မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည်


မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စု၀န်ကြီး ဦးအောင်ကြည်နှင့် ယမန်နေ့ကတွေ့ဆုံအပြီးတွင် ဧရာ၀တီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်း အား ကြိုဆိုကြောင်း ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ယမန်နေ့ကတွေ့ဆုံ ဆွေးနွေးပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ကိစ္စ၊ ဧရာ၀တီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်း အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိနေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံ ဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘောတူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ၀င်၊ မ၀င် သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊“ကျမတို့က ရွေးကောက်ပွဲကို မူအရ မဆန့်ကျင်ဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံတယ်။ ဒီလိုရွေးကောက်ပွဲ ၀င်ပုံ၀င်နည်း အခြေအနေ၊ အခင်းအကျင်း တွေကိုပဲ ကျမတို့ ကြည့်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က

ပြောသည်။၀န်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်း ကတိပြု ပြောဆိုခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection