ကဒါဖီ၏ နောက်ဆုံးနေ့


ကဒါဖီ၏ နောက်ဆုံးနေ့

အယ်လ်ဂျာဇီးယား သတင်းဌာနက သွေးသံရဲရဲနှင့် ကဒါဖီရုပ်အလောင်းပုံကို ထုတ်လွှင့်ပြသလိုက်သည်။

ထိုရုပ်အလောင်းကို လုံခြုံသည့်နေရာသို့ ရွှေ့လိုက်သည်ဟူသော လစ်ဗျားနိုင်ငံ အသွင်ကူးပြောင်းရေး ကောင်စီ အရာရှိတို့ကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြထားသည်။

ကဒါဖီ၏ ရုပ်အလောင်းကို ဆွဲယမ်းနေကြပုံလည်း ရုပ်သံတွင် ထုတ်လွှင့်သည်။ နောက်ပိုင်းတွင် ရုပ် အလောင်းကို အနည်းငယ် မှုန်ဝါးအောင် ပြုလုပ်သည့်နည်းဖြင့် ဆင်ဆာ အနည်းငယ်ဖြတ်ပြီး ထုတ်လွှင့် သည်။




အောက်တိုဘာ ၂၀ ရက်နေ့က ဒဏ်ရာအပြင်း အထန်ရထားတဲ့ ဗိုလ်မှူးကြီးကဒါဖီကို ဖမ်းမိတဲ့ပုံကို ရုပ်သံလိုင်းတခုက ထုတ်လွှင့် ပြသသွားပါတယ်
 






ကားရှေ့ဖုံးပေါ်က သူ့ကို ဆွဲချနေကြတုန်း "သူ့ကို အရှင်ရချင်တယ်" လို့ တယောက်က လှမ်းအော် ပြော ပါသေးတယ်။
 






ဗိုလ်မှူးကြီးကဒါဖီကို လစ်ဗျားတော်လှန်ရေး တပ်သားတွေ ကားပေါ်ကနေ ဆွဲခေါ်လာပုံပါ
 





ပုန်းခိုနေတဲ့နေရာမှာ ဖမ်းမိတော့ သူက သူ့ကို မသတ် ဖို့ တောင်းဆိုတယ်လို့ သတင်းတွေက ဆိုပါတယ်

 



တော်လှန်ရေးတပ်သားတချို့ သူ့ကို အကာအကွယ် ပေးပါသေးတယ်

မသတ်ဖို့ တောင်းပန်ပြီး တနာရီအတွင်းမှာပဲ သူ သေဆုံးသွားပါတယ်။ သေနတ်သမားတွေ ၀န်းရံ နေပြီး အခြေအနေ ရုပ်ရုပ်သဲသဲ ဖြစ်နေတဲ့အတွက် ဘယ်သူ့ရဲ့ လက်ချက်မှန်း မသိရပါဘူး
 
 


ကဒါဖီပုန်းခိုခဲ့တဲ့ နေရာ အနီးတဝိုက်မှာ တွေ့ရတဲ့ သူ့ရဲ့ သစ္စာခံ တပ်သားတချို့ရဲ့ ရုပ်အလောင်းများ






ကဒါဖီ အဖမ်းခံရတဲ့နေရာကို စစ်ဆေးနေတဲ့ တော်လှန်ရေးတပ်သားများ
 







ကဒါဖီရဲ့ ရွှေရောင် သေနတ်
 







လစ်ဗျားကို ၄၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကဒါဖီ သေဆုံးမှု သတင်းကြောင့် အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်သားများ၊ အရပ်သားများ



လစ်ဗျားကို နှစ် ၄၀ ကျော်ကြာ အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီ ယနေ့ သူ၏ဇာတိမြို့Sirte တွင် ကျဆုံးသွားကြောင်း လစ်ဗျား ၀န်ကြီးချုပ် Mahmoud Jibril က ပြောလိုက်သည်။

“ကျနော်တို့ ဒီအချိန်ကို စောင့်စားနေတာ ကြာလှပါပြီ။ ကဒါဖီ သေဆုံးသွားပါပြီ” ဟု လစ်ဗျား၀န်ကြီးချုပ်က ထရီပိုလီမြို့တော် သတင်းစာရှင်းလင်းပွဲတွငေ် ပြာလိုက်သည်။

ကဒါဖီ သေဆုံးချိန်တွင် အသက် ၆၉ နှစ်ခန့် ရှိပြီဟု သိရသည်။








POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection