သန်းချီတန်တဲ့ တောက်တဲ့

သန်းချီတန်တဲ့ တောက်တဲ့

တောက်တဲ့ကို ဖွတ်ပုတက်ကြီးများလို့ လူအများကသိထားကြတယ်။ သူတို့တွေဟာ မျိုးစိတ်တူများဖြစ်ကြပြီး ပူနွေးတဲ့အရပ်ဒေသတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။

 ဂျာဗားလူမျိုးများက အက်ရှ်တန်း လို့ခေါ်ကြပြီး (အိုး)လို့အဓိပ္ပါယ်ရပါတယ်။ ဆူဒန်လူမျိုးများက ဂတ်ကို (Gecko) လို့ခေါ်ကြပြီး အင်္ဂလိပ်လိုတော့ The Tokay Gecko (သို့) Tucktoo လို့ခေါ် ဝေါ်ကြပါတယ်။

တောက်တဲ့များဟာ ရှည်လျားတဲ့ခန္ဓာကိုယ်၊ အမြီး၊ ခြေလေးခြောင်း၊ မျက်ခွံ၊ ကြမ်းတမ်းသော အရေခွံ များနဲ့ ကြီးမားသောခေါင်းပါရှိတဲ့ သတ္တဝါဖြစ် ပါ တယ်။ ၃၃၀ မီလီမီတာ (၁၂.၉၉ လက်မ) အထိ အရှည်လျားဆုံး ရှိကြပြီး အများအားဖြင့် အမြီးက အကောင်ရဲ့တစ်ဝက်နီးပါးရှိတတ်ကြပါတယ်။ 

တောက်တဲ့များကို ကျေးလက် ဒေသများရှိ သစ်ပင်များ၊ အိမ်ခြံဝန်းများနှင့် တောအစွန်အဖျားများမှာ အများဆုံးတွေ့ ရှိနိုင်ပါတယ်။ တောက်တဲ့များဟာ "တောက်တဲ့... တောက်တဲ့..." လို့ ကျယ်လောင်ပီ သသောအသံပြုတတ် ကြပါတယ်။

တောက်တဲ့ကိုဖမ်းပြီးရောင်းစားဖို့ အဖွဲအစည်းများရှိကြပြီး အကောင်ကြီးကြီးနဲ့ ဈေးကောင်းကောင်း ရဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အများစုဟာ တောက်တဲ့များကို ရောင်ဝယ်ဖောက်ကားကြပြီး တောက်တဲ့ များရဲ့ အကျိုးကျေးဇူးအမှန်တရားကိုမသိရှိကြသေးပါဘူး။ ကမ္ဘာ့ဆေးပညာသိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိမှု အရ တောက်တဲ့များတွင် ထိရောက်စွာရောဂါပျောက်ကင်းနိုင်သော ဓါတ်တစ်မျိုးပါရှိတယ်လို့သိရပါတယ်။ ၎င်းပါဝင်သောဓါတ်တစ်မျိုးဖြင့် ဆေးခန်းတွင်းစမ်းသပ်ကုသမှုအရ ကောင်းမွန်သောအဖြေကိုရရှိခဲ့ပါတယ်။ ထိုဓါတ်တစ်မျိုးကို ဓါတ်ခွဲစမ်းသပ်နိုင်ဖို့အတွက် နိုင်ငံတကာဓါတုပေဒသုသေသနအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ရာ ကင်ဆာဆဲလ်များပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခြင်းနှင့် သက်သာပျောက်ကင်းလာနိုင်စေခြင်း၊ H1N1 ဗိုင်းရပ်စ်နှင့် HIV ကိုခုခံနိုင်ခြင်း စတဲ့ ကုသနိုင်စွမ်းများကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကုသရန်ခက်ခဲလှတဲ့ ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်ဟု ရောင်းဝယ်သူများအကြား ပြောဆိုသံများ ထွက်ပေါ်နေသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection