Google Plus အား ၀င်ရောက်အသုံး ပြုနည်း(Update)


Google Plus အား ၀င်ရောက်အသုံးပြုနည်း

Google Plus အားစတင်လေ့လာကြည့်ခြင်း

လူတိုင်းလဲစိတ်၀င်စားမယ်လို့ထင်တဲ့ Google Plus ထွက်နေတယ်ဆိုတာသာ သိပြီး ခုချိန်ထိမသုံး ဖြစ်သေး တဲ့ သူများပါ အလွယ်တကူ အသုံးပြုဖြစ်သွားအောင် Google Plus ကိုဘယ်လိုစပြီး၀င်ရောက်ရမယ် ဘယ်လိုအသုံး ပြုရမယ်ဆိုတာကို ကျွန်တော် လေ့လာ မိသလောက်ပြန်ပြီးတော့ မျှဝေပေးသွားချင်ပါတယ်..။

Google Plus ဆိုတာဘာလဲ
Google Plus အကြောင်းကို အခုအချိန် လောက် ဆိုရင်တော့ တော်တော်များများလဲ လူတွေ သိနေ လောက်ပြီ လို့ထင်ပါတယ်။ ကျွန်တော် အများကြီး အတွင်းကျကျ မသိဘူး ပေါ့ သိသ လောက် ကို သူငယ်ချင်း အားလုံး ကို ပြန်ပြီး Share လုပ်ပေးချင် လို့ပါ။ 

အွန်လိုင်းမှာတင်ထားရေးသားထားတဲ့ အချက်အလက် တွေအား ပြန်လည်ဝေငှာ ပေးရန် အလွယ်တကူ Register လုပ်နိုင်ရန် သိသင့်တာ တွေကိုပြန်လည်တင် ပေးထား တာပါ။

Google Plus
ဆိုတာ ဘာလဲဆိုတော့ ယခု ကျွန်တော့်တို့ ခေတ်အစားဆုံး Social Network တစ်ခုဖြစ်တဲ့ Facebook ကိုစိန်ခေါ်ဖို့အတွက် Google ကနေအသစ်ထပ်မံ ထွက်ပေါ်လာတဲ့ Project တစ်ခုဖြစ်ပါတယ်။ 28 June 2011 မှာ Google Plus ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး နှစ်ပါတ်အတွင်းမှာ အသုံးပြုသူဦးရေ ၁၀ မီလီယံ အထိ ရှိခဲ့ပါတယ်။ တစ်ကမာ္ဘလုံး ရဲ့စိတ်၀င်စားမှုကိုခံခဲ့ရတယ် ဆိုရင်လဲ မမှားနိုင် ပါဘူးပေါ့။ အခုအချိန်မှာတော့ အသုံးပြုသူ 30 မီလီယံ အထိရှိ လာပြီဖြစ် ပါတယ်။ Google + မှာဘာသာစကား ၄၀ ကျော်ကိုလဲထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ Google ဟာသူရဲ့ Project အသစ်ကို တဖြည်းဖြည်း အရှိန်အဟုန်မြင့်လာနေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ပြီးခဲ့တဲ့ August 11 ရက်နေ့ကဆိုရင်လဲ Social Gaming တွေကိုထပ်မံထည့် သွင်းပေးခဲ့ ပါတယ်။ ယခုအချိန်မှာ Google Plus ဟာစမ်းသပ်စဲ “limited” trial အဆင့်မှာပဲ ရှိသေးတာ ဖြစ်တဲ့ အတွက်အသုံး ပြုချင် သူတွေအနေနဲ့ Registration လုပ်မယ်ဆိုရင် Invitation ရှိမှသာပြုလုပ် နိုင်မှာ ဖြစ်ပါ တယ်။ဆိုလိုချင်တာကတော့ ကျွန်တော်တို့က Google Plus မှာ Registration လုပ်မယ်ဆိုရင် မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက် ယောက်ကနေပြီးမိမိရဲ့ G-Mail အကောင့် ကို Invite လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာကျွန်တော်တို့အနေနဲ့ Google+ ကို Register လုပ်ပြီး၀င်ရောက်နိုင် မှာဖြစ် ပါတယ်။ ဒါကတော့ Google Plus နဲ့ပါတ်သတ်တဲ့ အကြမ်း မျဉ်း ကျွန်တော်သိသလောက်မိတ်ဆက်ပြောပြခြင်းပါ။
သူမှာပါ၀င်တဲ့ အသုံးပြုလို့ရမယ့် Feature တွေ ဖွဲ့စည်းပုံတွေကိုတော့ အောက်မှာအဆင့်လိုက်ဆက်ပြီး ရှင်းပြ ပေးသွား ပါမယ်။

 Google Plus အား Register ပြုလုပ်နည်း

ကဲအရင်ဆုံး Google Plus ကို Regiser လုပ်ပြီး၀င်ရောက်နိုင်ဖို့ကြိုးစားကြည့်ရအောင်ဗျာ..

ပထမအရင်ဆုံး မိမိဂျီးမေးလ်အကောက်ကိုဖွင့်ထားပေးပါ။ Google Plus ကို Register လုပ်ဖို့အတွက် ကျွန်တော် ဒီမှာ ပေးထားတဲ့ လင့်လေး ကိုနိုပ်လိုက်ပါ။ ( Click Here )

အထက်ကလင့်ကို နှိပ်ပြီးပြီဆိုရင်တော့ သူကအောက်ကပုံလေးအတိုင်းပြနေပါလိမ့်မယ်..


ပေးထားတဲ့အတိုင်း မိမိ အသုံးပြုလိုသည့် နာမည်များပြည့်စုံမှန်ကန်စွာ ဖြည့်လိုက်ပါ။ Add photo ကိုနှိပ်ပြီး မိမိတင်ချင် လိုသည့် ဓါတ်ပုံ တင်ပေးပါ။ ပြီးရင် Join ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Register လုပ်ခွင့် ရသွားပါလိမ့်မယ်။ အရမ်းကိုလွယ်ကူ ပါတယ်။

ကဲဒါဆိုရင်တော့ Google Plus စာမျက်နှာတစ်ခုကို သူငယ်ချင်း ပိုင်ဆိုင် သွားပြီဖြစ်ပါတယ်။

ဒီမှာ Register လုပ်ရန် လင့်လေးနော် -









POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection