မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် တိုင်းရင်းသားခေါင်းဆောင်တချိူ့၏ အမြင်

မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် တိုင်းရင်းသားခေါင်းဆောင်တချို့၏ အမြင်
မြန်မာ နိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ပေးရန် အာဆီယံ ခေါင်းဆောင် များ၏ သဘောတူ ဆုံးဖြတ် ချက်သည် စောသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တချို့က သုံးသပ် ပြောဆိုသည်။အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူးပေးရေး အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချခဲ့ပြီး ၄င်းကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် စတင် ကျင်းပ ခဲ့သည့် အာဆီယံ ထိပ်သီးညီလာခံတွင် အတည်ပြု လိုက်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။မြန်မာ နိုင်ငံ အတွင်း လက်ရှိ နိုင်ငံရေး ပြဿနာနှင့် တိုင်းရင်းသား ဒေသ အတွင်း ဆက်လက်ဖြစ် ပေါ်နေသည့် လူ့အခွင့် အရေး ချိုးဖောက် မှုများ အစရှိသည့် ပြည်တွင်း ပြဿနာများ မဖြေရှင်း နိုင်သေးပဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရန် မြန်မာ နိုင်ငံ အနေနှင့် မကြိုးပမ် သင့်သေး ကြောင်း ခေါင်ဆောင်တချို့က ပြောသည်။မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌရာထူးပေးရေးနှင့် ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက “ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အရင်မဖြေရှင်းသေးပဲနဲ့ ဥက္ကဋ္ဌရာထူးကို လက်မခံသင့်သေးဘူး၊ အာဆီယံခေါင်းဆောင်တွေကလည်း တာဝန်မပေးသင့်သေးဘူးလို့ပဲ မြင်တယ်” ဟု သုံးသပ်သွားသည်။မြန်မာနိုင်ငံသည် အပြောင်းအလဲဘက်ဆီသို့ ဦးတည်နေပြီဟု ပြောဆိုနေကြသော်လည်း တကယ်တမ်းပင် ပြောင်းလဲလာသည့် ပြုပြင်ပြောင်းလဲမှု မယ်မယ်ရရ မမြင်တွေ့ရသေးကြောင်း အထူးသဖြင့် တိုင်းရင်းသား ဒေသအတွင်းပြောင်းလဲမှု တစုံတရာ မရှိ သေးကြောင်း ၄င်းက ပြောသည်။ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးရယ်ကလည်း မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသား ဒေသ အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ဆက်ရှိနေသ၍ အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံအနေနှင့် လက်မခံ သင့်သေး ကြောင်း ပြောဆိုသွားသည်။သို့သော် အင်ဒိုးနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါကမူ မြန်မာနိုင်ငံသည် ချမှတ်ထားသော ဒီမိုကရေစီ လမ်းပြ မြေပုံအား အပြော မဟုတ် လက်တွေ့ လုပ်ဆောင် နေကြောင်း၊ တိုးတက်မှုများကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်နေမှုများကို နိုင်ငံတကာက အသိအမှတ်ပြုကြရန် လိုအပ်ကြောင်း ဘာလီကျွန်းမှာ ပြောခဲ့သည်။မွန်ပြည်သစ်ပါတီ အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာကလည်း “ဒါကတော့ အာဆီယံ ခေါင်းဆောင်အားလုံးက သဘောတူ တယ်ဆို တော့ ဗမာ ကတော့ ဥက္ကဋ္ဌ ရာထူး ရမှာ ပဲလေ၊ ကျနော်တို့အနေ့နဲ့က ဝေဖန်ဖို့က စောသေးတယ်လေ၊ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဆောင်သွားနိုင်မလဲ သူတို့ဘာတွေ အဆင့်သင့်ဖြစ်နေပြီးလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ပြောသည်။အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဆက်စပ်သည့် အချက်အလက်များ စုဆောင်းရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးအတွက် မည်သည့် အကြောင်းအရာများက စေ့ဆော်တိုက်တွန်းနေသည် ဆိုခြင်းကို ပိုမိုသိရှိရန် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၈ ရက်နေ့က လာရောက်ခဲ့ပြီး ဖြစ်သည်။မြန်မာ နိုင်ငံသည် အာဆီယံသို့ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ ဝင်နိုင်ငံ အဖြစ် ပါဝင်ခဲ့ပြီး၊ အလှည့်ကျ ဥက္ကဋ္ဌကို ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက် လိုကြောင်း အာဆီယံသို့ တောင်းဆို ထားခြင်းဖြစ်သည်။အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection