Apple iPad 3 စတင်ထုတ်လုပ်နေပြီ

Apple iPad 3 စတင်ထုတ်လုပ်နေပြီ



Appleကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် Tablet ကွန်ပျူတာ iPad၏ Versionသစ်ကို ထုတ်လုပ်မှု စတင်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ကမ္ဘာ ပေါ်တွင် လူကြိုက်အများဆုံး နည်းပညာ Gadget တစ်ခုအဖြစ် ရေပန်းစားနေသော iPad၏ တတိယ မြောက် မျိုးဆက်ကို ၃ လအတွင်း အလုံးရေ ခြောက် သိန်းမှ တစ်သန်းထိ ထုတ်လုပ်သွားနိုင်ရန် Appleက စီစဉ်ထားကြောင်း All Things Digitalနှင့် Wall Street Journal တို့က ခန့်မှန်း ဖော်ပြခဲ့သည်။

Apple iPad 2 နှင့် ဂိမ်းကစားနေစဉ်

Appleသည် ၂၀၁၁ ခုနှစ်၊ နောက်ဆုံးသုံးလအတွင်း အထက်ပါ အရေအတွက်ထိ iPad 3များ ထုတ်လုပ် လာဖွယ် ရှိနေပြီး ၂၀၁၂ ခုနှစ်တွင် တရား၀င် ရောင်းချလာနိုင်ကြောင်း သိရသည်။
လေ့လာသူများက Appleအနေနှင့် iPad 3အတွက် မှာယူမှု ၁၂ သန်းမှ ၁၄ သန်းကြားထိ လက်ခံရရှိ မည် ဟုယုံကြည်ရကြောင်းသုံးသပ်ခဲ့သည်။ Susquehanna ၏ ဘဏ္ဍာရေး အကဲဖြတ် ဂျက်ဖ်ဖစ် ကာရိုက Appleသည် iPad 3ကို ၂၀၁၂ ခုနှစ် အစောပိုင်းတွင် စတင်ရောင်းချလာဖွယ် ရှိနေကြောင်း ခန့်မှန်း ပြောကြားခဲ့သည်။ Appleသည် iPad 2ကို (၂၀၁၁)ခုနှစ်၊ မတ်လက စတင်ရောင်းချခဲ့သည်။

Source: Daily Chilli

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection