Android ဖုန်းထဲ့သို့ Zawgyi Font သွင်းခြင်း
Android ဖုန်းတွေမှာ မြန်မာဖောင့် (ဇော်ဂျီ) သွင်းပုံသွင်းနည်းလေးကို တင်လိုက်တာပါ...... ဘာမှ မခက်ခဲ ပါဘူး..လွယ်လွယ်ကူကူပဲ မြန်မာဖောင့်ကို သွင်းလိုရပါတယ် ..
ပထမဆုံး အနေနဲ့ ဖုန်းကို WiFi နဲ့ အရင်ချိတ်လိုက်ပါ.... ပြီးရင် Android ရဲ့ Market မှာ Fontomizer SP ဆို တာကို ရှာလိုက်ပါ တွေ့ပီဆိုရင် ဖုန်းထဲကို install လုပ်လိုက်ပါ...
ဖုန်းထဲကို Fotomizer SP လေးရောက်လာပီဆိုရင် open လိုက်ပါ ပီးရင် font အမျိုးအစားတွေ အများကြီးထဲက အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ setting ထဲကို၀င်.....ပြီးရင် Display ->Font style မှာ Zawgyi One TTF ဆိုတာလေးကို ရွေးလိုက်ရင် မြန်မာစာကို မြင်ရပီဖြစ်ပါတယ်။
ကျွန်တော် Samsung Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေၚက အတိုင်းလုပ်တာ အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........ တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါ တယ်မြန်မာစာကို ရိုက်ဖို့အတွက်ကတော့ Android ရဲ့ Market iTextMM2 Keyboard ကို ရှာပြီး အင်စတောသွင်းလိုက်ပါ..ပီးသွားတာနဲ့ ဖုန်းရဲ့ settings ထဲကို၀င်ပါ ..

ပြီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က settings-> Locale and text ထဲက Select input method ထဲကို ၀င်ပါ..ပြီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင် မြန်မာလိုရိုက်ဖို့ အတွက် အဆင်ပြေသွားပါပီ..
ရိုက်ရတာလည်း အဆင်ပြေလွယ်ကူပါတယ်
ခုကျွန်တော် စမ်းထားတာ ကျတော်သုံးနေတဲ့ Samsung Galaxy SPlus မှာပါ...တချို့ Android ဖုန်းအမျိုးအစားတွေအတွက် setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market က iTextmm ရဲ့ မူရင်းလင့်လေးပါ တင်ပေး ထားပါတယ် ဒီမှာပါ
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ တင်ပေးထား ပါတယ်..လိုအပ်ရင်၀င်ကြည့်လိုက်ပါ..