ဆီးဂိမ်းစ် ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားသည့် မလေး

ဆီးဂိမ်းစ် ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားသည့် မလေး

ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ယမန်နေ့ညက အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် လက်ရှိ ချန်ပီယံ မလေးရှားအသင်းတို့ယှဉ်ပြိုင် ကစားခဲ့ရာ မလေးရှား အသင်းက ပင်နယ်တီ ၅:၄ ဖြင့် အနိုင်ရပြီး ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားခဲ့ကြောင်း သိရသည်။

     လွန်ခဲ့သည့် အုပ်စု ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို ၁းဝဖြင့် အနိုင်ရခဲ့ဖူးသည့် မလေးရှား အသင်း အတွက် ယခုတစ်ကြိမ်မှာလည်း အင်ဒိုနီးရှားအသင်းကို ဒုတိယအကြိမ်မြောက် အနိုင်ရခဲ့သလို ဆီးဂိမ်းစ် ချန်ပီယံဆုကိုလည်း သမိုင်းတလျှောက် ၆ ကြိမ်မြောက် ရရှိသည့် အသင်းဖြစ်လာခဲ့သည်။ အင်ဒိုနီးရှား အသင်းနှင့် မလေးရှား အသင်း တို့သည် အိမ်ရှင်နှင့် လက်ရှိ ချန်ပီယံတို့၏ ထိပ်တိုက် တွေ့ဆုံမှုဖြစ်၍ နှစ်သင်းစလုံးမှာ အကြိတ်အနယ် ကစားခဲ့ကြပြီး ပွဲချိန် မိနစ် ၉၀ အလွန် အချိန်ပို မိနစ် ၃၀ ပြည့်သည်အထိ တစ်ဘက်တစ်ဂိုးစီ သရေကျနေခဲ့၍ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြသည်။ ထိုသို့ အဆုံးအဖြတ် ခံယူရာတွင် မလေးရှား အသင်းက ၅:၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ကာ အိမ်ရှင် အင်ဒိုနီးရှား အသင်းမှာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection