သတ်မှတ်တန်ဖိုးထက် ပိုသည့် မော်ဒယ် ဟုတ် မဟုတ်

သတ်မှတ်တန်ဖိုးထက် ပိုသည့် မော်ဒယ် ဟုတ် မဟုတ် စိစစ်မည်  

တင်သွင်း၍ရနိုင်သည့် မည်သည့်နိုင်ငံမှမဆို ကားသွင်းနိုင်၊ တင်သွင်းသည့် နိုင်ငံ၏သံရုံးများ၊ ကားလေလံ ၀က်ဘ်ဆိုက်များမှ တစ်ဆင့် နေ့စဉ်ကားပေါက်ဈေးကို ရယူကာ သတ်မှတ်တန်ဖိုးထက် ပိုသည့် မော်ဒယ် ဟုတ် မဟုတ် စိစစ်မည်
သက်တမ်းရင့် ကားအို ကားဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးတင်သွင်း ခွင့်ပြု ရာတွင် မြန်မာနိုင်ငံအနေဖြင့် တင်သွင်းပါက တင်သွင်း၍ ရနိုင် သည့် မည်သည့်နိုင်ငံမှ မဆို ကား သွင်းနိုင် ကြောင်း ရထား ပို့ဆောင် ရေး၀န်ကြီးဌာန တာ၀န်ရှိသူများထံ မှ သတင်း ရရှိပါသည်။

အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုသော ကားများ ဟုတ်မဟုတ်ကို စိစစ်သွားမည်ဖြစ်ပြီး စိစစ်ရာတွင် အဓိက အားဖြင့် ကားတင်သွင်းရာ နိုင်ငံရှိ ကား၀က်ဘ်ဆိုက်များမှ လည်းကောင်း၊ သံရုံးများဖြင့် ဆက်သွယ်၍ လည်းကောင်း အဆိုပါနိုင်ငံတွင် နေ့စဉ်ဖြစ်ပေါ်နေသည့် ကားပေါက်ဈေးကိုရယူကာ စိစစ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံကနေ တင်သွင်းလို့ရနိုင်တဲ့ ဘယ်နိုင်ငံကမဆို ကားတင်သွင်းခွင့် ပြုသွားမှာပါ။ တင်သွင်းတဲ့ အခါ ဒေါ်လာ ၃၅၀၀ ထက် မပိုတဲ့ ကားဟုတ်မဟုတ်ကို စီးပွား ကူးသန်းနဲ့ Customs က အဓိကစစ် သွားပါလိမ့်မယ်။ ၃၅၀၀ ထက်မပိုတဲ့ ကားဆိုပြီး မော်ဒယ်မြင့်ကို စာရင်းလိမ် တင်သွင်းလာတယ် ဆိုရင်တော့ ဆိုင်းငံ့ခံရမှာပါ။ ဈေးနှုန်းနဲ့ မော်ဒယ်ကိုက်မကိုက်ကတော့ တင်သွင်းတဲ့နိုင်ငံက မြန်မာသံရုံးတွေက တစ်ဆင့် အဲဒီနိုင်ငံရဲ့ နေ့စဉ်ကား ပေါက်ဈေးတွေ ရယူသလို နိုင်ငံတကာ ၀က်ဘ်ဆိုက်တွေက နေ့စဉ်ပေါက် ဈေးတွေရယူသွားမှာပါ။ ၀န်ဆောင်ခယူပြီး လုပ်ပေးမယ့် ကုမ္ပဏီတွေကိုလည်း ဒီဈေးနှုန်းမျိုးတွေနဲ့ပဲ စိစစ် သွားဖို့ရှိပါတယ်။ ဥပမာ ဂျပန်မှာ အမျိုးရှိလို့ အမျိုးက ဒါကို ဒေါ်လာ ၃၅၀၀ နဲ့ပို့ပေးတာပါဆိုပြီး မော်ဒယ်မြင့် ကားကို သွင်းလာလို့တော့ မရဘူးပေါ့”ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ပါမစ်ချထားပေးမှုနှင့် ပတ်သက်၍လည်း “တရား၀င် မှတ်ပုံတင်ယာဉ်သက်တမ်းက သတ်မှတ်တဲ့ သက်တမ်း ပြည့်မီတယ်ဆိုရင် နိဗ္ဗာန်ယာဉ်တောင်မှ အစားထိုးပယ်ဖျက်ပေးဖို့ အထိ အများပြည်သူ စိတ်ချမ်းသာ အောင်လုပ်တဲ့ အစီအစဉ်ပါ။ လေးဘီး မပါဘူး၊ ဟိုဟာမပါဘူးဆိုပြီးအပြင် မှာ ပြောချင်တာပြောနေတာတွေက မဟုတ်ပါဘူး။ စ၊ ဆ၊ ဇ အက္ခရာ တန်းတွေ အားလုံး စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ယာဉ်လက်ခံပေးဖို့ ညွှန်ကြားထားပါတယ်။ ဘာကြောင့် နှစ် ၄၀ ကျော်လို့ မပြောဘဲ စ၊ ဆ၊ ဇ ပြောရတာလဲဆိုတော့ တချို့ ဇ အက္ခရာတန်းက နှစ် ၄၀ ကျော်ထဲ မှာလည်း ပါသလို နှစ်ပေါင်း ၃၀ နဲ့ ၄၀ ကြားမှာလည်း ပါနေတယ်။ ဒါပေမယ့် လုပ်ရလွယ်သွားအောင် နှစ် ၄၀ မကျော်ပေမယ့် ဇ အက္ခရာ ဖြစ်တယ်ဆိုရင် အားလုံးကို စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လုပ်မယ့် စာရင်းထဲ ထည့်ပေးထားပါတယ်။ ကားအပ်ပြီးရင် သက်ဆိုင်ရာ တိုင်း ဒေသကြီးနဲ့ပြည်နယ်အလိုက်စစ်ဆေး လက်ခံရေးအဖွဲ့တွေက စလစ်ထုတ် ပေးမယ်။ စလစ်ရတဲ့သူက နေပြည် တော် စီးပွား/ကူးသန်း ၀န်ကြီးဌာန ရုံးမှာ ပါမစ်လာထုတ်ရပါမယ်”ဟု ၎င်းင်းကဆက်လက်ရှင်းပြခဲ့ပါသည်။

“Toyota, Mitsubishi, Nissan အုပ်စုတွေထဲမှာ Toyota အုပ်စု ကတော့ Saloon ပဲရဖို့များတယ်။ ၂၀၀၀၊ ၂၀၀၁ မော်ဒယ်လောက်အထိ ဆလွန်းရနိုင်တယ်။ Mark II ဆိုရင်လည်း ၂၀၀၁ မော်ဒယ်အထိလောက်ပဲ ရမယ်။ ဒီက သတင်းကြောင့် ဂျပန် မှာတောင် ကားဈေးတွေက တက်နေတာ။ Toyota ပဲမရတာပါ။ Mazda, Nissan တွေထဲက SUV တွေကတော့ ရနိုင်တယ်။ တင်သွင်းခွင့်ပေးတဲ့ အခါမှာလည်း ၁၉၉၅ ကနေ ဘယ်မော်ဒယ်အထိ ဆိုတာကိုတော့ သတ်မှတ်ထားသင့်တယ်။ Cherokee, Mercedes, BMW လို ကားမျိုးတွေ လည်း တင်သွင်းလို့ရမယ့် အထဲမှာ ပါတာ ၀က်ဘ်ဆိုက်က ဈေးတွေအရ တွေ့ရတယ်။ နာမည်ကျော် ၀က်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ alibaba.com က ဈေးတွေအရဆိုရင်တော့ Cherokee, Mercedes, BMW လိုကားမျိုးတွေ က ဒီကသတ်မှတ်ထားတဲ့ တန်ဖိုးနဲ့ အများစု ကိုက်ညီတာတွေ့ရတယ်” ဟု နိုင်ငံတကာ ကားဈေးနှုန်း ၀က်ဘ်ဆိုက်များအား လေ့လာထား သူတစ်ဦးက ဆိုသည်။

“ကားအများအပြားသွင်းမှာ ဖြစ်ပေမယ့် ကားဈေးကအရမ်းတော့ မကျတော့ဘူး။ တဖြည်းဖြည်းချင်း ထိုက်သင့်တဲ့ဈေးကိုရောက်သွားနိုင် ပါတယ်။ ကားသစ်သွင်းမယ်ဆိုပါတော့ ၂၀၀၇ မော်ဒယ်အထက် ဘယ်မောင်းသွင်းဖို့ သတ်မှတ်ထားတဲ့ အတိုင်းသွင်းရမှာပဲ။ အခုသွင်းရမယ့် ကားသစ်၀ယ်ရင်းဈေး၊ ဆောင်ရမယ့် အခွန်နှုန်း၊ သယ်ယူစရိတ်တွေပေါင်းရင် မော်ဒယ်မြင့်ပြီး အင်ဂျင်ပါ၀ါ ကြီးတဲ့ကားတွေကတော့ ကျပ်သိန်း ၁၅၀၀ နဲ့ ၂၀၀၀ အထက်မှာရှိနေမှာပါ။ ဥပမာ Lexus LX 570 ဆိုရင် မြန်မာနိုင်ငံအရောက် ဒေါ်လာ ၉၀၀၀၀ လောက် ကျမယ်။ အကောက်ခွန်က ၄၀ ရာခိုင်နှုန်း၊ ကညန က ၁၀၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်က ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၁၆၅ ရာ ခိုင်နှုန်းနဲ့ ကားအရင်း ဈေးပေါင်းရင် ဒေါ်လာ ၂၃၀၀၀၀ ၀န်းကျင်လောက် ကျသင့်တဲ့အတွက် ကျပ်သိန်း ၂၀၀၀ ရှိတယ်။ ဒါကဈေးရင်းဖြစ်လို့ ဒီဈေး က နောက်ထပ် ကျစရာမရှိဘူးလေ။ ဒီလိုပဲ Camry ဆိုလည်း ကျပ်သိန်း ၇၀၀-၈၀၀ လောက်မှာရှိနေမှာပဲ။ အများစီးတဲ့ ကားကလည်း ဒီသတ် မှတ်ချက်တွေအတိုင်း သွင်းရင် ကျပ် သိန်း ၅၀၀ လောက်မှာရှိနေသလို အခု ကားအိုကားဟောင်းလဲလို့ သွင်းလာမယ့် အောက်ကားလေးတွေက လည်း ကျပ်သိန်း ၂၅၀၊ ၃၀၀ လောက်တော့ ရှိနေမှာပါ။ တစ်နှစ်အတွင်းမှာ ရောင်းသာ၀ယ်သာတဲ့ မျှတတဲ့ အနေအထား ရောက်သွားမှာပါ။ အကောက်ခွန်နဲ့ ကုန်သွယ်ခွန်က မ ပြောင်းနိုင်ပေမဲ့ ကားတင်သွင်းမှုများ ပြားလာတဲ့အပေါ် မူတည်ပြီး ကညန အနေနဲ့အခွန်နှုန်း ပြင်ဆင်သွားလိမ့်မယ်လို့ ယူဆပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

“ကားအစီးရေ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားမှာ ၀င်လာမှာပဲ။ ကားဟောင်းအစီးရေက ၅၀၀၀၀ ဆိုပေမယ့် အားလုံးက လမ်းပေါ်မှာ သွားနေတာမဟုတ်ဘူး။ ကားဟောင်း အစီးရေ ၅၀၀၀၀ ထဲမှာ လမ်းပေါ်မှာ သွားနေတာက ၂၀၀၀၀၊ ၃၀၀၀၀ လောက်ပဲရှိတာ။ အဟောင်းလဲတာ ကနေ အစီးရေက တိုးဦးမယ်၊ ကား သစ်လည်း သွင်းမှာမို့လို့ များလာမှာ ပဲ။ ကားနဲ့ သင့်တင့်တဲ့ လမ်းတွေပြင်တာ၊ ချဲ့တာ အပြင် ကားပါကင်တွေလည်း လုပ်ထားသင့်ပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဒေါ်လာ ၃၅၀၀ ဖြင့် ကိုက်ညီသည့် နိုင်ငံတကာဈေးကွက်ရှိ Used Card ဈေးနှုန်းအချို့(FOB ဈေး)

အမျိုးအစား              တန်ဖိုး(US$)
Pajero V26 ၁၉၉၆            ၃၂၀၀
Mark II ၁၉၉၉                  ၂၂၉၀
Mark II ၁၉၉၈                  ၁၅၅၀
Mark II ၁၉၉၇                  ၁၅၅၀
Mark II ၁၉၉၅                 ၁၀၀၀
Mark II ၂၀၀၁                  ၃၁၀၀
Mark II ၂၀၀၀                  ၂၅၀၀
RAV 4 ၁၉၉၅                   ၃၃၃၈
RAV 4 ၁၉၉၆                   ၃၃၅၂
RAV 4 ၁၉၉၇                   ၃၄၅၃
Crown Royal ၁၉၉၉         ၃၀၂၀
S E Saloon ၁၉၉၇            ၂၅၅၀
Caldian Van ၂၀၀၂           ၃၅၀၀
Caldian Van ၂၀၀၁           ၂၇၀၀
Caldian Van ၁၉၉၆          ၂၅၀၀
Caldian Van ၁၉၉၇          ၂၅၅၅
Caldian Van ၂၀၀၂           ၂၆၅၀
Corolla Van ၁၉၉၇           ၁၈၀၀
Corolla Van ၂၀၀၂            ၃၅၀၀
Corolla Van ၂၀၀၁            ၂၇၅၀
Corolla Van ၁၉၉၈            ၂၅၂၀
Corolla Fielder ၂၀၀၀        ၂၄၈၅
Corolla Fielder ၂၀၀၁        ၂၆၂၅
Corolla Fielder ၂၀၀၂        ၂၉၀၀
Corolla Fielder ၂၀၀၃        ၃၄၇၅
Carina ၁၉၉၈                       ၁၇၀၀
Estima ၂၀၀၀                       ၃၃၃၈
Estima ၂၀၀၁                       ၃၄၅၀
Estima ၁၉၉၈                       ၂၀၀၀
Estima ၁၉၉၇                       ၁၅၀၀
Estima ၁၉၉၆                         ၉၅၀
Cherokee ၂၀၀၀                  ၃၁၉၀
Cherokee ၁၉၉၇                 ၂၈၈၈
Cherokee ၁၉၉၆                 ၂၃၀၀
Mercedes A class ၂၀၀၂    ၃၄၅၀
Mercedes A class ၂၀၀၁   ၂၅၀၀
BMW 525 ၁၉၉၉               ၂၁၁၀
BMW 525 ၁၉၉၈              ၂၅၀၀
BMW 323 ၁၉၉၈               ၃၄၅၀
Nissan Mistral ၁၉၉၅       ၂၆၇၀
Nissan Terrano ၁၉၉၇      ၂၉၅၀
Sunny FB15 ၂၀၀၁           ၁၉၈၀
Sunny FB15 ၂၀၀၂           ၂၄၀၀
Sunny FB15 ၂၀၀၄           ၃၀၀၀
Sunny EX saloon ၂၀၀၃   ၂၂၂၇
Super Saloon ၁၉၉၆         ၂၀၂၀
Honda CR-V ၁၉၉၆         ၂၂၀၀
Honda CR-V ၁၉၉၇         ၃၁၁၀
Honda CR-V ၅၁ ၁၉၉၈   ၃၅၀၀
Ref:alibaba.com

နိုင်ငံတကာဈေးကွက်မှ ကားသစ်များ တင်သွင်းပါက ကျသင့်နိုင်သည့် ဈေးနှုန်းအချို့ (အမေရိကန်ဒေါ်လာ)
အမျိုးအစား တန်ဖိုး(CIF)  အကောက်ခွန်   ကုန်သွယ်လုပ်ငန်းခွန်    မှတ်ပုံတင်ကြေး    စုစုပေါင်းတန်ဖိုး
Lexus LX570 2011          ၈၉၄၅၅      ၃၁၇၈၂                   ၂၇၈၀၉        ၇၉၄၅၅       ၂၂၈၅၀၁
Mercedes S550 2011     ၁၀၃၆၅၀     ၃၇၄၆၀                   ၃၂၇၇၇        ၉၃၆၅၀       ၂၆၇၅၃၇
Range Rover 2011         ၁၀၄၆၁၅     ၃၇၈၄၆                   ၃၃၁၁၅         ၉၄၆၁၅       ၂၇၀၁၉၁
BMW X6 2011                 ၉၉၂၀၀     ၃၅၆၈၀                   ၃၁၂၂၀         ၈၉၂၀၀       ၂၅၅၃၀၀
BMW X6 2011                 ၉၆၄၀၀    ၃၄၅၆၀                    ၃၀၂၄၀         ၈၆၄၀၀      ၂၄၇၆၀၀
BMW 760LI 2011         ၁၄၇၃၀၀     ၅၄၉၂၀                   ၄၈၀၅၅       ၁၃၇၃၀၀      ၃၈၇၅၇၅
BMW 740I 2011             ၈၀၆၅၀     ၂၈၂၆၀                    ၂၄၇၂၇         ၇၀၆၅၀       ၂၀၄၂၈၇
Mark X 3500cc 2011      ၅၅၈၀၀     ၁၈၃၂၀                   ၁၆၃၂၀         ၄၅၈၀၀       ၁၃၆၂၄၀
Camry LE 2011                ၃၁၆၅၀     ၈၆၆၀                      ၇၅၇၇         ၂၁၆၅၀         ၆၉၅၃၇

မှတ်ချက်။ ။ အကောက်ခွန် ၄၀%၊ ကုန်သွယ်လုပ်ငန်းခွန် ၂၅%(ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် တွက် သည်)၊ ယာဉ်မှတ်ပုံတင်ကြေး(ကညန)အခွန် ၁၀၀% များကို ပြည်ပမှ၀ယ်ရင်းဈေး FOB ဈေးနှုန်း ပေါ်တွင် တွက်ချက်ထားခြင်းဖြစ်သည်။ ကားတစ်စီး တင်သွင်းမှု ဈေးအရင်းမှန်ကန်စေရန် CIF (Car Cost, Insurance, Freight) ဈေးဖြင့်ထည့်သွင်း တွက်ချက်ခြင်း ဖြစ်ပါသည်။

Ref:motortrend.com-Weeklyeleven

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection