အမျိုးသမီးများ အစားသင့်ဆုံးသော အစားအစာ (၁၀)မျိုး


အမျိုးသမီးများ အစားသင့်ဆုံးသော အစားအစာ (၁၀)မျိုး



►(၁) ချောကလက်အညို

စိတ်ဖိစီးမှု များတာနဲ့ တခြားရောဂါတွေကို တားဆီပေးပါတယ်။ ဥရောပ သုတေသီတွေက ချောကလက် အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှု ဟော်မုန်းဖြစ်စေတဲ့ ကော်တီစော ထွက်တာကို လျော့ နည်း စေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓါတ်ကျတာ၊ အဝလွန်တာ၊ နှလုံး ရောဂါ တွေကို ဖြစ်စေပါတယ်။

► (၂)မှို

ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို မှိုတစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သားကင်ဆာ ရောဂါဖြစ်ပွားတာကို 64% လျော့နည်းစေတယ်လို့ ဆိုပါတယ်။

► (၃)ဆာဒင်းငါး

နှလုံးရောဂါကို ကာကွယ် ပေးပါတယ်။ အိုမီဂါ ဓါတ်ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ လေဖြတ်တာ ကို ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ ပျောင်းစေပါတယ်။ ဆာဒင်းငါး သုံးအောင်စစားပါက ၁.၃ ဂရမ် ရှိတဲ့ အိုမီဂါ ကို ရရှိစေပါတယ်။

► (၄)ထောပတ်သီး

ဝမ်းဗိုက်က အဆီတွေကို လျှော့ချပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မပြည့်ဝ ဆီတွေက ကိုယ်အလေးချိန် ကျအောင် စွမ်းဆောင် ပေးပါတယ်။ တစ်နေ့ စားသုံးတဲ့ အစားအစာတွေ ရဲ့ 23% ကိုမပြည့်ဝဆီတွေ ပါဝင်တဲ့ အစားအစာ စားပေးပါက ဝမ်းဗိုက်က အဆီတွေ လျော့ချနိုင်ပြီး ကိုယ်အလေးချိန် ၅ ပေါင်ထိ လျော့နည်းစေတယ်လို့ ဆိုပါတယ်။

► (၅)ငရုပ်ပွသီး

မျက်ကြည်လွှာ ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။ အသက်အရွယ်ရ လာတဲ့အခါ မျက်ကြည်လွှာ ပျက်စီးတာ၊ မျက်စိတွင်း တိမ်ဖြစ်တာ အမြင်အာရုံ ထိခိုက်တာကို ကာကွယ်ပေးပါတယ်။ လူတင်း၊ ဇီဇန်သင်း၊ ဗီတာမင်စီ ကြွယ်ဝတဲ့ ငရုတ်ပွသီးက အမြင်အာရုံ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။

► (၆)အစိမ်းရာင်ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးပါတယ်တဲ့။ ဒါလေးကတော့ အလှအပတွေကို ဂရုစိုက် တတ်တဲ့ အမျိုးသမီးလေးတွေ နှစ်သက်မယ်လို့ ထင်ပါတယ်နော်။ သူကတော့ ဗီတာမင်စီ နဲ့ ဗီတာမင်အေ ကိုရ ရှိ စေပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ရှိပြီး ဗီတာမင်ကတော့ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေ ဖြစ်ဖို့ အားပေးတယ်လေ။ အရသာ လေးကလည်းကောင်း ဆေးဖက်လည်း ဝင်တယ်နော်။

► (ရ)အာလူး

သွေးတိုးကျစေပါတယ်တဲ့ အာလူးအရွယ်တော် တစ်လုံးကနေပြီး ကယ်လိုရီ အပြည့်အဝ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိတဲ့ ပိုတက်ဆီယမ် ပမာဏကို ရရှိနိုင်ပါတယ်။

► (ဂ)ပန်းသီး

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နလန်ထစ လူတွေဆိုရင် ပျားရည်လေးနဲ့ စိမ်ပြီး ကျွေးလိုက်ရင် လူကောင်း တစ်ယောက်လို လန်းဆန်း လာပါလိမ့်မယ်။

► (၉)ဟင်းနုနွယ်ရွက်

အရိုးတွေ သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက်မရှိတဲ့ ကလေးကို မွေးဖွားစေပါတယ်တဲ့။ နောင်တစ်ချိန်မှာ မိခင်လောင်းဖြစ်လာပြီး အမျိုးကောင်း သားသမီးလေးတွေ မွေးဖွားပေးဖို့ အတွက်ပေါ့နော်။

► (၁၀)နွားနို့

အရိုးပါးရောဂါကို ကာကွယ်ပါတယ်။ ကယ်စီယမ် အပြည့်အဝ ရတာကြောင့် အရိုးပါးရောဂါကို ကာကွယ်ပေး ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection