စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး

စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ယနေ့နံနက်ပိုင်းတွင် သူမ နေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ Facebook ပေါ်တွင် လည်း "I Miss Being Happy" ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထား သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?” ဟု ရေး သားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော ဓာတ်ပုံအားလည်း ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရှိရသည်။

မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံး မှတ်တမ်း တစ်ခုအားလည်း ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ် ဖွယ်ရှိသော မိန်းကလေး တစ်ဦး အား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ၇ ဦးနှင့်အတူ နေထိုင် ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊ သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံး စေသူဟု အခန်းဖော်များ၏ အဆိုအရ သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိ နေခဲ့ ကြောင်း သိရှိရသည်။

သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရပြီး သူမထံသို့ လည်း မည်သည့်​ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော် များက ပြောပြခဲ့သည်။

မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection