ကြိုတင်ငွေပေးချေကတ် ခရီးသည်တင် ယာဉ်လိုင်းအားလုံး မကြာမီ သုံးတော့မည်


ဒစ်ဂျစ်တယ်စနစ်သုံး ကြိုတင်ငွေပေးချေကတ် ခရီးသည်တင် ယာဉ်လိုင်းအားလုံး မကြာမီ သုံးတော့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးတွင် အာဆီယံနိုင်ငံများကဲ့သို့ i pay cardဖြင့် ယာဉ်စီးခပေးချေမှု စနစ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Kispa Nadi Express Lt မှ သိရသည်။

”ခွင့်ပြုချက်တော့ရပါပြီ။ လောလောဆယ်မှာ ပြင်ဆင်စရာအသေး စိတ်အချက်အလက်တွေ၊ ဆော့ဖ်ဝဲပိုင်း တွေလုပ်နေပါတယ်။ ကြိုတင်ပြင်ဆင်ဆဲ ကာလလို့ ဆိုရမှာ ပေါ့။ အကြမ်းဖျင်း လောက်ပဲ ရှိပါသေးတယ်။ အသေးစိတ်ကိုတော့ မပြောနိုင် သေးဘူး။ ဒီနှစ်အတွင်းမှာတော့ အကောင်အထည်ဖော်သွားနိုင်ဖို့ သေချာပါ တယ်”ဟု အထက် ပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ငွေစက္ကူအကြွေ အခက်အခဲများ ပြေလည်ရေး၊ ခရီးသည်များ သတ်မှတ်ယာဉ်စီးခထက် ပိုမိုပေးချေမှုမှ ရှောင်ရှားနိုင်ရေး၊ ယာဉ်ပိုင်ရှင် များ ရသင့်သည့် နေ့စဉ်အကျိုး အမြတ်များ ဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့် အာဆီယံနိုင်ငံများမှ ပို့ဆောင် ရေးစနစ်ကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းလာနိုင်ရန် i pay card စနစ် တပ်ဆင်အသုံးပြုသွား ရန် အထက်ပါကုမ္ပဏီမှ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ယခုလ ဒုတိယပတ်တွင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

i pay card စနစ်သည် Digital Electronic စနစ်ဖြစ်ပြီး ယာဉ် လိုင်းများပေါ်တွင် ခရီးသည်များက ကတ်တစ်ခုလျှင် ကျပ် ၅ဝဝ တန် မှစ၍ ဝယ်ယူထားနိုင်ကြောင်း၊ အဆိုပါကတ်တွင် ငွေကုန်သွားပါက ငွေထပ်မံဖြည့်သွင်းရန် လွယ်ကူ၍ ကားဂိတ်၊ ကားမှတ်တိုင်၊ ယာဉ် အကူများ၊ ယာဉ်လိုင်းဌာနခွဲ၊ မီးရ ထားဘူတာရုံ၊ အဝေးပြေးဂိတ်၊ သင်္ဘောဆိပ်၊ ကုန်စုံဆိုင်၊ စူပါမား ကတ်နှင့် လမ်းဘေးကွမ်းယာဆိုင် များ၌ ရောင်းချပေးနိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်အသုံးပြုရာတွင် ခရီးသွားပြည်သူများ၏ ငွေအကြွေ ပြန်အမ်းငွေမရရှိခြင်း၊ ယာဉ်ပိုင်ရှင်များမှ နေ့စဉ်ရရှိငွေကို အတိအကျ မသိရှိရခြင်းများ ပပျောက် သွားမည်ဖြစ်ပြီး စက်အတွင်း၌ ၇ ရက်စာ ီအေေ အချက်အလက်များ မှတ်သားထားနိုင်ကြောင်း၊ ယင်းစက်အား ထုတ်လုပ်စမ်းသပ်သည့် ကုမ္ပဏီမှ တစ်နှစ် အာမခံထားပေး ၍ စက်ချွတ်ယွင်းမှုဖြစ်ပေါ်လာပါက စက်တန်ဖိုးနှင့် ပြင်ဆင်စရိတ်များအား အခမဲ့ပြုပြင် ပေးမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်သည့်အချိန်တွင် အခမဲ့ ပြုပြင်ပေးသွား မည်ဖြစ်ကြောင်း အထက်ပါကုမ္ပဏီမှ သိရသည်။

”ငွေဖြတ်စက်က လွယ်ထားလို့ရတယ်။ ပေါ့ပေါ့ပါးပါးလေးဆိုရင် တော့အဆင်ပြေမှာပါ။ အကြွေ ပြန်အမ်းတဲ့ကိစ္စနဲ့ စကားမများရတော့ဘူးပေါ့။ အထူးကားတွေက ပို အဆင်ပြေမယ် ထင်တယ်။ ၅ဝ တန်၊ ၁ဝဝ တန် ပေးစီးရတဲ့ကားတွေဆိုရင် လူကျပ်လို့အဆင်ပြေမှာမဟုတ်ဘူး။ အဲဒီစနစ်ကို သေချာသုံးပြီဆိုရင် ယာဉ်နောက်လိုက်က ပိုက်ဆံခိုးလို့ရတော့ မှာမဟုတ်ဘူး”ဟု ၄၄ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ငွေပေးချေမှုစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ၌ တပ်ဆင်လိုသည့် ကားတစ်စီးလျှင် ငွေဖြတ်စက်တစ်လုံးကို ၂လအတွင်း အစမ်းထား ရှိ ပေးမည်ဖြစ်ပြီး စက်တပ်ဆင်ထားမှု မရှိသော ယာဉ်များတွင်လည်း ယခုအချိန်ကဲ့သို့ ငွေသားဖြင့် သွားလာခွင့်ရရှိမည်ဖြစ်ကြောင်း၊ စမ်းသပ် ကာလတွင် ယာဉ်ပိုင်ရှင်များ ထံမှ ရင်းနှီးကုန်ကျငွေ မတောင်းဆိုဘဲ စတင်ရောင်းချသည့်ကာလမှ ၂ လ ကျော်သည့်အခါ ကျပ် ၃ဝဝဝ တန် ကတ်အား ကျပ် ၂ဝဝ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းကတ်၏ တန်ဖိုးမှာ အာဆီယံနိုင်ငံများ၌ ၅ ဒေါ်လာတန်ဖိုးရှိကြောင်း သိရသည်။

i pay card သည် လူတစ်ဦး တွင် ၁ ကတ်ရှိလျှင်လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယာဉ်ပေါ် သို့ တက်လာသည့်အခါ ကတ်အား ငွေဖြတ်စက်ဖြင့် အချိန် ဝ.၁ စက္ကန့်ထိရုံဖြင့် ငွေပေးချေနိုင်ကြောင်း၊ ကတ်တစ်ကတ်တည်းမှ ငွေပမာဏလောက်ငပါက အခြားသူများ၏ ယာဉ်စီးခကိုလည်း ထပ်မံပေးချေနိုင်ကာ ငွေလက်ကျန် ပမာ ဏနှင့် ပေးချေလိုက်ရသည့် ငွေပမာဏကိုပါ တစ်ခါတည်း သိရှိနိုင်ရန် LED စနစ်နှင့် Entryption Key Security Technology နည်းပညာကို အသုံးပြုထား ကြောင်း သိရသည်။

အဆိုပါ i pay card အသုံးပြုမှုနှင့်ပတ်သက်၍ အင်းစိန်မြို့နယ်နေသူတစ်ဦးက ”ကိုရီးယားကားတွေမှာ လုပ်တာတော့ တွေ့တယ်။ ဘာပဲဖြစ်ဖြစ် စပယ်ယာနဲ့စကား မပြောရတော့ဘူးပေါ့။ ခရီးသည်အားလုံး အဆင်ပြေမယ် ထင်ပါတယ်။ ကတ် မရှိတဲ့သူကလည်း ပိုက်ဆံပေးစီးလို့ ရသေးတယ်ဆိုတော့ ပိုကောင်းတာ ပေါ့” ဟု ဆိုသည်။

i pay card စနစ်ကို ဥရောပနိုင်ငံတွင်သာမက အာရှနိုင်ငံများတွင် အကျယ်တဝင့် အသုံးပြုနေကြပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ငွေပေးချေစနစ်၏ တန်ဖိုးမှာ ကျပ် ၄ ဒသမ ၅ သိန်းဖြစ်ကြောင်း သိရသည်။
အောင်ထက် (NYK)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection