ခေတ်စားလာတဲ့ CISCO Certified

ခေတ်စားလာတဲ့ CISCO Certified 

အိုင်တီလောကမှာ ခေတ်စားလာတဲ့ CISCO Certified တွေဟာအိုင်တီလောက အတွက်လဲ အကျိုး ကျေးဇူးများလာတာကို တွေ့ရပါတယ်။ တကယ်ကိုပဲ networking သမားတစ်ယောက် အတွက် အသက်မွေး၀မ်းကျောင်း ပညာရပ်တစ်ခု ဖြစ်သလို Professional လုပ်စားမယ့်သူတွေ အတွက်လဲ မရှိ မဖြစ် လိုအပ်လာတဲ့ အသိပညာရပ် တစ်ခုပါပဲ။ Cisco နဲ့ ပက်သက်တဲ့ စာမေးပွဲ၀င် ဖြေရန် ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့ Cisco အကြောင်း လေ့လာချင်တဲ့ စာဖတ်ပရိသတ်အတွက် ကျွန်တော် လေ့လာသိမီသမျှကို ပြောပြပါမယ်။ Cisco ဆိုတာက Networking System မှာ အဓိက အလုပ်လုပ် ဆောင်ပေးတဲ့ routers, bridges and switches. Devices ရဲ့ မူပိုင် OS ပါ။ Cisco Router မှာပါတဲ့ IOS ( Inter network Operation system) အကြောင်း သင်ယူရမှာ ဖြစ်ပါတယ်။ Cisco Network Device တွေကို အသုံးပြုမယ်ဆိုရင်တော့ သူ့ရဲ့ OS တွေကို မသိမဖြစ်သိထားရမဲ့ ဘာသာရပ် ပါ ။ ဆိုလိုတာက Microsoft OS ကို အသုံးပြုသူကတော့ Microsoft windows အကြောင်းသိမှ သုံးနိုင်မှာဖြစ်ပြီး Linux သုံးသူက Linux OS အကြောင်းသိမှ အသုံးပြုနိုင်မှာ ဖြစ် သလိုမျိုးပေါ့။ Cisco Router, Cisco Switch တွေ အသုံးပြုမဲ့သူတွေအတွက်ကတော့ Cisco ရဲ့ command တွေနဲ့ သူ့ အလုပ်လုပ်ဆောင်ပုံတွေကို သိမှဖြစ်မှာပါ။Cisco Network ကို တကယ်တမ်း အသုံးပြုတဲ့ Network ဆိုတာ ကလဲ တကယ့်ကို ကြီးကျယ်တဲ့ Network တွေမှာပဲ တွေ့ရမှာပါ။ ISP level နဲ့ အလုပ်လုပ်တဲ့ Network တွေမှာ အများဆုံး တွေ့ရှိရပါတယ်။ ဒါကြောင့်လဲ Networking သမားတွေအတွက် မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီလိုမျိုး အတွက်လဲ Cisco မှ တရား၀င်စာမေးပွဲ တွေနဲ့ အတူ အဆင့်ခွဲခြားပြီး Certificate တွေ ပေးထားပါတယ်။ ၀င်ဖြေဖို့ကတော့ တစ်ဘာသာကို 250 $, 150$ (CCENT) ဘာသာရပ်အလိုက် အသီးသီးနဲ့၀င်ရောက် ဖြေဆိုခွင့် ပြုထားပြီး အကယ်၍ စာမေးပွဲကျပါက ၆ လတိတိ ထိုဘာသာကို ဖြေဆိုခွင့်ခဏပိတ်ထားမှာပါ။ Microsoft စာမေးပွဲကတော့ ကျရင် ကြိုက်တဲ့အချိန် ပြန်ဖြေခွင့်ရှိပါတယ်။ ဒါကြောင့် Cisco စာမေးပွဲဖြေဆိုမယ်ဆိုရင် သေချာ ပိုင်မှ ဖြေဆို သင့်ပါတယ်။ စာမေးပွဲတွေကတော့ level အလိုက် သက်မှတ်ထားပါတယ်။ အဓိက လက်မှတ် Level 5 မျိုး သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့
- Entry Certification ( CCENT )
- Associate Certification ( CCNA)
- Professional Certification ( CCNP )
- Expert Certification ( CCIE)
- Architect Certificationတို့ ဖြစ်ပါတယ်။
Level အလိုက် Cisco Network Certification တွေကတော့

Entry
* IP Networking (CCENT)
Associate
* Design (CCDA)
* Routing and Switching (CCNA)
* Security (CCNA Security)
* Voice (CCNA Voice)
* Wireless (CCNA Wireless)

Professional
* Design (CCDP)
* Routing & Switching (CCNP)
* Security (CCSP)
* Service Provider (CCIP)
* Voice (CCVP)
* Wireless (CCNP Wireless)

Expert
* CCDE Design Expert
* CCIE SP Operations
* CCIE Routing and Switching
* CCIE Security
* CCIE Service Provider
* CCIE Storage Networking
* CCIE Voice
* CCIE WirelessArchitect
* Cisco Certified Architectမိမိ အသက်မွေး၀မ်းကျောင်းပညာအတွက် လမ်းကြောင်းရွေးချယ်ဖို့ ကတော့- Routing & Switching- Design- Network Security- Service Provider- Storage Networking- Voice- Wireless ဆိုပြီး (၇)မျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အပိုင်းကို ၀င်ရောက်ဖြေနိုင် ပါတယ်။ ဒါက စာမေးပွဲအပိုင်းတွေပါ။ CCNA နဲ့ ပတ်သက် တဲ့ သင်တန်းကြေးတွေကတော့ မြန်မာ ငွေကျပ် သုံးသိန်းခန့် ရှိပါတယ်။Cisco Network ကို စတင်လေ့လာမယ်ဆိုပါက အခြေခံအကျဆုံး Network module ဖြစ်တဲ့ Open Systems Interconnection(OSI)ရဲ့ သဘောကို နားလည်ရပါမယ်။ OSI Model ရဲ့ သိသင့်တဲ့ အကြောင်းအရာအလွှာ(၇)လွှာကတော့ -
(1) Application layer
(2) Presentation layer
(3) Session layer
(4) Transport layer
(5) Network layer
(6) Data-link layer
(7) Physical layer တို့ ဖြစ်ကြပါတယ်။Application layerApplication layer က OSI Reference Model ရဲ့ အပေါ်ဆုံး layer ဖြစ်ပါတယ်။ သူက user interface အတွက် တည်ဆောက်ထားတာပါ။ ဥပမာအားဖြင့် telnet အပါအ၀င် TCP/IP applications တွေရယ်, FTP(File Transfer Protocol), HTTP(Hyper Text Transfer Protocol) and SMTP (Simple Mail Transfer Protocol) စတဲ့ Network Application တွေ အလုပ်လုပ်တဲ့ Layer ဖြစ်ပါတယ်။Presentation layer၆ လွှာမြောက်ဖြစ်တဲ့ presentation layer က အပေါ် Layer 7 ဖြစ်တဲ့ Application Layer ကို ထောက်ပံ့ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါ တယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်မှု သုံးခု ရှိပါတယ်။
(1) data presentation
(2) data Compression
(3) data EncryptionData Presentation ရဲ့သဘောကတော့ ဒီဘက်က ပို့လိုက်တဲ့ data တွေကို တစ်ဖက်လက်ခံသူဘက်က process လုပ်၍ ရနိုင်အောင် ပြောင်း ပေးခြင်း ဖြစ်ပါတယ်။ presentation layer protocols မှာ စံသတ်မှတ်ချက် အားဖြင့် ASCII, BMP, GIF, JPEG, WAV, AVI and MPEG တို့ ပါ၀င်ပါတယ်။Data Compression လုပ်ခြင်းကတော့ Network ပေါ်မှာ အရွယ် အစားငယ်အောင် compress လုပ်ပြီး နက်၀က်အတွင်းထဲသို့ ပို့လွှတ်လိုက် ခြင်း ဖြစ်ပါတယ်။ လက်ခံသည့်စက်ရောက်မှ presentation layer မှ com-press လုပ်ပြီး ပို့လိုက်သမျှ data တွေ uncompress လုပ်ယူပါတယ်။Data encryption ပြုလုပ်ခြင်းကတော့ လိုအပ်သော encrypt များ ကို လက်ခံသော ကွန်ပျူတာထံရောက်လာတဲ့အခါ presentation layer မှာ ပြန်လည် decrypt ပြန်လုပ် ခြင်းပါ။Session layerSession ကတော့ နက်၀က်တွေအတွက် Device တစ်ခုမှ နောက်Device တစ်ခုရဲ့ကြား Data တွေ ချိတ်ဆက်နိုင်အောင် ပြုလုပ်တဲ့အပိုင်းကို တာ၀န်ယူ လုပ်ဆောင်ပါတယ်။ သူက Transport Layer နဲ့တွဲဖက် အလုပ် လုပ်ဆောင်ပါတယ်။ ဥပမာ - RPCs နဲ့ NFS တို့ပါ။ Remote Procedure Call (RPC) & Network File System (NFS) Transmission rate ပေါ် မူတည်ပြီး သုံးမျိုးရှိပါတယ်။အဲဒါတွေကတော့ -
(1) simplex
(2) half duplex (Data ကို တစ်ဖက်မှ ပို့ဆောင်နေချိန်အပြီးမှ နောက် တစ်ဖက်မှ ပြန်လည် ပို့ဆောင်နိုင် သည်။)
(3) full duplex (နှစ်ဖက်စလုံးမှ အပြန်အလှန် ပို့ဆောင်ချိတ်ဆက် နိုင်သည်။)Transport layer Transport Layer ဆိုသည့်အတိုင်း Data များကို Sending Host မှ အခြားလက်ခံမယ့် Receiver Host အထိ သယ်ယူပို့ဆောင်ရေးအပိုင်းကို လုပ်ပါတယ်။ Data တစ်ခုကို ပို့ဆောင်ပြီးနောက် လက်ခံမည့်သူ ရောက်ရှိချိန် တွင် ပို့လွှတ်လိုက်သော Data နှင့် လက်ခံရရှိပြီးသော Data တို့ ပြီးပြည့်စုံ ခြင်းရှိ/မရှိကို ပြန်လည်စစ်ရပါတယ်။ ဒါကို Acknowledgment လုပ်တယ် လို့ ခေါ်ပါတယ်။ ထိုကဲ့သို့ Data ပြန်စစ်ပြီး မပြည့်စုံခဲ့လျှင် နောက်တစ်ဖန် ပြန်လည်ပို့ဆောင်ပေးဖို့ (Retransmission) လုပ်ဆောင်ပါတယ်။ ထိုနည်းတူ စွာ Network ပေါ်မှ Transmission Speed ကို ထိန်းညှိပေးခြင်း (Flow Control)ကိုလည်း လုပ်ပေးပါတယ်။Network layer“Cisco Layer” လို့တောင် ခေါ်လို့ရတဲ့ အပိုင်းပါ။ ဘာလို့လဲဆိုတော့ ကွန်ရက်တွေပေါ်မှာ Data Packets တွေကို လမ်းကြောင်းလွှဲပေးခြင်း (Routing)နဲ့ လိပ်စာသတ်မှတ် ပေးခြင်း (Logical Addressing) တာ၀န်တွေ ကို ထမ်းဆောင်ရပါ။ လိပ်စာ သတ်မှတ်ခြင်းကတော့ IP address (Logical address) နှင့် MAC address ဆိုပြီး Device တစ်ခုမှာ IP နှစ်မျိုး ရှိပါတယ်။ MAC address ကတော့ physical address ဖြစ်ပြီး NIC ထုတ်စဉ်ကတည်းက တစ်ပါတည်း အသေထည့်သွင်း သတ်မှတ်ထားတဲ့အတွက် ပြောင်းလဲလို့ မရနိုင်ပါဘူး။ Network address (Logical address) ကိုတော့ network layer protocol တွေ ဖြစ်ကြတဲ့ IP/IPX တို့ကို အသုံးပြုပြီး သတ်မှတ်ပေးတဲ့ IP address ဖြစ်ပါတယ််။ Network layer မှာ source နှင့် destination address တွေဟာ IP address ဖြစ်ပါတယ်။ဒီ Layer ကတော့ ပို့ဆောင်မဲ့ Data တွေကို အပိုင်းလေးတွေ ခွဲပြီး ပို့ဆောင်ဖို့ (Segments) လုပ်ဆောင်ပါတယ်။ ကွန်ယက်လမ်းကြောင်း ရှာခြင်း (Best Path Determination)၊ ပို့ဆောင်ခြင်း (Packet forwarding) အပိုင်းနဲ့ ထိမ်းချုပ်ခြင်း (Packet Filtering) အပိုင်းတို့ကို လုပ်ဆောင်ပါတယ်။ Hardware အနေနဲ့ပြောရရင် ဒီ layer မှာ အလုပ်လုပ်တဲ့ device တွေကို layer-3 device တွေလို့ ခေါ်ပါတယ်။ Router ဟာ အသုံးများဆုံး layer-3 device ဖြစ်ပါတယ်။Data Link LayerData link layer ရဲဲ့ အဓိကလုပ်ဆောင်မှုကတော့ Layer 3 (Network layer) က လာတဲ့ packet တွေကို header နှင့် trailer ထည့်သွင်းပြီး frame အဖြစ်သို့ တည်ဆောက်တာကို လုပ်ဆောင် တယ်။ Header ထဲမှာဆိုရင် Source နှင့် destination address တို့ကို ထည့်သွင်းပေးရပါတယ်။ ဒီ layer မှာ ထည့်တဲ့ address တွေသည် MAC address ပဲ ဖြစ်ပါတယ်။ Data Link layer မှာ အလုပ်လုပ်တဲ့ device တွေကို layer -2 device တွေလို့ ခေါ်ပါတယ်။ bridge နှင့် switch တို့သည် အသုံးအများဆုံး layer-2 device များ ဖြစ်ပါတယ်။Physical layerအောက်ဆုံး Layer ဖြစ်တဲ့ Physical ကတော့ data link layer မှ လာသော frame များကို လက်ခံရယူပြီး signal များအဖြစ် ပြောင်းပေးတဲ့ တာ၀န်ယူထားပါတယ်။ဒါတွေကတော့ လက်မှတ် Layer (၅) မျိုးနဲ့ Layer (၇)မျိုးအကြောင်း ဖြစ်ပါတယ်။ အပေါ်ပုံကိုကြည့်ပြီး Layer တွေ ဘယ်လိုအလုပ်လုပ်တယ်ဆို တာ လေ့လာနိုင်ပါတယ်။ နောက်ပိုင်း အခွင့်သင့်ရင်လဲ Cisco နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးသွားပါမယ်။

ရဲအောင်သူ
www.myanmargenius.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection