မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ


မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေးယူလိုက်ပြီ ဖြစ်သည်။

မြန်မာပရိသတ်တချို့၏ ပစ်ခတ် တိုက်ခိုက်မှုကို ကွင်းအတွင်းရှိ အိုမန်အသင်း အရံ ကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာ၀တီ)
ထိုဖြစ်ရပ်အတွက် FIFA က မြန်မာဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာ သုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့်အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေးယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာ၀န်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။ အရေးယူမှုနှင့် ပတ်သက်၍ ဧရာ၀တီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection