုံး နှစ်နှစ်အချိန်ယူ သင့်ပါ သည်တဲ့။ ကြာလေလေ ခိုင်မြဲလေလေ ဆိုသည့် အချက်ကို သတိထားမိကြလျှင်ဖြင့် ထိုထက်အချိန်ပို ယူနိုင်ပါ သေးသည် ယူသင့်ပါသည်။ 

(၅) မည်မျှပင်အချိန်ယူပြင်ဆင်ပြင်ဆင် မိမိ်လက်တွဲဖော်သည် တစ်ချိန်မဟုတ်တစ်ချိန် ဖောက်ပြားနိုင် သေးသည်။ နောက်တစ်ယောက် အပေါ်တွင် အရူးအမူးဖြစ်နိုင်သေးသည် ဆိုခြင်းကိုလဲ မမေ့လျှော့သင့် ပါဘူးတဲ့ ။ လူဟူသည်မှာ ပြောင်းလဲတက်သော သဘာ၀ ရှိကြောင်းနားလည်သဘောပေါက် ထားသင့်ပါသည်။ ယောင်္ကျားသားတို့တွင် ယောင်္ကျားကောင်းမောင်းမတစ်ထောင် ဆိုသော သွေးထိုးစကားများကလဲရှိပြန် ၊ မိန်းကလေးတစ်ယောက် လူတစ်ကာနှင့်တွဲလျှင် မျက်နှာများသည်ဟု ဆိုကာ ပတ်၀န်းကျင်တွင် နာမည်ထိ ခိုက်နိုင်ပေမယ့် ယောင်္ကျားလေးလူတကာနှင့်တွဲနေလျှင်မူ ကိုဖိုးစွံဟု ထောမနာ ပြုတက်ကြရာ အကြင်ဘသား များကလဲ အခြားယောင်္ကျားတို့အလယ်တွင် ခေါင်းတစ်လုံးသာနေသည်ဟု အခြောက်တိုက် သွေးနားထင် ရောက်သွားတက်ပါသည် တဲ့။ ဒီအောက်က စာကတော့ ဆူဒိုနင် ပြောထားတာဖြစ်ပါတယ်။ ယခုကဲ့သို့ရေးသား တင်ပြလိုက်သည့်အတွက် အစ်ကိုကာလသားများက ကျွန်တော့အား မျက်မာန်ပွားဖွယ်အကြောင်းရှိပါသည်။ ယောင်္ကျားစစ်စစ် ဧကန်ဖြစ်ပါလျှက် ဘဇာကြောင့်မိန်းမသားများအကျိုးကို ရည်မျှော်ကာ အကုန်လုံး ဖော်ထုတ် လိုက်ပါသနည်းဟု အမေးရှိလာပါက ကျွန်တော့မှာ အဖြေရှိပါသည်။ ကျွန်တော်သည် အမေဟူသော မိန်းမသားက မွေးဖွားလိုက်သူ တစ်ဦးဖြစ်ကာ သမီးဟူသော မိန်းမသား၏ ဖခင်လည်းဖြစ်သောကြောင့် မအေချင်း ၊ သမီးချင်း နှမမချင်း စာနာမိရလေသောကြောင့်ဟု ဖြေပါရစေ။ ထို့ပြင်နိဒါန်းက ဖော်ပြထား သည့်အတိုင်း ကျွန်တော့်ထံရောက်လာသော ချစ်ဒုက္ခသည် မိန်းမသားတို့၏ အခက်အခဲကို ဘုံထုတ်လိုက် သောအခါ ယောင်္ကျားသားတို့၏ အချစ်ကို ယုံမှတ်မှားကြခြင်းကို ထင်းထင်းကြီးတွေ့သော ကြောင့်လည်း ဖြစ်သည်။ ပိုဆိုးသည်မှာ အချစ်ဆိုသည့် အရာကို အထင်ကြီးကြီးနှင့် ရွှေမြင့်မိုရ်တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်လိုက်ရာမှ မှောက်လျှက်ဟတ်ထိုးလဲ ဒူးကွဲနဖူးပြဲ တွေမြင်တွေ့နေ ရသောကြောင့် ဖြစ်လေသည်။ ထိုအခါ အကြင်မိန်းမသားအားလက်မထပ်ခင် ချစ်သူသက်တမ်းမေးသောအခါ အများစုမှာ သုံးလ ခြောက်လဟု ဖြေလေ၏။ ထိုအခါတွင် ဒူးနှင့်မျက်ရည်သုတ်ရတာ နဲတောင်နဲသေးတယ်ဟုပြောချင်စိတ်ကို မနဲမြိုသိပ်ရ ပါသည်။ ယခုတော့ထိုစိတ်ကို ဘယ်လိုမှမမြိုသိပ်နိုင်သည့်အဆုံး အကုန်လုံးဖွင့်ချလိုက်ပါသည်။ အားလုံး တွေးဆ ဆင်ခြင်နိုင်ပါစေ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection