Drupal ကို ဘယ်လို install လုပ်ကြမလဲ ?


Drupal ကို ဘယ်လို install လုပ်ကြမလဲ ?

Drupal ကို Manually တင် ကြမယ်။

* CMS application တစ်ခုဖြစ်တဲ့ Drupal ကို Manual install လုပ်မယ် ဆိုရင် ...

၁။ ပထမဦးစွာ installer package ကို download လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ ဆန္ဒရှိတဲ့ version ကို ရွေးချယ်ပြီး ဒေါင်းလုဒ် လုပ်ရုံပါပဲ။ Drupal 7.2 သို့မဟုတ် Drupal 6.22 ကို ကစ်ခေါက်ပြီး ဒေါင်းလုဒ် လုပ်ပါ။

၂။ ခုနက ဒေါင်းလုဒ် လုပ်လို့ရတဲ့ tar.gz ဖိုင်ကို မိမိ၀ယ်ယူထားတဲ့ host မှာ ရှိတဲ့ public_html ဖိုဒါထဲကို Upload ပြန်လုပ်ရပါမယ်။ Upload လုပ်တဲ့ နေရာမှာ FTP client ဆော့ဖ်၀ဲတွေ တစ်ခုခုသုံးပြီး upload လည်း ရသလို၊ cPanel -> File Manager -> Upload file(s) ဆိုတာကို သုံးပြီး လွယ်လွယ်ကူကူ upload လည်း ရပါမယ်။  tar.gz တွေရဲ့ size တွေကတော့ Drupal 7.2 ဟာ 2.6 MB ရှိပြီး၊ Drupal 6.22 ကို ရွေးချယ်ခဲ့တာ ဆိုရင်တော့ 1.05 MB ရှိပါတယ်။

၃။ cPanel -> File Manager ထဲကနေ မိမိ upload တင်ပြီးသွားပြီ ဖြစ်တဲ့ tar.gz ကို ပြန်ဖြည်ချရတော့မှာ ဖြစ်ပါတယ်။ http://yourdomainname.com အတိုင်း drupal ကို တင်ချင်တာ ဆိုရင်တော့ public_html အောက်မှာပဲ ဖြည်ချပေးရမှာပါ။ တစ်ကယ်လို့ http://yourdomainname.com/subfolder အနေနဲ့ ထားချင်ရင်တော့ subfolder တစ်ခု ဆောက်ပြီး ၊ အဲ့ဒီအောက်မှာ သွားဖြည်ချပေးရမှာပါ။

၄။ မိမိနှစ်သက်ရာနေရာမှာ ဖြည်ချပြီးသွားရင် ၊ Drupal အတွက် MySQL database တစ်ခု တည်ဆောက်ပေးရပါမယ်။ database တည်ဆောက်ဖို့ကတော့ cPanel -> MySQL Databases မှာ သွားလုပ်ရုံပါပဲ။

၅။ မိမိဖြည်ချထားတဲ့ ဖိုင်တွေထဲကနေမှ install.php ကို ဖွင့်ရပါမယ်။ browser မှာ http://yourdomainname.com/install.php ဆိုတဲ့ URL ကို ဖွင့်ပါ။ တစ်ကယ်လို့ mydrupalsite ဆိုတဲ့ ဖိုဒါအောက်မှာ ဖိုင်တွေကို ဖြည်ချခဲ့တာ ဆိုရင်တော့ http://yourdomainname.com/mydrupalsite/install.php ဆိုပီး ဖွင့်ပေါ့။

၆။ Default အဖြစ်ထားမယ့် ဘာသာစကားကို ရွေးချယ်ရမှာပါ။

၇။ /public_html/drupal_installation_folder/sites/default/default.settings.php ဖိုင်ကို /public_html/drupal_installation_folder/sites/default/settings.php ဆိုပီး ကော်ပီယူပါ။ settings.php ကို file permission ပြောင်းပါ။

၈။ နံပါတ်လေးမှာ တည်ဆောက်ခဲ့တဲ့ database နဲ့ ပက်သက်တဲ့ အချက်အလက်တွေအတိုင်း ဖြည့်ပါ။ ပြီးလျှင် "Save configuration" ကို ကလစ်နှိပ်ပြီး ဆက်သွားပါ။


၉။ အင်စတော်လေးရှင်း ကို အပြီးသပ်ဖို့ အောက်ပါပုံအတိုင်းလေး ပေါ်လာပါမယ်။ သင့်တော်သလို ဖြည့်ပါ။ settings.php ရဲ့ ဖိုင် permission ကို ပြန်ပြောင်းပေးပါ။

ပြီးလျှင် Save and Continue ခလုပ်ကို နှိပ်ပေးပါ။


၁၀။ Drupal ကို manually install လုပ်တာ ပြီးဆုံးသွားပါပြီ။ Drupal (CMS application) ကို သုံးပြီး သင့်စိတ်ကြိုက် web site ကို ဖန်တီးယူဖို့ ခရီးဆက်နိုင်ပါပြီ။
အဆင်ပြေပါစေ ...


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection