ဗုဒ္ဓမြတ်စွယ်တော် နေပြည်တော်သို့ ရောက်ရှိစဉ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နေပြည်တော်သို့ ရောက်ရှိစဉ်

တရုတ်နိုင်ငံမှပင့်ဆောင်ပူဇော်သည့်ဗုဒ္ဓမြတ်စွယ်တော် သည် ၂၀၁၁ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့တွင် နေပြည် တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရ ရှိပါသည်။ 

မြန်မာနိုင်ငံရှိပြည်သူများ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြောင်း သိရှိရသည်။မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ခြင်း ဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ် တော်သည် နေပြည်တော် ဥပ္ပါတသန္တိ စေတီ လိုဏ်ဂူတော်တွင် ၁၅ ရက်၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူ တော်တွင် ၁၅ ရက်၊  မန္တလေးမြို့  မဟာအတုလ ေ၀ယန်(အတုမရှိ) ကျောင်းတော်ကြီး တွင် ၁၅ရက် ပူဇော်ခံမည်ဖြစ်ပြီး အပူဇော်ခံကာလ ပြည့်မြောက် သည့်အခါတွင် မန္တလေးမှ ဗုဒ္ဓမြတ် စွယ်တော်၏ မူလကိန်း၀ပ် စံပယ်တော်မူရာဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ကွမ်ဂျီးဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံ အတွက် အလွန်တန်ဖိုးထား အလေးအနက် ထားသည့် အတွက် မြန် မာနိုင်ငံသို့ ပင့်ဆောင်နိုင်ရန် အတွက် လုံခြုံရေး အာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။ဗုဒ္ဓမြတ် စွယ်တော်အား ပြည်သူအများ ဖူးမြော် ကြည်ညို နိုင်ရန်အတွက် ၁၉၅၅ ခုနှစ်တွင် ပထမ အကြိမ်အဖြစ် ရန်ကုန်မြို့ကမ္ဘာအေး ကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်ကြီးတွင် ရှစ်လကြာ အပူဇော်ခံ ခဲ့ပြီး၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယ အကြိမ်အဖြစ် ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မန္တလေးမြို့များ တွင် ၄၅ ရက် အပူဇော်ခံခဲ့ကာ ၁၉၉၆ -၁၉၉၇ ခုနှစ်တွင် တတိယ အကြိမ် အဖြစ် ရက် ၉၀ ကြာ ပင့်ဆောင် ပူဇော်ခဲ့ကြောင်း သိရှိရသည်။

Credit - news-eleven.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection