Internetworking and Routing on Microsoft Windows Platform ” ခေါင်းစဉ်ဖြင့် လက်တွေ့

ICT-Laboratory “ Internetworking and Routing on Microsoft Windows Platform ” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်



မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့ လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဖြစ်သော ဦးအောင်ဇော်မြင့် မှ အောက်တိုဘာလ (၂၃) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Internetworking and Routing on Microsoft Windows Platform” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြ သွားမည်ဖြစ်သည်။သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး ကွန်ယက်များ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်ခြင်းများ (Internetworking) နှင့် ပိုမိုထိရောက် မှုရှိစေရန် Routing ပြုလုပ်ပုံများကို Microsoft Windows Platform ပေါ်မှ ပြုလုပ်ထိန်းသိမ်းပုံများကို လက်တွေ့သရုပ်ပြ ရှင်းလင်းသင်ကြား ပေးသွားမည်ဖြစ်ပါသည်။ မတူညီကွဲပြားသော ကွန်ယက်စနစ် များချိတ်ဆက်ရာတွင် မဖြစ်မနေအသုံးပြုကြသော Router များကဲ့သို့ပင် Microsoft Windows Platform ပေါ်မှနေ၍ Routing Function နည်းပညာများကို အဓိကထား ရှင်းလင်းလေ့ကျင့် ပေးသွား မည်ဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထား သူများ နှင့် Network အခြေခံတတ် မြောက်ထားသူများ အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၃းဝဝ) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉- ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection