Google+ အကြောင်း တစ်စေ့တစ်စောင်း


Google+ အကြောင်း တစ်စေ့တစ်စောင်း

Google +{ https://plus.google.com/} အကြောင်း သိသလောက်လေး နဲနဲရှင်းပြ ထားတာပါ.. သူများတွေ သိပြီး ကိုယ်မသိသေးရင် ခေတ်နောက်ကျမှာပေါ့နော်..အစက Google + ဆိုတာ ကြားဖူးလို့ သွား၀င်ကြည့် တာလဲGoogle+ is in limited Field Trial ဆိုပြီးဖြစ်နေလို့ ဘာမသိညာမသိခဲ့ပဲ ပြန်ထွက် လာရတယ်။ဒီနေ့မှာ အလွယ်တကူ Signup လုပ်ခွင့်ရသွားပါပြီ။

 ဂူဂယ်လ် ပလက်စ် တွင်G + မှာ လောလော ဆယ် လုပ်ခွင့်ရနေတာတွေကတော့ ဓာတ်ပုံတင်ခြင်း၊ ဗွီဒီယို တင်ခြင်း၊Link ရှဲခြင်းများဖြစ်ပြီး Google + မှ တစ် ဆင့်လဲ ချက်တင်အသုံးပြုနိုင်တာတွေပဲ ဖြစ်ပါတယ်။ ဖြည့်စွက်ပြောရရင် Facebook နှင့်လဲ အနည်းငယ် သဏ္ဌန်တူပါသည်။ မိမိတင်လိုက်သော ဓာတ်ပုံ၊ဗွီဒီယို၊ လင့်ခ်၊ပို့စ်များကို ရှဲရ်လိုက်ပါက G+ ရှိ မိတ်ဆွေများ သိရှိပြီး ၀င်ရောက်ကြည့်ရှု၍ ထင်မြင်ချက်များ ရေးသား ခဲ့နိုင်ပါတယ်။ ဓာတ်ပုံများတင်ရင်လဲ အင်မတန် မြန်ဆန်တာတွေ့ရပါတယ်။

ဂူဂဲလ်က အသစ်မိတ်ဆက်လိုက်တဲ့ Google+ ကို အသုံးပြုဖို့ဆိုရင် ကိုယ့်ရဲ့ ဘရောက်ဇာက အဆင့်မြင့်မှ ဖြစ်မယ်လို့ သိရတယ်။ကိုယ်သုံးတဲ့ ဘရောက်ဇာက firefox ဆိုလည်း version 3.6 လောက်မှ Internet Explorer ဆိုလည်း version 7 နဲ့အထက် လောက်မှ အဆင်ပြေနိုင်မှာပါ။ ကိုယ့်ရဲ့ ဘရောက်ဇာက version နိမ့်နေရင် version နိမ့်နေလို့ အဆင်မြှင့်ခိုင်းတဲ့ မက်ဆေ့ချ်ပြပေးပါလိမ့်မယ်။ Google+ ရဲ့ အားသာချက် တစ်ခုကတော့ ကိုယ် share ချင်တဲ့သူတွေကိုပဲ share လို့ရတဲ့အတွက် ဖေ့စ်ဘုတ်ခ်ထက် privacy ပိုကောင်း ပါတယ်။ကိုယ့်စိတ်ကြိုက်အုပ်စုလေးတွေဖွဲ့ပြီး share ချင်တဲ့သူကိုပဲ share လို့ရတဲ့ circle ဆိုတဲ့ feacture ပါဝင်ပါတယ်။ ဥပမာ သူငယ်ချင်းဆို friend ထဲဆွဲထည့်လိုက်ရုံနဲ့အလွယ်တကူ ရပါတယ်။ Hangout ကတော့ လူအများကြီး အပြိုင် video chat လို့ရတဲ့ feacture ပါပါတယ်။ video chat သုံးမယ်ဆိုရင်တော့ ပေးထားတဲ့ plug in ကိုဒေါင်းလုပ်ဒ်ဆွဲပေး ရမှာပါ။ Spark ဆိုတဲ့ feacture က ကိုယ်နှစ်သက်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေကို ပြပေးမှာပါ။ +1 ကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ like နဲ့ ဆင်တူပြီး Google Search ကနေ ဝက်ဘ်ဆိုက်တွေရှာရင် အဲသည် ဝက်ဘ်ဆိုက် တွေဘေးမှာ +1 ဆိုတဲ့ သင်္ကေတလေးတွေ ဂူဂဲလ်က ဖြည့်စွက်ပေးထားပါတယ်။

ဝက်ဘ်ဆိုက်တွေကိုလည်း +1 ကိုနှိပ်ခြင်းအားဖြင့် like လုပ်တယ်လို့ ယူဆရမှာပါ။ ဖေ့စ်ဘုတ်ခ် မှာဆို ကိုယ့်ရဲ့အကောင့်တစ်ခုလုံးကို ဖျက်ချင်ရင် Privacy Settingy ထဲက deactivate Account မှာ ဝင်ပြင်ရ ပါတယ်။ ပြင်ပြီးသုံးရက်အတွင်း ဖေ့စ်ဘုတ်ခ် အကောင့်ကို Log in မဝင်ဘဲနေမှ အကောင့်က ပျက်သွားမှာပါ။ Google Plus မှာတော့ Quite ဆိုတဲ့ feacture မှာ ဝင်ပြင်လိုက်ရင် အကောင့်ကို အလွယ်တကူ ဖျက်ပေးမှာပါ။

‘Google + ရဲ့ နောက်ထပ်အားသာချက်တစ်ခုက ဂျီမေးလ်မှာ Log in ဝင်လိုက်တာနဲ့ Google + ကို Tab တစ်ခုခေါ်ပြီး ဝင်လို့ရတယ်။ နောက်ထပ် Log in ဝင်စရာမလိုတော့ဘူး။ Google + မှာတင်ထားတဲ့ ကိုယ့်ရဲ့ profile ပုံတွေ၊ Notification တွေလဲ ဂျီမေးလ်ကနေကြည့်လို့ရတယ်’လို့ ပြောပါတယ်။

အောက်မှာ တဆင့်ခြင်း ၀င်ပုံ၀င်နည်းကို ပုံနှင့်တကွ ပြထားပါသည် -
https://plus.google.com/
သွားပါ













POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection