ငါးသိန်းဖုန်းများ ၁၂ လ အရစ်ကျ ရောင်းကျမည့် အစီအစဉ် စတင်

ငါးသိန်းဖုန်းများ ၁၂ လ အရစ်ကျ ရောင်းကျမည့် အစီအစဉ် စတင်

 လူကြီးမင်းနဲ့ Mr.Fone ဆိုင်တွေက အခုလ ၁၄ ရက် (မနက်ဖြန်) ကစတင်ပြီး ဟန်းစက် (Hand Set) နဲ့ ဆင်ကဒ် (Sim Card) တွေကို ငှားရမ်းရောင်းချတဲ့ Hire Purchase စနစ်နဲ့ ရောင်းချပေးတော့မယ်လို့ သိရပါတယ်။ ပစ္စည်းအမျိုး အစားကို မိမိစိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပြီး ပစ္စည်း တန်ဖိုးနဲ့ သက်ဆိုင်ရာ ဝန်ဆောင်ခတွေရဲ့ စုစုပေါင်း ၃၀ ရာခိုင်နှုန်းကို လက်ငင်း ပေးချေကြရမယ်လို့ ဆိုတယ်။ ကျန်ငွေ ၇၀ ရာခိုင်နှုန်း ကို ၁၂လ အရစ်ကျ ပေးသွင်းနိုင်ဖို့ ယူနိုင်တက်အမရာ ဘဏ်က စိုက်ထုတ် ပေးထားမှာ ဖြစ်တယ်လို့ သိရတယ်။

အရပ်သားတွေအနေနဲ့ ဝယ်ယူမယ်ဆိုရင် ထောက်ခံသူ တစ်ယောက် လိုအပ်မှာ ဖြစ်ပါတယ်။ ထောက်ခံပေး တဲ့သူဟာ အဲဒီဖုန်းဆိုင် တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတဲ့ ယူနိုက်တက်အမရ ဘဏ်မှာ ဝယ်ယူတဲ့ ပစ္စည်းတန်ဖိုးရဲ့ ကျန်ငွေပမာဏ(၇၀ ရာခိုင်နှုန်း) ဘဏ် စာရင်းရှိမှသာ ထောက်ခံပေးနိုင်မှာ ဖြစ်တယ်လို့ လူကြီးမင်း ဖုန်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင်က ပြောပါတယ်။ ကုမ္ပဏီ ဝန်ထမ်းတွေ အနေနဲ့ ဆိုရင် ဒါရိုက်တာအဖွဲ့ ထောက်ခံချက်၊ အစိုးရ ဝန်ထမ်းဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ဝယ်ယူလိုသူတွေ အနေနဲ့ ရန်ကုန်မြို့ Excel Tower ရှိ ယူနိုက်တက်အမရာ ဘဏ်ရုံးချုပ်မှာ လျှောက်ထားနိုင်ပြီး ဝယ်ယူခွင့် ရမရကို တစ်ပတ်အတွင်း အကြောင်းကြားပေးမှာ ဖြစ်တယ် လို့ သိရတယ်။ ဝန်ဆောင်ခတွေ အနေနဲ့ ငှားရမ်းခအဖြစ် ဘဏ်မှ စိုက်ထုတ် ချေးငွေအပေါ် ၁၀ ရာခိုင်နှုန်း၊ Service Charges အဖြစ် ဘဏ်မှ စိုက်ထုတ်ငွေအပေါ် ၁ရာခိုင်နှုန်း၊ PO Commission ပစ္စည်းတန်ဖိုးရဲ့ ၀ ဒဿမ ၁၀ ရာခိုင်နှုန်း၊ စာရွက်စာတမ်းကြေး ၁၀၀၀ ကျပ် ဖြစ်ကြောင်း သိရတယ်။ အရစ်ကျငွေကို လစဉ် လဆန်း ၁ရက်မှ ၅ရက်အတွင်း ယူနိုက်တက်အမရာ ဘဏ်မှာ ပေးသွင်းရမှာ ဖြစ်ပြီး လဆန်း ၅ရက်ကျော်မှ ပေးသွင်းပါက နောက်ကျကြေးငွေအဖြစ် တစ်ရက် ကျပ် ၁၀၀ကို ၁၀ပြားနှုန်း ပေးသွင်းရ မယ်လို့ သိရပါ တယ်။
ရတနာပုံသတင်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection