Web browser မှတစ်ဆင့် ဖိုင်များကို ဝေမျှခြင်း

Web browser မှတစ်ဆင့် ဖိုင်များကို ဝေမျှခြင်း

ဒီတစ်ပတ် ဖော်ပြပေးမယ့် နည်းလမ်းကတော့ web browser ကနေတစ်ဆင့် ဖိုင်များကို ဝေမျှနိုင်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ Dropbox, AIM, GTalk စတာတွေကို အသုံးပြုကြတဲ့ သူငယ်ချင်းတွေထံ တစ်စုံ တစ်ရာကို ဝေမျှလိုတဲ့အခါမှာ သူတို့ အသုံးပြု နေတဲ့ ဝန်ဆောင်မှုတွေကို လိုက်လံ အသုံးပြုပြီး ဝေမျှမယ်ဆိုရင် ပင်ပန်းမှုနဲ့သာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ ရတဲ့အခါ လွယ်ကူ အဆင်ပြေစွာ ဖိုင်တွေကို ဝေမျှပေးနိုင်မယ့် နည်းလမ်းကတော့ Web browser ကနေ ဝေမျှနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ browser ရဲ့ peer-to-peer(P2P) ဆက်သွယ်မှုကနေတစ်ဆင့် ပြုလုပ်ခြင်း ဖြစ်တာကြောင့် ဖိုင်တွေကို ဝေမျှတဲ့ အခါမှာ ပိုမို လျင်မြန်စွာနဲ့ ပြုလုပ်နိုင်စေပါတယ်။

(၁) http://www.justbeamit.com ကို Web browser တွင် ဖွင့်ပါ။
(၂) ဝေမျှလိုတဲ့ ဖိုင်ကို dotted-line box အတွင်း drag and drop လုပ်ပြီး ထည့်ပါ။ Select a file to beam ခလုတ်ကို နှိပ်ပြီးလည်း ထည့်နိုင်ပါတယ်။ ဖိုင်အရွယ်အစား 2GB အထိ ဝေမျှနိုင်ပါတယ်။
(၃) Box ရဲ့ အပေါ်ဘက်မှာ ပေါ်လာတဲ့ link ကို copy လုပ်ပြီး သူငယ်ချင်းထံ ဝေမျှပါ။
(၄) Upload လုပ်ငန်းစဉ် ပြီးဆုံးတဲ့ အခါမှာ waiting ဆိုတဲ့ အချက်ပြမှု ပေါ်လာပါမယ်။
(၅) လက်ခံမယ့် သူငယ်ချင်းမှ download ပြုလုပ်တဲ့ အခါမှာတော့ ညာဘက်အောက်ထောင့်မှာရှိတဲ့ ဖိုင်လွှဲပြောင်းမှု လုပ်ဆောင်ချက်ကို ကြည့်ပါ။

ဒီဝန်ဆောင်မှုကို အသုံးပြုရာမှာ အလွန် လွယ်ကူပြီး account ပြုလုပ်ဖို့လည်း မလိုပါဘူး။ အားနည်းချက် ကတော့ ဖိုင်လွှဲပြောင်းနေစဉ် အတွင်း ပေးပို့သူရော လက်ခံသူဘက်ကပါ Web browser ကို မပိတ်ဖို့ လိုပါတယ်။ အကယ်၍ ဖိုင်လွှဲပြောင်းနေစဉ်အတွင်း browser ကို ပိတ်လိုက်ရင်တော့ ဖိုင်လွှဲပြောင်းမှု လုပ်ငန်းစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။

နောင်နောင်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection