ပခုက္ကူတံတားကျိုး၍ လူ၂၀ထက်မနည်းသေဆုံး

ပခုက္ကူတံတားကျိုး၍ လူ၂၀ထက်မနည်းသေဆုံး

ပခုက္ကူမြို့အဝင် ဧရာဝတီမြစ်လက်တက် ရွှေချောင်း ချောင်းကို ဖြတ်ဆောက်ထားသည့် ရွှေချောင်း တံတားသည် အောက်တိုဘာ၂၀ရက် နံနက် ၆ နာရီခန့်က မိုးများအဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ၂၀ထက်မနည်း သေဆုံးသွားကြောင်း သိရသည်။


အဆိုပါ ရွှေချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ် တံတားကြီး တစ်စင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားမကျိုးမီ ပခုက္ကူဒေသတဝိုက်တွင် မိုးများ ၃ ရက်ခန့် အဆက်မပြတ် ရွာသွန်းနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည့် မုန်တိုင်နှင့် ဆက်စပ်၍ စစ်ကိုင်း ရွှေဘိုဒေသများတွင်ပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပခုက္ကူ ၊ ပေါက် ၊ ကျောက်ထု ရေဘေး ၂၀၀ ကျော် သေဆုံး
မြန်မာ နိုင်ငံ အလယ် ပိုင်း မကွေးတိုင်း ပခုက္ကူ မြို ့နယ် တွင် မိုးသည်းထန် စွာ ရွာ သွန်း ပြီး ချောင်း ရေ ၊ မြစ်ရေ လျှံ မှု ကြောင့် ရေကြီး မှှုု ဖြစ် ပေါ် ခဲ့ ရာ အ နည်း ဆုံး လူ ၁၀၀ ကျော် သေဆုံး ပြီး ၂၀၀ ကျော် ပျောက်ဆုံး နေကာ လူ ၁၅၀၀ ခန် ့ အိုးအိမ် များ ကို စွန် ့ ခွာ ထွက် ပြေး ရသည် ဟု သိရ
သည်။

ဗုဒ္ဓဟူး နေ ့ ည က ရွှေချောင်း ရေကြီး မှု ကြောင့် တံ တား ကျိုး ကျ မှု တစ်ခု တည်း တွင် ပင် လူ လေး ဆယ် သေဆုံး ပြီ ပခုက္ကူ-မြိုင် ကား လမ်း ဘေး ရှိ ကျေး ရွာ များ မှာ ရေကြီး မှု ကြောင့် နေ အိမ်များ နစ်မြုပ် မှု တွင် အနည်း ဆုံး ၃၀ ကျော် သေဆုံး က မြို့ ပေါ် တွင် ၁၈ ယောက် သေဆုံး
သည် ဟု သိရှိ ရသည်။

ပေါက် မြို ့ နှင့် ကျောက် ထု မြို့များ တွင် ရေကြီး မြေ ပြို မှု များ ကြောင့် ရာနှင့် ချီ သေဆုံး သည် ဟု FNG မှ သတင်း ရရှိ သည်။ ပခုက္ကူ မြို့နယ် တွင် မိသားစု လိုက် ရေထဲ မျောပါ နစ် မြုပ် မှုများ ရှိ သည်။

ရေကြီး မှု နှင့် ပတ်သက်ပြီး မြိုင် မြို့ နယ်မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး က ညဘက်ကြီး ဖြစ်တာ
၀ုန်း၀ုန်း ဆို အကုန် ပါ ရော ၊ ကလေး တွေ အတော် သေတယ် ဟု ပြောသည်။

စစ်တွေ နှင့် ကျောက် ဖြူ တွင် မူ မုန်တိုင်း ဒဏ်ကြောင့် အိမ်ခြေ အလုံး ၇၀ ခန့်ပျက်စီး သည် ဟုသိရသည်။

ပခုက္ကူ မြို့ ရှိ ဆင်းရဲ သား အများ စု နေထိုင် ရာ နှင့် ရွှေချောင်း တစ်လျှောက် ရှိ ကျေးရွာများ မှာ ရေစီး ထဲ မျော ပါ သည် ဟု ပခုက္ကူ မြို့ မှ တပ်မတော် သား တစ်ဦး က ပြောသည်။

ဆက်သွယ်ရေး အခက် အခဲ ကြောင့် အချိန် နဲ ့ တပြေးညီ တင်ဆက် နိုင်ခြင်း မရှိ ပေမယ့် ရရှိ တဲ့ သတင်း တွေ
နဲ ့ ဆက်လက် စုံစမ်း သိရှိ ရ သမျှ ကို ထပ်မံ ဖော် ပြ ပေး ပါမည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection